ရွေးကောက်ပွဲမှာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်တဲ့ပါတီများ ရှုံးနိမ့်ခဲ့ပြီး အတိုက်ခံပါတီများအနိုင်ရ
ဂျန်ဇက် (NP News) - မေ ၁၅
ထိုင်းနိုင်ငံမှာမေလ ၁၄ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ထိုင်းဗိုလ်ချုပ်ကြီးများ ဦးဆောင်နေတဲ့ ပါတီများရှုံးနိမ့်ခဲ့ပြီး အတိုက်ခံပါတီများ အနိုင်ရခဲ့ကြောင်းသိရပါတယ်။
ရွေးကောက်ပွဲမဲရလဒ်များကို မေလ ၁၅ ရက်၊ နံနက် ၁ နာရီခွဲအထိ ရေတွက်ပြီးချိန်အတွင်း ထိုင်း လူငယ်များ ဦးဆောင်နေတဲ့ Move Forward ပါတီ နဲ့ ဖြူထိုင်းပါတီတို့က ထိပ်ဆုံးမှာဦးဆောင်နေကြောင်း သိရပါတယ်။ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က ၎င်းအနေနဲ့ ပါတီအပေါ် ယုံကြည်မှုအပြည့်အဝရှိကာ မဲပေးခဲ့တဲ့ပြည်သူများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခဲ့ပါတယ်။
အဆိုပါ ပါတီဟာ ရွေးကောက်ပွဲမှာအနိုင်ရတဲ့အတွက် အစိုးရအဖွဲ့အသစ်ကို ဦးဆောင်ဖွဲ့စည်းခွင့်ရခဲ့ကြောင်းသိရပါတယ်။ Move Forward ပါတီခေါင်းဆောင်က" ချစ်လှစွာသော ပြည်သူများခင်ဗျား၊ ကျွန် တော်ဟာ ထိုင်းနိုင်ငံရဲ့ (၃ဝ)ဦးမြောက် ဝန်ကြီးချုပ်တာဝန်ကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ဟာ ထိုင်းပြည်သူတွေနဲ့ တူညီတဲ့အိမ်မက်တွေ၊ တူညီတဲ့မျှော်လင့်ချက်တွေရှိနေပါတယ်။ ထိုင်းနိုင်ငံကိုလက်ရှိထက် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအချိန်ကစတင်မယ်ဆိုရင် ထိုင်းနိုင်ငံကို အပြောင်းအလဲလုပ်ဖို့ ဖြစ်နိုင်ပါတယ်" လို့ပြောပါတယ်။
ထိုင်းနိုင်ငံရေးပါတီတွေဟာ အောက်လွှတ်တော်နေရာရှိ နေရာပေါင်း ၅ဝဝ ကို ယှဉ်ပြိုင်ခဲ့ရာမှာ Move Forward ပါတီက နေရာပေါင်း အနည်းဆုံး (၁၅၁)နေရာ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ဦးဆောင်နေတဲ့ ဖြူထိုင်းပါတီက (၁၄၁)နေရာ၊ ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul ဦးဆောင်တဲ့ Bhumjaithai ပါတီကနေရာပေါင်း (၇ဝ)၊ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းဖြစ်သလို လက်ရှိမှာ ထိုင်းဒုတိယဝန်ကြီးချုပ်အဖြစ်ဦးဆောင်နေတဲ့ ပရာဆစ်ဝေါင်ဆူဝမ်ရဲ့ ပလန်ပရာချာရက်ပါတီက နေရာပေါင်း (၄ဝ) နဲ့ ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်သလို ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေတဲ့ ပရာယွတ်ချန်အိုချာရဲ့ညီညွတ်သော ထိုင်းအမျိုးသားပါတီကနေရာပေါင်း (၃၆)နေရာအနိုင်ရခဲ့ကြောင်းသိရပါတယ်။
Chart Thai Pattana ပါတီနဲ့ Thai Liberal ပါတီတို့ဟာလည်း ထိုင်းအောက်လွှတ်တော်ရှိနေရာအချို့ကို အနိုင်ရခဲ့ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံမှာ လွှတ်တော်နှစ်ရပ်ရှိပြီး အောက်လွှတ်တော်ရဲ့ကိုယ်စားလှယ်များကို ပြည်သူများက ရွေးကောက်ပွဲမှတဆင့်ရွေးချယ်ကြပြီး အထက်လွှတ်တော်ရှိနေရာပေါင်း (၂၅ဝ)ကို ထိုင်းစစ်တပ်က ရွေးချယ်ကြောင်း သိရပါတယ်။
zawgyi version
ေ႐ြးေကာက္ပြဲမွာ ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းမ်ား ဦးေဆာင္တဲ့ပါတီမ်ား ရႈံးနိမ့္ခဲ့ၿပီး အတိုက္ခံပါတီမ်ားအႏိုင္ရ
ဂ်န္ဇက္ (NP News) - ေမ ၁၅
ထိုင္းႏိုင္ငံမွာေမလ ၁၄ ရက္က က်င္းပတဲ့ အေထြေထြေ႐ြးေကာက္ပြဲမွာ ထိုင္းဗိုလ္ခ်ဳပ္ႀကီးမ်ား ဦးေဆာင္ေနတဲ့ ပါတီမ်ားရႈံးနိမ့္ခဲ့ၿပီး အတိုက္ခံပါတီမ်ား အႏိုင္ရခဲ့ေၾကာင္းသိရပါတယ္။
ေ႐ြးေကာက္ပြဲမဲရလဒ္မ်ားကို ေမလ ၁၅ ရက္၊ နံနက္ ၁ နာရီခြဲအထိ ေရတြက္ၿပီးခ်ိန္အတြင္း ထိုင္း လူငယ္မ်ား ဦးေဆာင္ေနတဲ့ Move Forward ပါတီ နဲ႔ ျဖဴထိုင္းပါတီတို႔က ထိပ္ဆုံးမွာဦးေဆာင္ေနေၾကာင္း သိရပါတယ္။ Move Forward ပါတီေခါင္းေဆာင္ Pita Limjaroenrat က ၎အေနနဲ႔ ပါတီအေပၚ ယုံၾကည္မႈအျပည့္အဝရွိကာ မဲေပးခဲ့တဲ့ျပည္သူမ်ားကို ေက်းဇူးတင္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ခဲ့ပါတယ္။
အဆိုပါ ပါတီဟာ ေ႐ြးေကာက္ပြဲမွာအႏိုင္ရတဲ့အတြက္ အစိုးရအဖြဲ႕အသစ္ကို ဦးေဆာင္ဖြဲ႕စည္းခြင့္ရခဲ့ေၾကာင္းသိရပါတယ္။ Move Forward ပါတီေခါင္းေဆာင္က" ခ်စ္လွစြာေသာ ျပည္သူမ်ားခင္ဗ်ား၊ ကြၽန္ ေတာ္ဟာ ထိုင္းႏိုင္ငံရဲ႕ (၃ဝ)ဦးေျမာက္ ဝန္ႀကီးခ်ဳပ္တာဝန္ကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ကြၽန္ေတာ္တို႔ဟာ ထိုင္းျပည္သူေတြနဲ႔ တူညီတဲ့အိမ္မက္ေတြ၊ တူညီတဲ့ေမွ်ာ္လင့္ခ်က္ေတြရွိေနပါတယ္။ ထိုင္းႏိုင္ငံကိုလက္ရွိထက္ ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ လက္ရွိအခ်ိန္ကစတင္မယ္ဆိုရင္ ထိုင္းႏိုင္ငံကို အေျပာင္းအလဲလုပ္ဖို႔ ျဖစ္ႏိုင္ပါတယ္" လို႔ေျပာပါတယ္။
ထိုင္းႏိုင္ငံေရးပါတီေတြဟာ ေအာက္လႊတ္ေတာ္ေနရာရွိ ေနရာေပါင္း ၅ဝဝ ကို ယွဥ္ၿပိဳင္ခဲ့ရာမွာ Move Forward ပါတီက ေနရာေပါင္း အနည္းဆုံး (၁၅၁)ေနရာ၊ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးျဖစ္သူ ဦးေဆာင္ေနတဲ့ ျဖဴထိုင္းပါတီက (၁၄၁)ေနရာ၊ ထိုင္းက်န္းမာေရးဝန္ႀကီး Anutin Charnvirakul ဦးေဆာင္တဲ့ Bhumjaithai ပါတီကေနရာေပါင္း (၇ဝ)၊ ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းျဖစ္သလို လက္ရွိမွာ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ဦးေဆာင္ေနတဲ့ ပရာဆစ္ေဝါင္ဆူဝမ္ရဲ႕ ပလန္ပရာခ်ာရက္ပါတီက ေနရာေပါင္း (၄ဝ) နဲ႔ ထိုင္းစစ္အာဏာသိမ္းေခါင္းေဆာင္ျဖစ္သလို ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူေနတဲ့ ပရာယြတ္ခ်န္အိုခ်ာရဲ႕ညီၫြတ္ေသာ ထိုင္းအမ်ိဳးသားပါတီကေနရာေပါင္း (၃၆)ေနရာအႏိုင္ရခဲ့ေၾကာင္းသိရပါတယ္။
Chart Thai Pattana ပါတီနဲ႔ Thai Liberal ပါတီတို႔ဟာလည္း ထိုင္းေအာက္လႊတ္ေတာ္ရွိေနရာအခ်ိဳ႕ကို အႏိုင္ရခဲ့ေၾကာင္းသိရပါတယ္။ ထိုင္းႏိုင္ငံမွာ လႊတ္ေတာ္ႏွစ္ရပ္ရွိၿပီး ေအာက္လႊတ္ေတာ္ရဲ႕ကိုယ္စားလွယ္မ်ားကို ျပည္သူမ်ားက ေ႐ြးေကာက္ပြဲမွတဆင့္ေ႐ြးခ်ယ္ၾကၿပီး အထက္လႊတ္ေတာ္ရွိေနရာေပါင္း (၂၅ဝ)ကို ထိုင္းစစ္တပ္က ေ႐ြးခ်ယ္ေၾကာင္း သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျာမနီက ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ (၃) ဘီလျံနီးပါး ပေးအပ်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ