ရေတွင်းဟောင်းကို ပြန်လည်တူးဖော်စဉ် သားအဖနှစ်ဦး အောက်ဆီဂျင်ပြတ်၍သေဆုံးမှု မြစ်ကြီးနား၌ ဖြစ်ပွား
ဓာတ်ပုံ -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်)
စော (NP News) - မေ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ နောင်နန်းမြန်ကျေးရွာတွင် ရေတွင်းဟောင်းကို ပြန်လည်တူးဖော်စဉ် သားအဖနှစ်ဦး အောက်ဆီဂျင်ပြတ်၍သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့(မေလ ၉ရက်)၊ မွန်းလွဲ (၁၂)နာရီဝန်းကျင်အချိန်တွင် မြစ်ကြီးနားမြို့၊ နောင်နန်းမြန်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်)မှသိရသည်။
“ ခြံဝန်းထဲကရေတွင်းကို ပြန်ပြီးတူးတာတာပါ။ သားက ရေစုပ်စက်နဲ့ရေတွင်းထဲပြုတ်ကျသွားတာပါ။ အဲဒါကို အဖေကပြန်ကယ်ဖို့ဆင်းတဲ့အချိန်မှာ သားအဖနှစ်ယောက်လုံး ပြုတ်ကျသွားတာပါ။ ရေတွင်းက ပေ (၄ဝ)နဲ့(၆ဝ)ကြားရှိပါတယ်။ အောက်ဆီဂျင်ပြတ်ပြီး သေသွားတယ်လို့ခန့်မှန်းရပါတယ်”ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်)မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါသားအဖနှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကချင်ပြည်နယ်)မှ ဆိုသည်။
zawgyi version
ရေတွင်းဟောင်းကို ပြန်လည်တူးဖော်စဉ် သားအဖနှစ်ဦး အောက်ဆီဂျင်ပြတ်၍သေဆုံးမှု မြစ်ကြီးနား၌ ဖြစ်ပွားေ
စာ (NP News) - မေ ၉
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Laureus World Sports Awards တွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မက်ဆီရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း