လာမည့်ရက်ပိုင်းအတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ လေပြင်းတိုက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလအသိပေး
ယွန်း (NP News) - မေ ၂၅
လာမည့်ရက်ပိုင်းအတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ လေပြင်းတိုက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှ အသိပေး ထုတ်ပြန် ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ(၂၄)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်များ၏ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “မဝါ”မှ ပြတ်ထွက်လာသော တိမ် တိုက်များကြောင့် လာမည့် မေလ (၂၈)ရက်မှ (၃ဝ)ရက်အတွင်း နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင် နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှဆိုထားသည်။
အလားတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းကျရောက်၍ လှိုင်းကြီးနိုင်ကြောင်း သိရသည်။
zawgyi version
လာမည့္ရက္ပိုင္းအတြင္း ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္အသီးသီး၌ ေလျပင္းတိုက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလအသိေပး
ယြန္း (NP News) - ေမ ၂၅
လာမည့္ရက္ပိုင္းအတြင္း ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္အသီးသီး၌ ေလျပင္းတိုက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလမွ အသိေပး ထုတ္ျပန္ ထားသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ေမလ(၂၄)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အေရွ႕ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္ လည္းေကာင္း၊ အပူပ်ံတက္တိမ္မ်ား၏ ျဖစ္ထြန္းမႈအားေကာင္းျခင္းေၾကာင့္လည္းေကာင္း ျမန္မာႏိုင္ငံရွိ တိုင္းႏွင့္ ျပည္နယ္အသီးသီးတြင္ မိုး႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ဖိလစ္ပိုင္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ တိုင္ဖြန္းမုန္တိုင္း “မဝါ”မွ ျပတ္ထြက္လာေသာ တိမ္ တိုက္မ်ားေၾကာင့္ လာမည့္ ေမလ (၂၈)ရက္မွ (၃ဝ)ရက္အတြင္း ေနျပည္ေတာ္၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကယား၊ ကရင္ ႏွင့္ မြန္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ၿပီး ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလမွဆိုထားသည္။
အလားတူ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္လည္း မိုးသက္ေလျပင္းက်ေရာက္၍ လႈိင္းႀကီးႏိုင္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးတိုင်းရှိ (၁ဝဝ)မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် (Solar + Gas Engine Hybrid) ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု (၃ဝ)ရာခိုင်နှုန်းကျော်ပြီးစီး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ