Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံရဲ့ကြွေးမြီပြဿနာကို G-7 အဖွဲ့ဝင်နိုင်ငံများရဲ့ဘဏ္ဍာရေးဝန်ကြီးများ ဆွေးနွေးမယ်


ဂျန်ဇက် (NP News) - မေ ၁၁

မေလ ၁၁ ရက်မှာ စတင်မယ့် G-7 အဖွဲ့ဝင်နိုင်ငံများရဲ့ဘဏ္ဍာရေး ဝန်ကြီးများအစည်းအဝေးအတွင်း အမေရိကန်နိုင်ငံရဲ့ကြွေးမြီပြဿနာကို အဓိကထား ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။

ဗဟိုဘဏ်များဟာ ကမ္ဘာစီးပွားရေးနဲ့ပတ်သက်ပြီး ပျော့ပျောင်းတဲ့ချဉ်းကပ်လုပ်ဆောင်မှုများ ရှိနေချိန်မှာ အမေရိကန်နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုများ ပိုမိုဖြစ်ပွားလာမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံတွေထဲမှာ ပြည်ပကြွေးမြီပေါင်းအများဆုံးနိုင်ငံဖြစ်နေပြီး၊ ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ ထရီလီယံ ရှိနေကာ အပြည့်အဝ ပြန်ဆပ်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟာ ဂျာနက်ယက်လင်က ဂျပန်နိုင်ငံမှာကျင်းပမယ့် G-7 အဖွဲ့ဝင်နိုင်ငံများရဲ့ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးမှာ အမေရိကန် ရဲ့အကြွေးပြဿနာတွေနဲ့ ပတ်သက်ပြီး၊ အဖွဲ့ဝင်နိုင်ငံများရဲ့ မေးခွန်းထုတ်ခံရဖွယ်ရှိနေတယ်လို့ မျှော်လင့်နေပါတယ်။ အမေရိကန်နိုင်ငံအတွင်းရှိ ဘဏ်များပြိုလဲခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ ဘဏ္ဍာရေးဈေးကွက်အတွင်းအခက်အခဲများကို တားဆီးနိုင်အောင် ဘယ်လိုမျိုးလုပ်ဆောင် ထားသလဲဆိုတဲ့အချက်ကို G-7 အဖွဲ့ဝင်နိုင်ငံများက သိရှိလိုနေကြောင်း သိရပါတယ်။

အမေရိကန်ရဲ့အကြွေးပြဿနာတွေဟာ ဂျပန်နိုင်ငံအတွက် ခေါင်းခဲစရာဖြစ်လာနေပြီး ဂျပန်နိုင်ငံက အမေရိကန် နိုင်ငံထံမှ ရစရာအကြွေးအများဆုံးနိုင်ငံဖြစ်နေကြောင်း သိရပါတယ်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီး ကာဆာတိုကန်ဒါက G-7 အဖွဲ့ဝင်နိုင်ငံများရဲ့ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးအတွင်း အမေရိကန်နိုင်ငံရဲ့အကြွေးပြဿနာကို ဆွေးနွေးဖွယ်ရှိနေကြောင်း၊ အစည်းအဝေးပြီးဆုံးချိန်မှာ ထုတ်ပြန်မယ့် ပူးတွဲကြေညာချက်ထဲမှာ အမေရိကန်နိုင်ငံရဲ့ အကြွေးပြဿနာကို ထုတ်ပြန်ဖွယ်မရှိကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံ နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုနှုန်းများကို ထိန်းချုပ်နိုင်ဖို့ ပြည်တွင်းမှာ ဘဏ်အတိုးနှုန်းများ မြင့်တင်ပေးခဲ့ခြင်းနဲ့ပတ်သက်ပြီး G-7 အဖွဲ့ဝင်နိုင်ငံများရဲ့ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်အကြီးအကဲများ ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံရဲ႕ေႂကြးၿမီျပႆနာကို G-7 အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ဘ႑ာေရးဝန္ႀကီးမ်ား ေဆြးေႏြးမယ္
ဂ်န္ဇက္ (NP News) - ေမ ၁၁

ေမလ ၁၁ ရက္မွာ စတင္မယ့္ G-7 အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ဘ႑ာေရး ဝန္ႀကီးမ်ားအစည္းအေဝးအတြင္း အေမရိကန္ႏိုင္ငံရဲ႕ေႂကြးၿမီျပႆနာကို အဓိကထား ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ဗဟိုဘဏ္မ်ားဟာ ကမာၻစီးပြားေရးနဲ႔ပတ္သက္ၿပီး ေပ်ာ့ေပ်ာင္းတဲ့ခ်ဥ္းကပ္လုပ္ေဆာင္မႈမ်ား ရွိေနခ်ိန္မွာ အေမရိကန္ႏိုင္ငံရဲ႕စီးပြားေရးက်ဆင္းမႈမ်ား ပိုမိုျဖစ္ပြားလာမွာကို စိုးရိမ္မႈျမင့္တက္ေနေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံဟာ ကမာၻတဝွမ္းရွိ ႏိုင္ငံေတြထဲမွာ ျပည္ပေႂကြးၿမီေပါင္းအမ်ားဆုံးႏိုင္ငံျဖစ္ေနၿပီး၊ ျပည္ပေႂကြးၿမီ စုစုေပါင္း အေမရိကန္ေဒၚလာ ၃၁ ဒသမ ၄ ထရီလီယံ ရွိေနကာ အျပည့္အဝ ျပန္ဆပ္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရပါတယ္။

အေမရိကန္ဘ႑ာေရးဝန္ႀကီးဟာ ဂ်ာနက္ယက္လင္က ဂ်ပန္ႏိုင္ငံမွာက်င္းပမယ့္ G-7 အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ ဘ႑ာေရးဝန္ႀကီးမ်ားအစည္းအေဝးမွာ အေမရိကန္ ရဲ႕အေႂကြးျပႆနာေတြနဲ႔ ပတ္သက္ၿပီး၊ အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ ေမးခြန္းထုတ္ခံရဖြယ္ရွိေနတယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ အေမရိကန္ႏိုင္ငံအတြင္းရွိ ဘဏ္မ်ားၿပိဳလဲခဲ့ၿပီးေနာက္ အေမရိကန္အစိုးရဟာ ဘ႑ာေရးေဈးကြက္အတြင္းအခက္အခဲမ်ားကို တားဆီးႏိုင္ေအာင္ ဘယ္လိုမ်ိဳးလုပ္ေဆာင္ ထားသလဲဆိုတဲ့အခ်က္ကို G-7 အဖြဲ႕ဝင္ႏိုင္ငံမ်ားက သိရွိလိုေနေၾကာင္း သိရပါတယ္။

အေမရိကန္ရဲ႕အေႂကြးျပႆနာေတြဟာ ဂ်ပန္ႏိုင္ငံအတြက္ ေခါင္းခဲစရာျဖစ္လာေနၿပီး ဂ်ပန္ႏိုင္ငံက အေမရိကန္ ႏိုင္ငံထံမွ ရစရာအေႂကြးအမ်ားဆုံးႏိုင္ငံျဖစ္ေနေၾကာင္း သိရပါတယ္။ ဂ်ပန္ဘ႑ာေရးဝန္ႀကီး ကာဆာတိုကန္ဒါက G-7 အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ဘ႑ာေရးဝန္ႀကီးမ်ားအစည္းအေဝးအတြင္း အေမရိကန္ႏိုင္ငံရဲ႕အေႂကြးျပႆနာကို ေဆြးေႏြးဖြယ္ရွိေနေၾကာင္း၊ အစည္းအေဝးၿပီးဆုံးခ်ိန္မွာ ထုတ္ျပန္မယ့္ ပူးတြဲေၾကညာခ်က္ထဲမွာ အေမရိကန္ႏိုင္ငံရဲ႕ အေႂကြးျပႆနာကို ထုတ္ျပန္ဖြယ္မရွိေၾကာင္း ေျပာပါတယ္။

အေမရိကန္ႏိုင္ငံ နဲ႔ ဥေရာပသမဂၢႏိုင္ငံေတြမွာ ေငြေၾကးေဖာင္းပြမႈႏႈန္းမ်ားကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ျပည္တြင္းမွာ ဘဏ္အတိုးႏႈန္းမ်ား ျမင့္တင္ေပးခဲ့ျခင္းနဲ႔ပတ္သက္ၿပီး G-7 အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ဘ႑ာေရးဝန္ႀကီးမ်ား၊ ဗဟိုဘဏ္အႀကီးအကဲမ်ား ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျေးရွာအတွင်း လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသား (၅)ဦးသေဆုံးမှု ရွှေဘိုမြို့နယ်တွင် ဖြစ်ပွား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved