သာကေတမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်၌ ငွေကျပ်သိန်း(၄ဝဝဝ)တန်းဖိုးရှိ ရွှေထည်များအား ဓါးပြတိုက်လုယက်မှုဖြစ်ပွား
NP News - မေ ၁၃
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်၌ ငွေကျပ်သိန်း(၄ဝဝဝ)တန်းဖိုးရှိ ရွှေထည်လက်ဝတ်ရတနာများ ဓါးပြတိုက်လုယက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(မေလ ၁၃ ရက်)၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ဧရာ ဝဏ်လမ်းပေါ်ရှိ ကြယ်စင်လင်းရတနာရွှေဆိုင်၌ ဓါးပြတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
အဆိုပါ ရွှေဆိုင်သို့ အဖြူရောင် Probox ကားဖြင့် အမျိုးသား(၄)ဦး ရောက်ရှိလာကာ သေနတ်အတိုဖြင့် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
ထိုသို့ သေနတ်ဖြင့် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ရွှေဆိုင်အတွင်းရှိ ရွှေထည်လက်ဝတ်ရတနာမျိုးစုံအား အမျိုးသား(၄)ဦးက လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ဆက် လက်ပြောသည်။
၎င်းကဲ့သို့ အမျိုးသား(၄)ဦးမှ ဓါးပြတိုက်လုယက်ခဲ့သည့် ရွှေထည်လက်ဝတ်ရတနာများ၏ တန်းဖိုးမှာ စုစုပေါင်း ငွေကျပ် သိန်း(၄ဝဝဝ)ခန့် တန်ဖိုးရှိကြောင်းလည်း ၎င်းက ထပ်မံပြောဆိုထားသည်။
လက်ရှိတွင် လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် အခင်းဖြစ်ပွားခဲ့သော ရွှေဆိုင်သို့ လာရောက်ကာ စုံစမ်းစစ် ဆေးမှုများပြုလုပ်ခဲ့ပြီး ဓါးပြတိုက်မှုကျူးလွန်သူများကို လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
zawgyi version
သာေကတၿမိဳ႕နယ္ရွိ ေ႐ႊဆိုင္တစ္ဆိုင္၌ ေငြက်ပ္သိန္း(၄ဝဝဝ)တန္းဖိုးရွိ ေ႐ႊထည္မ်ားအား ဓါးျပတိုက္လုယက္မႈျဖစ္ပြား
NP News - ေမ ၁၃
ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္ရွိ ေ႐ႊဆိုင္တစ္ဆိုင္၌ ေငြက်ပ္သိန္း(၄ဝဝဝ)တန္းဖိုးရွိ ေ႐ႊထည္လက္ဝတ္ရတနာမ်ား ဓါးျပတိုက္လုယက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေမလ ၁၃ ရက္)၊ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ သာေကတၿမိဳ႕နယ္၊ (၉)ရပ္ကြက္၊ ဧရာ ဝဏ္လမ္းေပၚရွိ ၾကယ္စင္လင္းရတနာေ႐ႊဆိုင္၌ ဓါးျပတိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။
အဆိုပါ ေ႐ႊဆိုင္သို႔ အျဖဴေရာင္ Probox ကားျဖင့္ အမ်ိဳးသား(၄)ဦး ေရာက္ရွိလာကာ ေသနတ္အတိုျဖင့္ ၿခိမ္းေျခာက္ေျပာဆိုမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။
ထိုသို႔ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ေျပာဆိုမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ေ႐ႊဆိုင္အတြင္းရွိ ေ႐ႊထည္လက္ဝတ္ရတနာမ်ိဳးစုံအား အမ်ိဳးသား(၄)ဦးက လုယက္ယူေဆာင္ကာ ထြက္ေျပးသြားခဲ့ေၾကာင္း ၎က ဆက္ လက္ေျပာသည္။
၎ကဲ့သို႔ အမ်ိဳးသား(၄)ဦးမွ ဓါးျပတိုက္လုယက္ခဲ့သည့္ ေ႐ႊထည္လက္ဝတ္ရတနာမ်ား၏ တန္းဖိုးမွာ စုစုေပါင္း ေငြက်ပ္ သိန္း(၄ဝဝဝ)ခန႔္ တန္ဖိုးရွိေၾကာင္းလည္း ၎က ထပ္မံေျပာဆိုထားသည္။
လက္ရွိတြင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ အခင္းျဖစ္ပြားခဲ့ေသာ ေ႐ႊဆိုင္သို႔ လာေရာက္ကာ စုံစမ္းစစ္ ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ဓါးျပတိုက္မႈက်ဴးလြန္သူမ်ားကို လိုက္လံရွာေဖြလ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတိုင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ကြီးများပြိုလဲမှုနှင့် ချောင်းရေလျှံမှုများဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း