ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာကို မြန်မာ- ရုရှားနှစ်နိုင်ငံ လက်မှတ်ရေးထိုး
ယွန်း (NP News) - မေ ၁၄
မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါစာချွန်လွှာကို ရုရှားနိုင်ငံတွင် မေလ(၁၁)ရက်မှ (၁၃)ရက်အတွင်း ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်တွင် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရမည့် စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လက်မှတ်ရေးထိုးရန် အဆိုပြုထားသည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများရှိကြောင်း သိရသည်။
အဆိုပါ စာချွန်လွှာများအနက် ဥပဒေရေးရာဝန်ကြီးဌာနသို့ အဆိုပြုထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ(၂)ခုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရေးဝန်ကြီး ဌာနတို့က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန၏ ၂ဝ၂ဝ- ၂ဝ၂၄ မဟာဗျူဟာစီမံကိန်းကို “တရားမျှတရေးအတွက် ဥပဒေရေးရာဝန်ဆောင်မှု” ခေါင်းစဥ်ဖြင့် ရည်မှန်းချက်(၅)ခုချမှတ်ကာ လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေ ရေးရာဖိုရမ်တွင် အသိပေးပြောဆိုခဲ့သည်။
၎င်းရည်မှန်းချက်များထဲတွင် ကမ္ဘာ့နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ခြင်းလည်း ပါဝင်ကြောင်း ဒေါက်တာသီတာဦးက ဆက်လက်ပြောဆိုထားသည်။
zawgyi version
ဥပေဒေရးရာကိစၥရပ္မ်ား ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ စာခြၽန္လႊာကို ျမန္မာ- ႐ုရွားႏွစ္ႏိုင္ငံ လက္မွတ္ေရးထိုး
ယြန္း (NP News) - ေမ ၁၄
ျမန္မာ- ႐ုရွား ႏွစ္ႏိုင္ငံအၾကား ဥပေဒေရးရာကိစၥရပ္မ်ား ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ စာခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
အဆိုပါစာခြၽန္လႊာကို ႐ုရွားႏိုင္ငံတြင္ ေမလ(၁၁)ရက္မွ (၁၃)ရက္အတြင္း က်င္းပခဲ့သည့္ (၁၁)ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ဥပေဒေရးရာဖိုရမ္တြင္ ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ ဥပေဒေရးရာဝန္ႀကီးဌာနႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ တရားေရးဝန္ႀကီးဌာနတို႔အၾကား ဥပေဒေရးရာကိစၥရပ္မ်ားကို ပူးေပါင္းေဆာင္႐ြက္ရမည့္ စာခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့ၾကသည္။
႐ုရွားႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ လက္မွတ္ေရးထိုးရန္ အဆိုျပဳထားသည့္ ပူးေပါင္းေဆာင္႐ြက္မႈ စာခြၽန္လႊာမ်ားရွိေၾကာင္း သိရသည္။
အဆိုပါ စာခြၽန္လႊာမ်ားအနက္ ဥပေဒေရးရာဝန္ႀကီးဌာနသို႔ အဆိုျပဳထားသည့္ ပူးေပါင္းေဆာင္႐ြက္မႈစာခြၽန္လႊာ(၂)ခုကို ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံေရွ႕ေနခ်ဳပ္႐ုံး ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတရားေရးဝန္ႀကီး ဌာနတို႔က လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ ဥပေဒေရးရာဝန္ႀကီးဌာန၏ ၂ဝ၂ဝ- ၂ဝ၂၄ မဟာဗ်ဴဟာစီမံကိန္းကို “တရားမွ်တေရးအတြက္ ဥပေဒေရးရာဝန္ေဆာင္မႈ” ေခါင္းစဥ္ျဖင့္ ရည္မွန္းခ်က္(၅)ခုခ်မွတ္ကာ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးက ဥပေဒ ေရးရာဖိုရမ္တြင္ အသိေပးေျပာဆိုခဲ့သည္။
၎ရည္မွန္းခ်က္မ်ားထဲတြင္ ကမာၻ႔ႏိုင္ငံမ်ား၊ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ ႐ြက္ျခင္းလည္း ပါဝင္ေၾကာင္း ေဒါက္တာသီတာဦးက ဆက္လက္ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိအချိန်က မြန်မာပြည်သူများအတွက် ခက်ခဲတဲ့အချိန်ဖြစ်နေပြီး ကူညီထောက်ပံ့ပေးမှုများ ပိုမိုလုပ်ဆောင်စေလိုကြောင်း ကုလသမဂ္ဂတိုက်တွန်းတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ