အခြေခံပညာကျောင်းများ၌ နှစ်ရက်တာကာလအတွင်း ကျောင်းသား/သူ (၄)သန်းကျော် ကျောင်းအပ်နှံ
စော (NP News) - မေ ၂၅
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ နှစ်ရက်တာကာလအတွင်း ကျောင်းသား၊ကျောင်းသူ (၄)သန်းကျော် လာရောက်ကျောင်းအပ်နှံထားကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။
ကျောင်းအပ်နှံရေး ပထမဆုံးရက်ဖြစ်သည့် မေလ(၂၃)ရက်တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ (၁၃၄၃ဝ၃၇)ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အလားတူ ဒုတိယရက်ဖြစ်သည့် ယမန်နေ့ (မေလ ၂၄ ရက်)တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌လည်း လာရောက် ကျောင်းအပ်နှံသူဦးရေ (၂၇၃ဝ၃၂၃) ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းအပ်လက်ခံသည့် နှစ်ရက်တာကာလအတွင်း လာရောက်အပ်နှံသည့် ကျောင်းသားဦးရေသည် (၄)သန်းကျော်ထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ကျောင်းများကို ဇွန်လ(၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်းများကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကျောင်းများတွင် သင်ကြားသင်ယူမှု ပိုမိုထိရောက်အောင်မြင်စေရန် သင်ထောက်ကူ ပစ္စည်းများကိုလည်း ပညာရေးဝန်ကြီးဌာနမှ နှစ်စဉ်ပံ့ပိုးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
အေျခခံပညာေက်ာင္းမ်ား၌ ႏွစ္ရက္တာကာလအတြင္း ေက်ာင္းသား/သူ (၄)သန္းေက်ာ္ ေက်ာင္းအပ္ႏွံ
ေစာ (NP News) - ေမ ၂၅
၂ဝ၂၃-၂ဝ၂၄ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ား၌ ႏွစ္ရက္တာကာလအတြင္း ေက်ာင္းသား၊ေက်ာင္းသူ (၄)သန္းေက်ာ္ လာေရာက္ေက်ာင္းအပ္ႏွံထားေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ေက်ာင္းအပ္ႏွံေရး ပထမဆုံးရက္ျဖစ္သည့္ ေမလ(၂၃)ရက္တြင္ တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ အေျခခံ ပညာေက်ာင္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၌ ေက်ာင္းအပ္ႏွံသူဦးေရ (၁၃၄၃ဝ၃၇)ဦးရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အလားတူ ဒုတိယရက္ျဖစ္သည့္ ယမန္ေန႔ (ေမလ ၂၄ ရက္)တြင္ တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ အေျခခံ ပညာေက်ာင္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၌လည္း လာေရာက္ ေက်ာင္းအပ္ႏွံသူဦးေရ (၂၇၃ဝ၃၂၃) ဦးရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေက်ာင္းအပ္လက္ခံသည့္ ႏွစ္ရက္တာကာလအတြင္း လာေရာက္အပ္ႏွံသည့္ ေက်ာင္းသားဦးေရသည္ (၄)သန္းေက်ာ္ထိရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
ေက်ာင္းမ်ားကို ဇြန္လ(၁)ရက္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး ေက်ာင္းအပ္ႏွံျခင္းမ်ားကို ေမလ(၂၃)ရက္မွ ေမလ(၃၁)ရက္အထိ လက္ခံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ပညာေရးဝန္ႀကီးဌာနမွ ေက်ာင္းအပ္ႏွံသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စာေရးကိရိယာမ်ားႏွင့္ ေက်ာင္းသုံးစာအုပ္မ်ားကိုလည္း တစ္ပါတည္း ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေက်ာင္းမ်ားတြင္ သင္ၾကားသင္ယူမႈ ပိုမိုထိေရာက္ေအာင္ျမင္ေစရန္ သင္ေထာက္ကူ ပစၥည္းမ်ားကိုလည္း ပညာေရးဝန္ႀကီးဌာနမွ ႏွစ္စဥ္ပံ့ပိုးေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံမှာ နေ့စဉ်အနိမ့်ဆုံးလုပ်ခလစာ တိုးမြင့်စေဖို့ ချက်ချင်းမဖြစ်နိုင်ပေမယ့် စဉ်းစားလုပ်ဆောင်မှာဖြစ်ကြောင်း Move Forward ပါတီခေါင်းဆောင်ပြေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း