ကျေးရွာအတွင်း လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသား (၅)ဦးသေဆုံးမှု ရွှေဘိုမြို့နယ်တွင် ဖြစ်ပွား
စော (NP News) - မေ ၁၁
စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာအတွင်း လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုး သား(၅)ဦးသေဆုံးခဲ့ပြီး အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရသိရသည်။
နစကမှ ယမန်နေ့(မေလ ၁ဝ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ မေလ(၉)ရက်၊ နံနက်(၅)နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF များက မူဘောင်လမ်းမှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့သို့ပစ်ခတ်မှုကြောင့် အဆိုပါကျေးရွာနေ အမျိုးသား(၅)ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိခဲ့သောအမျိုးသမီးကို ရွှေဘိုခရိုင်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကောင်းထက်ဇင်၏နေအိမ်အပါအဝင် နေအိမ်(၇) လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှဆိုသည်။
ဖြစ်စဥ်အား ကျူးလွန်ခဲ့သူများကို ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
ေက်း႐ြာအတြင္း လက္လုပ္စိန္ေျပာင္းျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသား (၅)ဦးေသဆုံးမႈ ေ႐ႊဘိုၿမိဳ႕နယ္တြင္ ျဖစ္ပြား
ေစာ (NP News) - ေမ ၁၁
စစ္ကိုင္းတိုင္း ၊ ေ႐ႊဘိုၿမိဳ႕နယ္တြင္ ေက်း႐ြာအတြင္း လက္လုပ္စိန္ေျပာင္းျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳး သား(၅)ဦးေသဆုံးခဲ့ၿပီး အမ်ိဳးသမီး(၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရသိရသည္။
နစကမွ ယမန္ေန႔(ေမလ ၁ဝ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ေမလ(၉)ရက္၊ နံနက္(၅)နာရီအခ်ိန္တြင္ ေ႐ႊဘိုၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်း႐ြာအတြင္းသို႔ PDF မ်ားက မူေဘာင္လမ္းမွေန၍ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ပစ္ခတ္ၿပီး ေက်း႐ြာအတြင္းရွိ ေနအိမ္မ်ားကိုလည္း မီးရႈိ႕ဖ်က္ဆီးသြားေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔သို႔ပစ္ခတ္မႈေၾကာင့္ အဆိုပါေက်း႐ြာေန အမ်ိဳးသား(၅)ဦးမွာ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားၿပီး အမ်ိဳးသမီးတစ္ဦးလည္း က်ည္ထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါထိခိုက္ဒဏ္ရာရရွိခဲ့ေသာအမ်ိဳးသမီးကို ေ႐ႊဘိုခ႐ိုင္ျပည္သူေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေကာင္းထက္ဇင္၏ေနအိမ္အပါအဝင္ ေနအိမ္(၇) လုံးမီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကမွဆိုသည္။
ျဖစ္စဥ္အား က်ဴးလြန္ခဲ့သူမ်ားကို ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝံသာနုပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်သည် ဥပဒေနှင့်ညီညွတ်မှု မရှိ၍ ငြင်းပယ်လိုက်ကြောင်း UEC ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း