Laureus World Sports Awards တွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မက်ဆီရရှိ
Pika (NP News) - မေ ၉
ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီသည် laureus world sports awards ၏တစ်နှစ်တာအကောင်းဆုံး အားကစားသမားအဖြစ် ရွေးချယ်ခံရပြီးနောက် ၎င်း၏ဆုဖလားစုဆောင်းမှုတွင် နောက်ထပ်ဆုဖလားတစ်လုံးကို ထပ်မံထည့်သွင်းနိုင်ခဲ့ကြောင်းသိရသည်။
မက်ဆီသည် ဆော်ဒီအာရေးဗျနိုင်ငံသို့ ခွင့်မပြုသောခရီစဥ်သွားရောက်ခဲ့ခြင်းအတွက် ပီအက်စ်ဂျီအသင်းတွင် ကစားခွင့်ရပ်ဆိုင်းခံရပြီးနောက် ပဲရစ်မြို့ရှိ အခမ်းအနားတစ်ခုတွင် ဆုချီးမြှင့်ကို လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မက်ဆီသည် ဆော်ဒီအာရေးဗျနိုင်ငံသို့ ခွင့်မပြုသောခရီစဥ်သွားရောက်ခဲ့ခြင်းအတွက် တောင်းပန်ခဲ့သော်လည်း ၎င်း၏ပီအက်စ်ဂျီအသင်းတွင် ဆက်ကစားရမည့် အနာဂတ်မှာ မသေချာမရေသေးကြောင်းသိရသည်။
Laureus World Sports Awards ဆုပေးပွဲတွင် မက်ဆီက" ဆုရယူနိုင်လို့ကျွန်တော့်ရဲ့ နိုင်ငံအသင်းကအသင်းဖော်တွေတင်မကပဲ ပီအက်စ်ဂျီအသင်းက အသင်းဖော်တွေအားလုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော့်ဘာသာတစ်ယောက်တည်းဆိုရင် ဒီဆုကိုရနိုင်မှာမဟုတ်ပါဘူး။ သူတို့တွေနဲ့ အရာအားလုံးကို မျှဝေပေးနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီ Laureus Academy ကိုလည်းကျေးဇူးတင်ချင်ပါတယ်။ အားကစားသမားတွေအနေနဲ့ ဒီဆုတွေက ကျွန်တော်တို့အတွက် အရမ်းထူးခြားစေတဲ့အရာပါ။ ကျွန်တော်ရှေ့မှာ Laureus Sportsman of the Year Award ကိုရရှိခဲ့တဲ့ မယုံနိုင်စရာကောင်းတဲ့ ဂန္တဝင်တွေရဲ့ နာမည်တွေကို အမြဲကြည့်နေခဲ့တာပါ။ ဒီဆုကို လက်ခံရယူနိုင်တာက တကယ်ကို ထူးခြားတဲ့ဂုဏ်ယူစရာတစ်ခုပါပဲ"ဟုပြောဆိုခဲ့သည်။
zawgyi version
Laureus World Sports Awards တြင္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို မက္ဆီရရွိ
Pika (NP News) - ေမ ၉
ပီအက္စ္ဂ်ီတိုက္စစ္မႉးမက္ဆီသည္ laureus world sports awards ၏တစ္ႏွစ္တာအေကာင္းဆုံး အားကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ ၎၏ဆုဖလားစုေဆာင္းမႈတြင္ ေနာက္ထပ္ဆုဖလားတစ္လုံးကို ထပ္မံထည့္သြင္းႏိုင္ခဲ့ေၾကာင္းသိရသည္။
မက္ဆီသည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံသို႔ ခြင့္မျပဳေသာခရီစဥ္သြားေရာက္ခဲ့ျခင္းအတြက္ ပီအက္စ္ဂ်ီအသင္းတြင္ ကစားခြင့္ရပ္ဆိုင္းခံရၿပီးေနာက္ ပဲရစ္ၿမိဳ႕ရွိ အခမ္းအနားတစ္ခုတြင္ ဆုခ်ီးျမႇင့္ကို လက္ခံရယူခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ မက္ဆီသည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံသို႔ ခြင့္မျပဳေသာခရီစဥ္သြားေရာက္ခဲ့ျခင္းအတြက္ ေတာင္းပန္ခဲ့ေသာ္လည္း ၎၏ပီအက္စ္ဂ်ီအသင္းတြင္ ဆက္ကစားရမည့္ အနာဂတ္မွာ မေသခ်ာမေရေသးေၾကာင္းသိရသည္။
Laureus World Sports Awards ဆုေပးပြဲတြင္ မက္ဆီက" ဆုရယူႏိုင္လို႔ကြၽန္ေတာ့္ရဲ႕ ႏိုင္ငံအသင္းကအသင္းေဖာ္ေတြတင္မကပဲ ပီအက္စ္ဂ်ီအသင္းက အသင္းေဖာ္ေတြအားလုံးကိုလည္း ေက်းဇူးတင္ခ်င္ပါတယ္။ ကြၽန္ေတာ့္ဘာသာတစ္ေယာက္တည္းဆိုရင္ ဒီဆုကိုရႏိုင္မွာမဟုတ္ပါဘူး။ သူတို႔ေတြနဲ႔ အရာအားလုံးကို မွ်ေဝေပးႏိုင္တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ၿပီးေတာ့ ဒီ Laureus Academy ကိုလည္းေက်းဇူးတင္ခ်င္ပါတယ္။ အားကစားသမားေတြအေနနဲ႔ ဒီဆုေတြက ကြၽန္ေတာ္တို႔အတြက္ အရမ္းထူးျခားေစတဲ့အရာပါ။ ကြၽန္ေတာ္ေရွ႕မွာ Laureus Sportsman of the Year Award ကိုရရွိခဲ့တဲ့ မယုံႏိုင္စရာေကာင္းတဲ့ ဂႏၲဝင္ေတြရဲ႕ နာမည္ေတြကို အၿမဲၾကည့္ေနခဲ့တာပါ။ ဒီဆုကို လက္ခံရယူႏိုင္တာက တကယ္ကို ထူးျခားတဲ့ဂုဏ္ယူစရာတစ္ခုပါပဲ"ဟုေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆားဘီးယားမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် အကြမ်းဖက်ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်လာ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း