မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ DTH စနစ်တွင် DTH Free to Air ရုပ်သံလိုင်းထည့်သွင်းချင်သူများအား EOI တင်သွင်းရန်ဖိတ်ခေါ်
ယွန်း (NP News) - မေ ၉
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV DTH Platform (Direct to Home) စနစ်တွင် DTH Free to Air ရုပ်သံလိုင်းထည့်သွင်း ထုတ်လွှင့်ချင်သူများကို EOI တင်သွင်းရန် ဖိတ်ခေါ်ထားသည်။
MRTV DTH Platform (Direct to Home) စနစ်တွင် ရုပ်သံလိုင်းများထည့်သွင်းပြသခွင့်ပြုနိုင်ရန် စိစစ်ရွေးချယ်ရေးကော်မတီက ယနေ့ (မေလ ၉ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV DTH Platform (Direct to Home) စနစ်ဖြင့် ရုပ်သံလိုင်းများ ထုတ်လွှင့်ခြင်းကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှစတင်ကာ ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ် သည်။
လက်ရှိတွင် နိုင်ငံတော်၏ ပုဂ္ဂလိကမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ DTH စနစ်တွင် Standard Definition(SD) နှင့် Hight Definition (HD) ရုပ်သံလိုင်းများ ထည့်သွင်းထုတ်လွှင့်ခြင်းကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဆောင်ရွက်လိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် Expression of Interest(EOI) တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။
EOI တင်သွင်းသူများအနေဖြင့် ဇွန်လ(၈)ရက် နောက်ဆုံးထားကာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော်(တပ်ကုန်း)သို့ လူကိုယ်တိုင်ဖြစ်စေ၊ E-mail ဖြင့်ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တင်သွင်းလာသည့် အချက်အလက်များအပေါ်မူတည်၍ Request for Proposal(RFP) အဆင့် လျှောက် ထားခွင့်ပြုနိုင်ရေးကို စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား၏ DTH စနစ္တြင္ DTH Free to Air ႐ုပ္သံလိုင္းထည့္သြင္းခ်င္သူမ်ားအား EOI တင္သြင္းရန္ဖိတ္ေခၚ
ယြန္း (NP News) - ေမ ၉
ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား၏ MRTV DTH Platform (Direct to Home) စနစ္တြင္ DTH Free to Air ႐ုပ္သံလိုင္းထည့္သြင္း ထုတ္လႊင့္ခ်င္သူမ်ားကို EOI တင္သြင္းရန္ ဖိတ္ေခၚထားသည္။
MRTV DTH Platform (Direct to Home) စနစ္တြင္ ႐ုပ္သံလိုင္းမ်ားထည့္သြင္းျပသခြင့္ျပဳႏိုင္ရန္ စိစစ္ေ႐ြးခ်ယ္ေရးေကာ္မတီက ယေန႔ (ေမလ ၉ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား၏ MRTV DTH Platform (Direct to Home) စနစ္ျဖင့္ ႐ုပ္သံလိုင္းမ်ား ထုတ္လႊင့္ျခင္းကို ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္မွစတင္ကာ ထုတ္လႊင့္ျပသခဲ့ျခင္းျဖစ္ သည္။
လက္ရွိတြင္ ႏိုင္ငံေတာ္၏ ပုဂၢလိကမီဒီယာလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ DTH စနစ္တြင္ Standard Definition(SD) ႏွင့္ Hight Definition (HD) ႐ုပ္သံလိုင္းမ်ား ထည့္သြင္းထုတ္လႊင့္ျခင္းကို ပိုမိုက်ယ္ျပန႔္စြာ ေဆာင္႐ြက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ေဆာင္႐ြက္လိုသည့္ ပုဂၢလိကလုပ္ငန္းရွင္မ်ားအေနျဖင့္ Expression of Interest(EOI) တင္သြင္းႏိုင္ရန္ ဖိတ္ေခၚထားသည္။
EOI တင္သြင္းသူမ်ားအေနျဖင့္ ဇြန္လ(၈)ရက္ ေနာက္ဆုံးထားကာ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား ေနျပည္ေတာ္(တပ္ကုန္း)သို႔ လူကိုယ္တိုင္ျဖစ္ေစ၊ E-mail ျဖင့္ျဖစ္ေစ ဆက္သြယ္ေပးပို႔ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
တင္သြင္းလာသည့္ အခ်က္အလက္မ်ားအေပၚမူတည္၍ Request for Proposal(RFP) အဆင့္ ေလွ်ာက္ ထားခြင့္ျပဳႏိုင္ေရးကို စိစစ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအဖွဲ့အကြီးတန်းခေါင်းဆောင်များအပါအဝင်အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ