နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဒေါက်တာအရှင်ကုမာရာဘိဝံသ ပျံလွန်တော်မူ
မျိုးကြီး (NP News) - မေ ၂၆
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဒေါက်တာအရှင်ကုမာရာဘိဝံသသည် ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဗန်းမော်ဆရာတော်ကြီးသည် ယမန်နေ့(မေ ၂၅ ရက်) ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူသွားခဲ့ကြောင်း ၎င်း၏ တပည့်သံဃာများက အသိပေးမိန့်ကြားထားသည်။
ဒေါက်တာအရှင်ကုမာရာဘိဝံသသည် မန္တလေးမြို့ရှိ ဗန်းမော်ကျောင်းတိုက်တွင် ပျံလွန်မူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ ပျံလွန်တော်မူချိန်၌ သက်တော်မှာ (၉၅)နှစ်ရှိပြီဖြစ်ကာ ဝါတော်မှာ (၇၅)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူသွားခြင်းအပေါ် ဆရာတော်ကြီး၏ တပည့်သံဃာများနှင့် လူအများအပြားက ဝမ်းနည်းပူဆွေးရကြောင်း ထုတ်ဖော်ပြောဆိုနေလျက်ရှိသည်။
ထို့ပြင် ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်နန်းစံမြန်းတော်မူသွားခြင်းသည် သာသနာတော်အတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ဝမ်းနည်းမိကြောင်း သံဃာတစ်ပါးမှ အသိပေးမိန့်ကြားထားသည်။
ဒေါက်တာအရှင်ကုမာရာဘိဝံသသည် ပြီးခဲ့သော မတ်လ ၂၅ ရက်တွင် ကျန်းမာရေးအခြေအနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံသို့ ကြွရောက်ကာ ဆေးကုသမှုခံယူခဲ့သေးသည်။
ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လည်ကြွချီကာ မန္တလေးပြည်သူ့ဆေးရုံ၌ ထပ်မံဆေးကုမှု ခံယူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပျံတော်လွန်မူခဲ့ခြင်းဖြစ်သည်။
ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရဘဲရွာဇာတိသားဖြစ်ပြီး အသက် (၁၄)နှစ်အရွယ်မှ စတင်ကာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်ဆရာတော်ဘုရားကြီးသည် ရဟန်းရှင်လူပြည်သူများ၏ ယုံကြည်လေးစားမှုကို ရရှိထားသော သံဃာတော်တစ်ပါးဖြစ်ပြီး နိုင်ငံတော်က ပေးအပ်ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်အများအပြားကို ရရှိထားသည့် ဆရာတော်တစ်ပါးဖြစ်သည်။
Zawgyi Version;
ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒၊ ဗန္းေမာ္ဆရာေတာ္ေဒါက္တာအရွင္ကုမာရာဘိဝံသ ပ်ံလြန္ေတာ္မူ
မ်ိဳးႀကီး (NP News) - ေမ ၂၆
ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒၊ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာအရွင္ကုမာရာဘိဝံသသည္ ပ်ံလြန္ေတာ္မူသြားၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ဗန္းေမာ္ဆရာေတာ္ႀကီးသည္ ယမန္ေန႔(ေမ ၂၅ ရက္) ည ၁၁ နာရီ ၁၁ မိနစ္အခ်ိန္တြင္ ဘဝနတ္နန္းစံျမန္းေတာ္မူသြားခဲ့ေၾကာင္း ၎၏ တပည့္သံဃာမ်ားက အသိေပးမိန႔္ၾကားထားသည္။
ေဒါက္တာအရွင္ကုမာရာဘိဝံသသည္ မႏၲေလးၿမိဳ႕ရွိ ဗန္းေမာ္ေက်ာင္းတိုက္တြင္ ပ်ံလြန္မူခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး၊ ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္မွာ (၉၅)ႏွစ္ရွိၿပီျဖစ္ကာ ဝါေတာ္မွာ (၇၅)ဝါ ရွိၿပီျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ဗန္းေမာ္ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူသြားျခင္းအေပၚ ဆရာေတာ္ႀကီး၏ တပည့္သံဃာမ်ားႏွင့္ လူအမ်ားအျပားက ဝမ္းနည္းပူေဆြးရေၾကာင္း ထုတ္ေဖာ္ေျပာဆိုေနလ်က္ရွိသည္။
ထို႔ျပင္ ေက်းဇူးေတာ္ရွင္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး ဘဝနတ္နန္းစံျမန္းေတာ္မူသြားျခင္းသည္ သာသနာေတာ္အတြက္ အစားထိုးမရသည့္ ဆုံးရႈံးမႈျဖစ္သည့္အတြက္ ဝမ္းနည္းမိေၾကာင္း သံဃာတစ္ပါးမွ အသိေပးမိန႔္ၾကားထားသည္။
ေဒါက္တာအရွင္ကုမာရာဘိဝံသသည္ ၿပီးခဲ့ေသာ မတ္လ ၂၅ ရက္တြင္ က်န္းမာေရးအေျခအေန ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ေဆး႐ုံသို႔ ႂကြေရာက္ကာ ေဆးကုသမႈခံယူခဲ့ေသးသည္။
ထို႔ေနာက္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ႂကြခ်ီကာ မႏၲေလးျပည္သူ႔ေဆး႐ုံ၌ ထပ္မံေဆးကုမႈ ခံယူခဲ့ၿပီးေနာက္ပိုင္း ယခုကဲ့သို႔ ပ်ံေတာ္လြန္မူခဲ့ျခင္းျဖစ္သည္။
ဆရာေတာ္ႀကီးသည္ မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္၊ ရဘဲ႐ြာဇာတိသားျဖစ္ၿပီး အသက္ (၁၄)ႏွစ္အ႐ြယ္မွ စတင္ကာ သာသနာ့ေဘာင္သို႔ ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးသည္ ရဟန္းရွင္လူျပည္သူမ်ား၏ ယုံၾကည္ေလးစားမႈကို ရရွိထားေသာ သံဃာေတာ္တစ္ပါးျဖစ္ၿပီး ႏိုင္ငံေတာ္က ေပးအပ္ခ်ီးျမႇင့္သည့္ သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္အမ်ားအျပားကို ရရွိထားသည့္ ဆရာေတာ္တစ္ပါးျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသား ကိုယ်ဝန်သည်အမျိုးသမီးကို အရေးပေါ်မီးဖွားနိုင်ရန်ကူညီပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြော