ဘုတလင်မြို့နယ်တွင် ကားတစ်စီး လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NP News) - မေ ၇
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ကားတစ်စီး လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိရာ တစ်ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၇ ရက်)၊ အချိန်ခန့်တွင် ဘုတလင်မြို့နယ်၊ ဇီးတောကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ ဇီးတောကြီးကျေးရွာ၊ "စေတနာ"ဓာတ်ဆီဆိုင်အနီးတွင် ကားတစ်စီးက လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း "သုတိမနော"ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းမှ ဆိုသည်။
"အရှိန်လွန်တာလား။ တစ်ခုခုကိုရှောင်ရင်းဖြစ်တာလားတော့ မသိဘူး။ အမျိုးသမီးတစ်ဦးက ပခုံးမှာဒဏ်ရာရတယ်။ အမျိုးသားတစ်ဦးက လက်ပြုတ်ထွက်သွားတယ်။ ယာဉ်မောင်းကတော့ ဆုံးသွားတယ်"ဟု အထက်ပါ လူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ဘုတလင္ၿမိဳ႕နယ္တြင္ ကားတစ္စီး လမ္းေဘးရွိသစ္ပင္အား ဝင္တိုက္ခဲ့ရာ တစ္ဦးေသဆုံးၿပီး (၂)ဦး ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - ေမ ၇
စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕နယ္တြင္ ကားတစ္စီး လမ္းေဘးရွိသစ္ပင္အား ဝင္တိုက္မိရာ တစ္ဦးေသဆုံးၿပီး (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၇ ရက္)၊ အခ်ိန္ခန႔္တြင္ ဘုတလင္ၿမိဳ႕နယ္၊ ဇီးေတာႀကီးေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အဆိုပါ ဇီးေတာႀကီးေက်း႐ြာ၊ "ေစတနာ"ဓာတ္ဆီဆိုင္အနီးတြင္ ကားတစ္စီးက လမ္းေဘးရွိသစ္ပင္အား ဝင္တိုက္မိခဲ့ေၾကာင္း "သုတိမေနာ"က်န္းမာေရးႏွင့္လူမႈကူညီေရးအသင္းမွ ဆိုသည္။
"အရွိန္လြန္တာလား။ တစ္ခုခုကိုေရွာင္ရင္းျဖစ္တာလားေတာ့ မသိဘူး။ အမ်ိဳးသမီးတစ္ဦးက ပခုံးမွာဒဏ္ရာရတယ္။ အမ်ိဳးသားတစ္ဦးက လက္ျပဳတ္ထြက္သြားတယ္။ ယာဥ္ေမာင္းကေတာ့ ဆုံးသြားတယ္"ဟု အထက္ပါ လူမႈကူညီေရးအသင္းထံမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ၿပီး (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား မုံ႐ြာျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွင်းလယ်လူဂွန်ဒိုဂန်ကို ပင်နယ်တီပေးကန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဟာလန်းကို စိတ်ဆိုးဒေါသဖြစ်နေတဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း