မြောက်ကိုရီးယားရဲ့ဒရုန်းတွေ ကျူးကျော်ခံရပြီးနောက် တောင်ကိုရီးယားစစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့ သမ္မတယွန်ဆက်ယိုလ် ပြော
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၇
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က နယ်စပ်ဒေသကို မြောက်ကိုရီးယားရဲ့ဒရုန်းများ ကျူးကျော်ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့သလို စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းသွားဖို့ စီစဉ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ဒရုန်းငါးစင်းဟာ ဒီဇင်ဘာ ၂၆ ရက်က တောင်ကိုရီးယားနယ်စပ်ဒေသကို ကျူးကျော်ပျံသန်းခဲ့ရာ တောင်ကိုရီးယားစစ်ဘက်က တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များ စေလွှတ်ပြီးပစ်ချဖို့ ကြိုးပမ်းခဲ့ရတယ်လို့ သိရပါတယ်။မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနယ်စပ်ဒေသကို ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျူးကျော်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်စရာဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားစစ်ဘက်ဟာ မြောက်ကိုရီးယားရဲ့ဒရုန်းတွေကို ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များနဲ့ အချက်ပေါင်း ၁ဝဝ ခန့် ပစ်ခတ်ခဲ့ပေမယ့် ဒရုန်းများကို ပစ်ချနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ဒရုန်းတွေဟာ တောင်ကိုရီးယားစစ်ဘက်က ပစ်ချမှုများလုပ်နေချိန်မှာ ငါးနာရီကြာ ပျံသန်းခဲ့ပြီး မြို့တော်ဆိုးလ်အပါအဝင် တောင်ကိုရီးယားမြို့များကို ပျံသန်းခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားသမ္မတ က "ကျူးကျော်လာတဲ့ မြောက်ကိုရီးယားကို မပစ်ချနိုင်ခြင်းဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်း ကျွန်တော်တို့စစ်တပ်ရဲ့ ပြင်ဆင်မှုအားနည်းချက်တွေကို ပြသလိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ လေ့ကျင့်ပြင်ဆင်မှုများ ပိုမိုလုပ်ဆောင်ဖို့လိုအပ်တယ်။ ကျွန်တော်တို့ဟာ မြောက်ကိုရီးယားရဲ့စစ်ဘက် အဆောက်အဦးများကို ပြန်လည်ထောက်လှမ်း တုံ့ပြန်နိုင်ဖို့ စစ်ဘက်ဆိုင်ရာဒရုန်းတပ်ဖွဲ့ကိုတည်ထောင်ဖို့ စီစဉ်ရမယ်။ အဲဒီအစီအစဉ်ကို လက်ရှိအချိန်ကစတင်ပြီး အမြန်လုပ်ဆောင်ရမယ်။ ဒရုန်းတွေ အသုံးပြုပြီး ထောက်လှမ်းမှုပိုင်း ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
Zawgyi Version;
ေျမာက္ကိုရီးယားရဲ႕ဒ႐ုန္းေတြ က်ဴးေက်ာ္ခံရၿပီးေနာက္ ေတာင္ကိုရီးယားစစ္ဘက္သုံး ဒ႐ုန္းတပ္ဖြဲ႕ ဖြဲ႕စည္းသြားမယ္လို႔ သမၼတယြန္ဆက္ယိုလ္ ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၇
ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္က နယ္စပ္ေဒသကို ေျမာက္ကိုရီးယားရဲ႕ဒ႐ုန္းမ်ား က်ဴးေက်ာ္ဝင္ေရာက္လာျခင္းနဲ႔ပတ္သက္ၿပီး ေဝဖန္ျပစ္တင္ခဲ့သလို စစ္ဘက္သုံး ဒ႐ုန္းတပ္ဖြဲ႕ကို ဖြဲ႕စည္းသြားဖို႔ စီစဥ္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ေျမာက္ကိုရီးယားရဲ႕ဒ႐ုန္းငါးစင္းဟာ ဒီဇင္ဘာ ၂၆ ရက္က ေတာင္ကိုရီးယားနယ္စပ္ေဒသကို က်ဴးေက်ာ္ပ်ံသန္းခဲ့ရာ ေတာင္ကိုရီးယားစစ္ဘက္က တိုက္ေလယာဥ္မ်ား၊ တိုက္ခိုက္ေရးသုံးရဟတ္ယာဥ္မ်ား ေစလႊတ္ၿပီးပစ္ခ်ဖို႔ ႀကိဳးပမ္းခဲ့ရတယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားနယ္စပ္ေဒသကို ၂ဝ၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ က်ဴးေက်ာ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ေျမာက္ကိုရီးယားရဲ႕ဒ႐ုန္းမ်ား က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ရဲ႕စြမ္းေဆာင္ရည္အေပၚ ေမးခြန္းထုတ္စရာျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားစစ္ဘက္ဟာ ေျမာက္ကိုရီးယားရဲ႕ဒ႐ုန္းေတြကို ရဟတ္ယာဥ္ေပၚမွ စက္ေသနတ္မ်ားနဲ႔ အခ်က္ေပါင္း ၁ဝဝ ခန႔္ ပစ္ခတ္ခဲ့ေပမယ့္ ဒ႐ုန္းမ်ားကို ပစ္ခ်ႏိုင္ခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။ ေျမာက္ကိုရီးယားရဲ႕ဒ႐ုန္းေတြဟာ ေတာင္ကိုရီးယားစစ္ဘက္က ပစ္ခ်မႈမ်ားလုပ္ေနခ်ိန္မွာ ငါးနာရီၾကာ ပ်ံသန္းခဲ့ၿပီး ၿမိဳ႕ေတာ္ဆိုးလ္အပါအဝင္ ေတာင္ကိုရီးယားၿမိဳ႕မ်ားကို ပ်ံသန္းခဲ့တယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားသမၼတ က "က်ဴးေက်ာ္လာတဲ့ ေျမာက္ကိုရီးယားကို မပစ္ခ်ႏိုင္ျခင္းဟာ ၿပီးခဲ့တဲ့ႏွစ္ အနည္းငယ္ အတြင္း ကြၽန္ေတာ္တို႔စစ္တပ္ရဲ႕ ျပင္ဆင္မႈအားနည္းခ်က္ေတြကို ျပသလိုက္တာျဖစ္ပါတယ္။ ေတာင္ကိုရီးယားစစ္တပ္ဟာ ေလ့က်င့္ျပင္ဆင္မႈမ်ား ပိုမိုလုပ္ေဆာင္ဖို႔လိုအပ္တယ္။ ကြၽန္ေတာ္တို႔ဟာ ေျမာက္ကိုရီးယားရဲ႕စစ္ဘက္ အေဆာက္အဦးမ်ားကို ျပန္လည္ေထာက္လွမ္း တုံ႔ျပန္ႏိုင္ဖို႔ စစ္ဘက္ဆိုင္ရာဒ႐ုန္းတပ္ဖြဲ႕ကိုတည္ေထာင္ဖို႔ စီစဥ္ရမယ္။ အဲဒီအစီအစဥ္ကို လက္ရွိအခ်ိန္ကစတင္ၿပီး အျမန္လုပ္ေဆာင္ရမယ္။ ဒ႐ုန္းေတြ အသုံးျပဳၿပီး ေထာက္လွမ္းမႈပိုင္း ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ရမယ္" လို႔ ေျပာပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားရဲ့ဒရုန်းတွေ ကျူးကျော်ခံရပြီးနောက် တောင်ကိုရီးယားစစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့ သမ္မတယွန်ဆက်ယိုလ် ပြော
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း