ပျော်ဘွယ်မြို့၌ မိုးကြိုးပစ်ခံရမှုကြောင့် လူ(၁)ဦးနှင့် တိရိစ္ဆာန်အများအပြားသေဆုံးခဲ့
စော (NP News) - မေ ၉
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁ဝ)လုံး ပျက်စီးခဲ့ပြီး မိုးကြိုးထိမှန်ကာ လူ(၁)ဦး အပါအဝင် နွား (၂)ကောင်နှင့် ဆိတ် (၁၆)ကောင်တို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၈ ရက်) ၊ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းမှသိရသည်။
“ကျွန်တော်တို့ဆီ သတင်းရတာတော့ လေးနာရီကျော်လောက်မှ သတင်းရတယ်။ ကျွန်တော်တို့နဲ့ မြို့နယ်နဲ့က မိုင်(၂ဝ)လောက်ဝေးတယ် ။ မိုးကြိုးထိလို့ လူတစ်ယောက်သေသွားတာတော့မှန်ပါတယ်”ဟု ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိတစ်ဦးက NP News ကိုပြောသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျော်ဘွယ်မြို့နယ် ၊ဗောဓိကုန်းကျေးရွာအုပ်စုနှင့် မကျီးကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄) ရွာမှ လူနေအိမ်(၁ဝ)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးထစ်ချုန်းမှုများဖြစ်ပေါ်ခဲ့ပြီး မိုးကြိုးပစ်သည့် ဖြစ်စဉ်များကြောင့် လူနှင့် တိရိစ္ဆာန်သေဆုံးမှုများရှိခဲ့ကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ သိရသည်။
အလားတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးမြို့ ၊ နောင်ကားကျေးရွာတွင်လည်း မေလ (၈)ရက်၊ ညနေ (၅)နာရီအချိန်တွင် မိုးကြိုးပစ်ခံရမှုကြောင့် နွား (၁၅)ကောင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါနွား(၁၅)ကောင်သည် စားကျက်မှပြန်လာစဉ် နောင်ကားကျေးရွာ ဆိုင်းဘုတ်အနီးတွင် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
zawgyi version
ေပ်ာ္ဘြယ္ၿမိဳ႕၌ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ လူ(၁)ဦးႏွင့္ တိရိစာၦန္အမ်ားအျပားေသဆုံးခဲ့
ေစာ (NP News) - ေမ ၉
မႏၲေလးတိုင္း၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ လူေနအိမ္ (၁ဝ)လုံး ပ်က္စီးခဲ့ၿပီး မိုးႀကိဳးထိမွန္ကာ လူ(၁)ဦး အပါအဝင္ ႏြား (၂)ေကာင္ႏွင့္ ဆိတ္ (၁၆)ေကာင္တို႔ ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၈ ရက္) ၊ မြန္းလြဲ (၂)နာရီခြဲအခ်ိန္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္ မီးသတ္စခန္းမွသိရသည္။
“ကြၽန္ေတာ္တို႔ဆီ သတင္းရတာေတာ့ ေလးနာရီေက်ာ္ေလာက္မွ သတင္းရတယ္။ ကြၽန္ေတာ္တို႔နဲ႔ ၿမိဳ႕နယ္နဲ႔က မိုင္(၂ဝ)ေလာက္ေဝးတယ္ ။ မိုးႀကိဳးထိလို႔ လူတစ္ေယာက္ေသသြားတာေတာ့မွန္ပါတယ္”ဟု ေပ်ာ္ဘြယ္ၿမိဳ႕နယ္မီးသတ္စခန္းမွ ဦးစီးအရာရွိတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေလျပင္းတိုက္ခတ္မႈေၾကာင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ၊ေဗာဓိကုန္းေက်း႐ြာအုပ္စုႏွင့္ မက်ီးကုန္းေက်း႐ြာအုပ္စုအတြင္းရွိ ေက်း႐ြာ(၄) ႐ြာမွ လူေနအိမ္(၁ဝ)လုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေလျပင္းတိုက္ခတ္မႈႏွင့္အတူ မိုးထစ္ခ်ဳန္းမႈမ်ားျဖစ္ေပၚခဲ့ၿပီး မိုးႀကိဳးပစ္သည့္ ျဖစ္စဥ္မ်ားေၾကာင့္ လူႏွင့္ တိရိစာၦန္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္မီးသတ္စခန္းမွ သိရသည္။
အလားတူ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ၊ ေတာင္ႀကီးၿမိဳ႕ ၊ ေနာင္ကားေက်း႐ြာတြင္လည္း ေမလ (၈)ရက္၊ ညေန (၅)နာရီအခ်ိန္တြင္ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ ႏြား (၁၅)ေကာင္ ေသဆုံးသြားေၾကာင္း သိရသည္။
အဆိုပါႏြား(၁၅)ေကာင္သည္ စားက်က္မွျပန္လာစဥ္ ေနာင္ကားေက်း႐ြာ ဆိုင္းဘုတ္အနီးတြင္ မိုးႀကိဳးပစ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KIA ၊ PDF အဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွှေကူမြို့နယ်အတွင်းရှိ လူနေအိမ်(၁၅)လုံး မီးလောင်ပျက်စီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း