မန္တလေးတက္ကသိုလ်တွင် အသုံးချစိတ်ပညာဘွဲ့လွန်ဒီပလိုမာ(D.A.Psy) အချိန်ပိုင်းသင်တန်းအတွက် သင်တန်းသားများခေါ်ယူ
စော (NP News) - မေ ၁၄
ပညာရေးဝန်ကြီးဌာနမှ မန္တလေးတက္ကသိုလ်တွင် အသုံးချစိတ်ပညာဘွဲ့လွန်ဒီပလိုမာ (D.A.Psy)အချိန်ပိုင်းသင်တန်းအတွက် သင်တန်းသားများခေါ်ယူနေကြောင်း သိရသည်။
ဌာနမှူး-သင်တန်းရေးရာဦးစီးဌာန၊ မန္တလေးတက္ကသိုလ်က ယနေ့(မေလ ၁၄ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို လျှောက်ထားလိုသူများအနေဖြင့် အနိမ်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် အစိုးရလုပ်ငန်း(သို့မဟုတ်)အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသူဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက် လက်မှတ်ပါရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများသည် မန္တလေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် မေလ(၉)ရက် မှ (၂၃)ရက်အထိ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်း ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကို မေလ(၂၅)ရက်တွင် မန္တလေးတက္ကသိုလ်တွင် ကျင်းပမည်ဖြစ်ပြီး ဇွန်(၁)ရက်တွင် သင်တန်းစတင်ဖွင့်လှစ်မည်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
စော (NP News) - မေ ၁၄
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
IBEC ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများခေါ်ယူလျှက်ရှိ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း