Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ရေးတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အားလုံးကို တန်းတူအခွင့်အရေးများပေးသင့်ဟုဆို

NP News - ဒီဇင်ဘာ ၂၈

ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ရေးတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အားလုံးကို တန်းတူအခွင့်အရေးများပေးသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှ သိရသည်။

ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တည်ဆောက်နေခြင်းဖြစ်ပြီး အိမ်ခန်းပေါင်း(၁ဝဝဝဝ) ပါဝင်၍ ပထမအဆင့်အနေ ဖြင့် အိမ်ခန်းပေါင်း(၅ဝဝဝ)ကျော်ကို ယခုဘဏ္ဍာနှစ် (၂ဝ၂၂- ၂ဝ၂၃)တွင် အပြီးတည် ဆောက်ရန် သက်ဆိုင်ရာဌာနများမှ လျာထားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းအား ဆောက်လုပ်ရေးလုပ်ငန်းရှင်များပါဝင်သည့် အသင်းများက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးနှင့် နေပြည်တော်တို့တွင် သတ်မှတ်လျာထားချက် အတိုင်းပြီးစီးခဲ့သော်လည်း ရန်ကုန်တွင် တည်ဆောက်ရန် (၃၅) ရာခိုင်နှုန်း ကျန်ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် တည်ဆောက်ရန် ကျန်ရှိနေသည့် (၃၅)ရာခိုင်နှုန်းအား ဆောက်လုပ်ရေးပစ္စည်းများ၏ဈေးနှုန်းကြီးမြင့်နေခြင်းကြောင့် ဆက်လက်ဆောက်လုပ်ရန် အခက်အခဲများရှိနေကြောင်းသိရသည်။

ထို့ကြောင့် အဆိုပါ တည်ဆောက်မှုအတွက် တစ်ပေပတ်လည်ဈေးနှုန်းကို မကြာသေးမီက သက်ဆိုင်ရာမှ တိုးမြှင့်ပေးလိုက်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အလားတူ လုပ်ငန်းများအား လျာထားချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်ခဲ့သည့်အသင်းများမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များတွင်လည်း နစ်နာမှုများရှိနေသည့်အတွက် တန်းတူအကျိုးခံစားခွင့်များပေးသင့်ကြောင်း ၎င်းမှဆိုသည်။

“ပြည်သူတွေကို သက်သက်သာသာ (၄)သောင်း၊ (၅)သောင်းနဲ့ နေရအောင်ဆောက်ခိုင်းတယ်။ ကျွန်တော်တို့က ဆောက်တယ်။ တစ်လုံးကို သိန်း(၁ဝဝဝ)နီးပါးရှုံးတယ်။ ရှုံးပေမယ့်လည်း ကျွန်တော်တို့က တာဝန်ပေးတော့ လုပ်ရတာပေါ့။ လုပ်ငန်းဆိုတာ ရှုံးတာလည်းရှိတယ်၊ မြတ်တာလည်းရှိတယ်။ ကျွန်တော်တို့ကတော့ အရှုံးခံပြီး လုပ်တယ်။ ဒါပေမယ့် အခုက အချိန်မီမပြီးတဲ့သူကို ဆုချသလိုဖြစ်နေတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ်၏ ပိုလျှံဘဏ္ဍာရန်ပုံငွေကျပ်(၁၃ဝ)ဘီလျံဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။


zawgyi version


NP News - ဒီဇင်ဘာ ၂၈









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီရန်ဆန္ဒပြပွဲများထဲတွင် ပါဝင်ခဲ့သူ အနည်းဆုံး(၁ဝဝ) ခန့် သေဒဏ်ပေးခံရဖွယ်ရှိနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved