အာဏာရှင်မျိုးစုံကို သေနတ်ဖြင့် တော်လှန်၍မရဘဲ ပညာဖြင့်သာ တော်လှန်ရမည်ဟု ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ဆရာတော် တိုက်တွန်း
မျိုးကြီး (NP News) - မေ ၂၅
အာဏာရှင်မျိုးစုံကို သေနတ်ဖြင့် တော်လှန်၍ မရဘဲ ပညာဖြင့်သာ တော်လှန်ရမည်ဟု ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်၊ IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတက တိုက်တွန်းထားသည်။
ယနေ့ (မေလ ၂၅ ရက်)တွင် စစ်ကိုင်းတိုင်း၊ IBEC ကျောင်းတိုက်၌ ပြုလုပ်သည့် ကျောင်းဖွင့်ပွဲအခမ်း အနားတွင် ဆရာတော် ဒေါက်တာအရှင်သောဘိတက အထက်ပါကဲ့သို့ တိုက်တွန်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။
ကြောက်ခေတ်ကို မှောက်ပစ်ရန်အတွက် ပညာသင်ယူရန် လိုအပ်ကြောင်း IBEC ဆရာတော်က မိန့်ကြားထားသည်။
“ကြောက်ခေတ်ကို မှောက်ပစ်ဖို့ မင်းတို့ ပညာသင်ဖို့လိုသလို အာဏာရှင်စနစ် အဆက်ဆက်ကို၊ အာဏာ ရှင်မျိုးစုံကို တော်လှန်နိုင်ဖို့ရာအတွက်က သေနတ်နဲ့တော်လှန်လို့မရဘူး။ ဘာနဲ့တော်လှန်ရမလဲဆိုရင် ပညာတံခါးတွေနဲ့ တော်လှန်ရမယ်။ အာဏာရှင်အမျိုးမျိုးရဲ့ လက်အောက်က လွတ်မြောက်ဖို့ ကျောင်းတံခါးတွေ ဖွင့်ဖို့လိုတယ်။ စာသင်ကျောင်းဆိုတာမျိုးကို ဘယ်လိုလက်နက်ကိုင်အဖွဲ့အစည်းကမှ လာရောက်ထိပါးခြင်း၊ နှောက်ယှက်ခြင်း၊ ဖျက်ဆီးခြင်း မပြုရဘူး” ဟု ဒေါက်တာ အရှင်သောဘိတက မိန့်ကြားထားသည်။
လက်ရှိတွင် အတ္တကြီးသည့် လူပုဂ္ဂိုလ်များကြောင့် စစ်ပွဲနှင့် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပြီး ၎င်းပဋိပက္ခများ ချုပ်ငြိမ်းစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် ယခု ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၌ ကျောင်း သား၊ ကျောင်းသူပေါင်း (၃ဝဝဝ)ကျော် တက်ရောက်ကာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
zawgyi version
အာဏာရွင္မ်ိဳးစုံကို ေသနတ္ျဖင့္ ေတာ္လွန္၍မရဘဲ ပညာျဖင့္သာ ေတာ္လွန္ရမည္ဟု ကမာၻ႔ၿငိမ္းခ်မ္းေရးသံတမန္ဆရာေတာ္ တိုက္တြန္း
မ်ိဳးႀကီး (NP News) - ေမ ၂၅
အာဏာရွင္မ်ိဳးစုံကို ေသနတ္ျဖင့္ ေတာ္လွန္၍ မရဘဲ ပညာျဖင့္သာ ေတာ္လွန္ရမည္ဟု ကမာၻ႔ၿငိမ္းခ်မ္းေရးသံတမန္၊ IBEC ဆရာေတာ္ ေဒါက္တာအရွင္ေသာဘိတက တိုက္တြန္းထားသည္။
ယေန႔ (ေမလ ၂၅ ရက္)တြင္ စစ္ကိုင္းတိုင္း၊ IBEC ေက်ာင္းတိုက္၌ ျပဳလုပ္သည့္ ေက်ာင္းဖြင့္ပြဲအခမ္း အနားတြင္ ဆရာေတာ္ ေဒါက္တာအရွင္ေသာဘိတက အထက္ပါကဲ့သို႔ တိုက္တြန္းမိန႔္ၾကားခဲ့ျခင္းျဖစ္သည္။
ေၾကာက္ေခတ္ကို ေမွာက္ပစ္ရန္အတြက္ ပညာသင္ယူရန္ လိုအပ္ေၾကာင္း IBEC ဆရာေတာ္က မိန႔္ၾကားထားသည္။
“ေၾကာက္ေခတ္ကို ေမွာက္ပစ္ဖို႔ မင္းတို႔ ပညာသင္ဖို႔လိုသလို အာဏာရွင္စနစ္ အဆက္ဆက္ကို၊ အာဏာ ရွင္မ်ိဳးစုံကို ေတာ္လွန္ႏိုင္ဖို႔ရာအတြက္က ေသနတ္နဲ႔ေတာ္လွန္လို႔မရဘူး။ ဘာနဲ႔ေတာ္လွန္ရမလဲဆိုရင္ ပညာတံခါးေတြနဲ႔ ေတာ္လွန္ရမယ္။ အာဏာရွင္အမ်ိဳးမ်ိဳးရဲ႕ လက္ေအာက္က လြတ္ေျမာက္ဖို႔ ေက်ာင္းတံခါးေတြ ဖြင့္ဖို႔လိုတယ္။ စာသင္ေက်ာင္းဆိုတာမ်ိဳးကို ဘယ္လိုလက္နက္ကိုင္အဖြဲ႕အစည္းကမွ လာေရာက္ထိပါးျခင္း၊ ေႏွာက္ယွက္ျခင္း၊ ဖ်က္ဆီးျခင္း မျပဳရဘူး” ဟု ေဒါက္တာ အရွင္ေသာဘိတက မိန႔္ၾကားထားသည္။
လက္ရွိတြင္ အတၱႀကီးသည့္ လူပုဂၢိဳလ္မ်ားေၾကာင့္ စစ္ပြဲႏွင့္ ပဋိပကၡမ်ား ျဖစ္ပြားလ်က္ရွိၿပီး ၎ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေစရန္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ပညာသင္ၾကားရန္ လိုအပ္ေၾကာင္းလည္း ၎က ဆက္လက္မိန႔္ၾကားခဲ့သည္။
အျပည္ျပည္ဆိုင္ရာဗုဒၶဘာသာပညာေရးစင္တာ(IBEC)တြင္ ယခု ၂ဝ၂၃-၂ဝ၂၄ ပညာသင္ႏွစ္၌ ေက်ာင္း သား၊ ေက်ာင္းသူေပါင္း (၃ဝဝဝ)ေက်ာ္ တက္ေရာက္ကာ ပညာသင္ယူလ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ သခင်မြပန်းခြံအတွင်း ဗုံး(၂)လုံးပေါက်ကွဲခဲ့သည့်အပြင် မပေါက်ကွဲသေးသော လက်လုပ်ဗုံး(၂)လုံးပါ ထပ်မံတွေ့ရှိ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း