နေတိုးအဖွဲ့က အာရှတိုက်တွင် ဩဇာလွှမ်းမိုးမှုကို ပိုမိုမြှင့်တင်ရန်ကြိုးပမ်းနေကြောင်း မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်
Pika (NP News) - မေ ၁၇
နေတိုးအဖွဲ့သည် အာရှတိုက်တွင် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ပိုမိုမြှင့်တင်ရန်ကြိုးပမ်းနေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံသည် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်ရန်အတွက် ပြီးခဲ့သည့်လတွင် နေတိုး ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ပြီးနောက် ဂျပန်နှင့်နေတိုးအဖွဲ့ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာခြင်းကို ကိုးကားပြီး မြောက်ကိုရီးယားဖက်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဂျပန်နိုင်ငံလေ့လာရေးသုတေသနစင်တာမှ အရာရှိ Kim Seol-hwa က အမေရိကန်သည် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့်ပူးပေါင်းကာ နေတိုးအဖွဲ့ကို အာရှတိုက်သို့ တဖြည်းဖြည်း တွန်းပို့နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၄င်းက "အမေရိကန်အနေနဲ့ အာရှ-ပစိဖိတ်ဒေသမှာ စစ်ရေးမဟာမိတ်ဖွဲ့ဖို့ကြိုးစားနေတာက လျှို့ဝှက်ချက်တစ်ခု ပါပဲ။ ဂျပန်နဲ့ နေတိုးအဖွဲ့ကြားက မကြာသေးမီက စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံတကာအသိုင်း အဝိုင်းမှာ စိုးရိမ်ပူပန်မှုတွေကို ပိုမိုတိုးမြင့်လာစေပါတယ်" ဟု ပြောဆိုခဲ့သည်။
ထို့အပြင် နေတိုးအဖွဲ့သည် ၎င်း၏ပထမဆုံးသော ဆက်ဆံရေးရုံးကို ဂျပန်တွင် ဖွင့်လှစ်ရန် ဆွေးနွေးနေပြီဖြစ် ကြောင်း Kim Seol-hwa က မကြာသေးမီက ပြောကြားခဲ့သည်။ နေတိုးအဖွဲ့သည် အဆိုပါရုံးကို ဒေသတွင်း အဓိက မိတ်ဖက်နိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ဖြင့် အချိန်အခါအလိုက် တိုင်ပင်ဆွေးနွေးမှုများလုပ်ဆောင်ရန် အသုံးပြုသွားနိုင်ဖွယ်ရှိကြောင်း Nikkei Asia သတင်းဌာန က ဖော်ပြခဲ့သည်။
Kim Seol-hwa က " ဂျပန်နဲ့ စစ်ရေးပူးပေါင်းမှုကနေတစ်ဆင့် အာရှ-ပစိဖိတ်ဒေသကို ဩဇာအာဏာလွှမ်းမိုးနိုင်ဖို့ နေတိုးအဖွဲ့ရဲ့ကြိုးပမ်းမှုတွေဟာ အန္တရာယ်ရှိတဲ့ အကောင်အထည်ဖော်မှုအဆင့်ကို ရောက်ရှိသွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသနေပါတယ်" ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လတွင် ဂျပန်သည် နေတိုးအဖွဲ့၏ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဌာနမှ အကြီးတန်းခေါင်းဆောင်များ နှင့်တွေ့ဆုံခဲ့ပြီး လက်ရှိစစ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုခိုင်မာသော မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ရန် အခွင့် အလမ်းကို ဆွေးနွေးရန် နှင့် အနာဂတ်တွင် ဂျပန်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများလုပ်မည့် အစီအစဥ်များ ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
Zawgyi Version;
ေနတိုးအဖြဲ႕က အာရွတိုက္တြင္ ဩဇာလႊမ္းမိုးမႈကို ပိုမိုျမႇင့္တင္ရန္ႀကိဳးပမ္းေနေၾကာင္း ေျမာက္ကိုရီးယားအစိုးရ ေဝဖန္ျပစ္တင္
Pika (NP News) - ေမ ၁၆
ေနတိုးအဖြဲ႕သည္ အာရွတိုက္တြင္ ၎၏ ဩဇာလႊမ္းမိုးမႈကို ပိုမိုျမႇင့္တင္ရန္ႀကိဳးပမ္းေနေၾကာင္း ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့သည္။
ဂ်ပန္ႏိုင္ငံသည္ လုံၿခဳံေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမင့္ရန္အတြက္ ၿပီးခဲ့သည့္လတြင္ ေနတိုး ကိုယ္စားလွယ္အဖြဲ႕ႏွင့္ေတြ႕ဆုံခဲ့ၿပီးေနာက္ ဂ်ပန္ႏွင့္ေနတိုးအဖြဲ႕ၾကား စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမင့္လာျခင္းကို ကိုးကားၿပီး ေျမာက္ကိုရီးယားဖက္က ယခုကဲ့သို႔ တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ဂ်ပန္ႏိုင္ငံေလ့လာေရးသုေတသနစင္တာမွ အရာရွိ Kim Seol-hwa က အေမရိကန္သည္ ေဒသတြင္းအင္အားႀကီးႏိုင္ငံမ်ားႏွင့္ပူးေပါင္းကာ ေနတိုးအဖြဲ႕ကို အာရွတိုက္သို႔ တျဖည္းျဖည္း တြန္းပို႔ေနျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
၄င္းက "အေမရိကန္အေနနဲ႔ အာရွ-ပစိဖိတ္ေဒသမွာ စစ္ေရးမဟာမိတ္ဖြဲ႕ဖို႔ႀကိဳးစားေနတာက လွ်ိဳ႕ဝွက္ခ်က္တစ္ခု ပါပဲ။ ဂ်ပန္နဲ႔ ေနတိုးအဖြဲ႕ၾကားက မၾကာေသးမီက စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ႏိုင္ငံတကာအသိုင္း အဝိုင္းမွာ စိုးရိမ္ပူပန္မႈေတြကို ပိုမိုတိုးျမင့္လာေစပါတယ္" ဟု ေျပာဆိုခဲ့သည္။
ထို႔အျပင္ ေနတိုးအဖြဲ႕သည္ ၎၏ပထမဆုံးေသာ ဆက္ဆံေရး႐ုံးကို ဂ်ပန္တြင္ ဖြင့္လွစ္ရန္ ေဆြးေႏြးေနၿပီျဖစ္ ေၾကာင္း Kim Seol-hwa က မၾကာေသးမီက ေျပာၾကားခဲ့သည္။ ေနတိုးအဖြဲ႕သည္ အဆိုပါ႐ုံးကို ေဒသတြင္း အဓိက မိတ္ဖက္ႏိုင္ငံမ်ားျဖစ္ေသာ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ဩစေၾတးလ်ႏွင့္ နယူးဇီလန္ႏိုင္ငံတို႔ျဖင့္ အခ်ိန္အခါအလိုက္ တိုင္ပင္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ အသုံးျပဳသြားႏိုင္ဖြယ္ရွိေၾကာင္း Nikkei Asia သတင္းဌာန က ေဖာ္ျပခဲ့သည္။
Kim Seol-hwa က " ဂ်ပန္နဲ႔ စစ္ေရးပူးေပါင္းမႈကေနတစ္ဆင့္ အာရွ-ပစိဖိတ္ေဒသကို ဩဇာအာဏာလႊမ္းမိုးႏိုင္ဖို႔ ေနတိုးအဖြဲ႕ရဲ႕ႀကိဳးပမ္းမႈေတြဟာ အႏၲရာယ္ရွိတဲ့ အေကာင္အထည္ေဖာ္မႈအဆင့္ကို ေရာက္ရွိသြားတယ္ဆိုတာကို ရွင္းရွင္းလင္းလင္းျပသေနပါတယ္" ဟု ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္လတြင္ ဂ်ပန္သည္ ေနတိုးအဖြဲ႕၏ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈဌာနမွ အႀကီးတန္းေခါင္းေဆာင္မ်ား ႏွင့္ေတြ႕ဆုံခဲ့ၿပီး လက္ရွိစစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ၊ ပိုမိုခိုင္မာေသာ မိတ္ဖက္ဆက္ဆံေရးကိုျမႇင့္တင္ရန္ အခြင့္ အလမ္းကို ေဆြးေႏြးရန္ ႏွင့္ အနာဂတ္တြင္ ဂ်ပန္တပ္ဖြဲ႕မ်ားႏွင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားလုပ္မည့္ အစီအစဥ္မ်ား ကို ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA အခြေခံမူ(၃)ချက်ကို စွဲကိုင်ကြိုးပမ်းနေခြင်းသည် မိမိအဖွဲ့နှင့်လူမျိုးအတွက် မဟုတ်ဘဲ လက်ရှိအကျပ်အတည်းနှင့် ငြိမ်းချမ်းရေးအတွက်ဟု စဝ်ခွန်းဆိုင်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ