Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိုကီနာဝါကျွန်းပေါ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို နှင်ထုတ်၊ ဖယ်ရှားဖို့ ဂျပန်ပြည်သူထောင်ချီ ဆန္ဒပြတောင်းဆို


ဂျန်ဇက် (NP News) - မေ ၁၅

ဂျပန်ပြည်သူထောင်ချီဟာ အိုကီနာဝါကျွန်းရှိ ကာဒီနာ လေတပ်အခြေစိုက်စခန်းနားမှာ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

ဂျပန်ပြည်သူတွေဟာ အိုကီနာဝါကျွန်းကို အမေရိကန်တပ်ဖွဲ့များ သိမ်းပိုက်ခြင်းကို ဆန့်ကျင်မှုအဖြစ် ဆန္ဒပြခဲ့ခြင်း ဖြစ်သလို အမေရိကန်တပ်ဖွဲ့တွေကို ကျွန်းအတွင်းကနေ နှင်ထုတ်သွားဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးပြီးတရုတ်ကို ရန်စသလိုမျိုး လုပ်ဆောင်နေရာ ဒေသအတွင်းတင်းမာမှုတွေ ဖြစ်ပွားလျက်ရှိနေချိန်မှာ ဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါကျွန်းမှာ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်နေတဲ့စခန်းများမှ ထုတ်လုပ်တဲ့ဓါတုပစ္စည်းများကြောင့် လေထု ညစ်ညမ်းမှုများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါကျွန်းပေါ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ကျူးလွန်မှုများကြောင့် ရာဇဝတ်မှုများမြင့်တက်နေသလို အဓမ္မပြုကျင့်မှုများ၊ လူသတ်မှုများ၊ ခိုးဆိုးမှုများ မြင့်တက် လျက်ရှိနေကြောင်းသိရပါတယ်။

အိုကီနာဝါကျွန်းရှိ အုပ်ချုပ်ရေးမှူး ဒန်နီတာမာကီက အဆိုပါကျွန်းပေါ်မှာ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်မှုများ ကိုလျော့ချဖို့ အမေရိကန်နဲ့ဂျပန်အစိုးရတို့ကို တိုက်တွန်းတောင်းဆိုထားကြောင်း သိရပါတယ်။ အဆိုပါကျွန်းပေါ်ရှိ နေရာအားလုံးရဲ့ ၇ဝ ရာခိုင်နှုန်းက အမေရိကန်စစ်ဘက်အခြေစိုက်စခန်းများဖြစ်ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ အမေရိကန်တို့ရဲ့စစ်ရေးလှုပ်ရှားမှုများ တိုးလာခြင်းတွေဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အားပြိုင် မှုတွေကြား အဓိကပြဿနာတစ်ရပ်ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က အိုကီနာဝါကျွန်းမှာ အမေရိကန်တပ်ဖွဲ့များနဲ့ ဂျပန်တပ်ဖွဲ့များကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ရာ အဲဒီလုပ်ရပ်က ပြိုင်ဘက်တရုတ်နိုင်ငံအပေါ် ရန်လိုမှုတွေ၊ ပြိုင်ဆိုင်မှုတွေ ပိုမိုဖြစ်စေဖို့ ရည်ရွယ်ခြင်းမျိုးဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့ကလည်း ဂျပန်နိုင်ငံတိုကျိုမြို့မှာ ရုံးတစ်ရုံး ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိနေ ကြောင်း သိရပါတယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ရန်လိုမှုတွေ၊ အားပြိုင်မှုတွေမှဆင့် စစ်ပွဲဖြစ်လာမယ်ဆိုရင် အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ စစ်အခြေစိုက်စခန်းများကို အသုံးပြုဖွယ်ရှိနေရာ ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ လက်တုံ့ပြန်ခံရမယ့်အလားလာများနဲ့ ရင်ဆိုင်နေရကြောင်းသိရပါတယ်။

အိုကီနာဝါကျွန်းဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတည်းက အမေရိကန်တပ်ဖွဲ့တွေရဲ့ အဓိကမဟာဗျူဟာမြောက် နေရာအဖြစ် ရှိနေခဲ့ပြီး ကျွန်းအပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ဦးရေ ၂၆ဝဝဝ ကျော် ရှိနေတဲ့အပြင် အမေရိကန် စစ်အခြေစိုက်စခန်းပေါင်း ၁၃ ခုနဲ့ စစ်ရေးလေ့ကျင့်ခန်းနေရာပေါင်း ၄၈ ခုရှိနေပါတယ်။

Zawgyi Version;
ဂျန်ဇက် (NP News) - မေ ၁၅








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းညွှန်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ဖြူထိုင်းပါတီအပြင် အခြားပါတီငယ် လေးခုနဲ့ ပူးပေါင်းသွားမှာဖြစ်ကြောင်း အနိုင်ရပါတီဖြစ်တဲ့ Move Forward ပါတီခေါင်းဆောင်ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved