MSME လုပ်ငန်းများ အမှန်တကယ်ဖွံ့ဖြိုးရေးအတွက် လုပ်သာကိုင်သာရှိသည့် ကောင်းမွန်သော မူဝါဒများမရှိမဖြစ်လိုအပ်ဟုဆို
ယွန်း (NP News) - မေ ၇
MSME စီးပွားရေးလုပ်ငန်းများ အမှန်တကယ်ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်သာကိုင်သာရှိသည့် ကောင်းမွန်သောမူဝါဒများ မရှိမဖြစ်လိုအပ်ကြောင်း UMFCCI tအသင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုသည်။
ဦးအေးဝင်းက ယနေ့(မေလ ၇ ရက်)တွင် ရန်ကုန်မြို့ရှိ Lotte Hotel တွင် ကျင်းပခဲ့သော UMFCCI MSME Fair 2023 ပြပွဲတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်အနေနဲ့ အထူးအလေးထားပြောကြားလိုတာကတော့ MSME များဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ငွေကြေးအရင်းအမြစ်၊ ထုတ်လုပ်မှု နည်းပညာနဲ့ စက်ယန္တရားများ၊ ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များနှင့် ဈေးကွက်ရရှိရေးသည် အဓိကလိုအပ်ပေမယ့် မြေပြင်မှာ MSME လုပ်ငန်းများ အမှန်တကယ် ရှင်သန်ဖွံ့ဖြိုးဖို့အတွက် လုပ်သာကိုင်သာရှိတဲ့ ကောင်းမွန်သော မူဝါဒများရှိရန်လည်း မရှိမဖြစ် လိုအပ်တာဖြစ်ပါတယ်”ဟု ၎င်းမှ ဆိုသည်။
ထို့ပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိသူများလည်း လိုအပ်ကြောင်း UMFCCI အသင်း ဥက္ကဋ္ဌ ဦးအေးဝင်းမှ သုံးသပ်ပြောဆိုထားသည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင် MSME လုပ်ငန်းများသည် အများဆုံးပါဝင်ပြီး အဆိုပါလုပ်ငန်းများသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောမောင်းနှင်အားဖြစ် ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ထို့ကြောင့် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များထဲတွင် MSME လုပ်ငန်းများအပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ယှဥ်ပြိုင်နိုင်စွမ်းမြင့်မားရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းများအား သင့်လျော်သော အကာအကွယ်များပေးခြင်း နှင့် ဘက်စုံစီးပွားရေးတိုးတက်မှုအတွက် အရင်းအမြစ်ဗဟိုဌာနအနေဖြင့် ဆောင်ရွက်ရေးကို ဦးစားပေးလုပ်ငန်းစဥ်များတွင် ထည့်သွင်းထားကြောင်း ၎င်းမှဆိုသည်။
zawgyi version
MSME လုပ္ငန္းမ်ား အမွန္တကယ္ဖြံ႕ၿဖိဳးေရးအတြက္ လုပ္သာကိုင္သာရွိသည့္ ေကာင္းမြန္ေသာ မူဝါဒမ်ားမရွိမျဖစ္လိုအပ္ဟုဆို
ယြန္း (NP News) - ေမ ၇
MSME စီးပြားေရးလုပ္ငန္းမ်ား အမွန္တကယ္ဖြံၿဖိဳးတိုးတက္ေရးအတြက္ လုပ္သာကိုင္သာရွိသည့္ ေကာင္းမြန္ေသာမူဝါဒမ်ား မရွိမျဖစ္လိုအပ္ေၾကာင္း UMFCCI tအသင္း ဥကၠ႒ ဦးေအးဝင္းက ဆိုသည္။
ဦးေအးဝင္းက ယေန႔(ေမလ ၇ ရက္)တြင္ ရန္ကုန္ၿမိဳ႕ရွိ Lotte Hotel တြင္ က်င္းပခဲ့ေသာ UMFCCI MSME Fair 2023 ျပပြဲတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။
“ကြၽန္ေတာ့္အေနနဲ႔ အထူးအေလးထားေျပာၾကားလိုတာကေတာ့ MSME မ်ားဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ကို ေငြေၾကးအရင္းအျမစ္၊ ထုတ္လုပ္မႈ နည္းပညာနဲ႔ စက္ယႏၲရားမ်ား၊ ကြၽမ္းက်င္ေသာ လူ႔စြမ္းအားအရင္းအျမစ္မ်ားႏွင့္ ေဈးကြက္ရရွိေရးသည္ အဓိကလိုအပ္ေပမယ့္ ေျမျပင္မွာ MSME လုပ္ငန္းမ်ား အမွန္တကယ္ ရွင္သန္ဖြံ႕ၿဖိဳးဖို႔အတြက္ လုပ္သာကိုင္သာရွိတဲ့ ေကာင္းမြန္ေသာ မူဝါဒမ်ားရွိရန္လည္း မရွိမျဖစ္ လိုအပ္တာျဖစ္ပါတယ္”ဟု ၎မွ ဆိုသည္။
ထို႔ျပင္ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးသည္ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ႏိုင္သည့္ စြမ္းရည္ရွိသူမ်ားလည္း လိုအပ္ေၾကာင္း UMFCCI အသင္း ဥကၠ႒ ဦးေအးဝင္းမွ သုံးသပ္ေျပာဆိုထားသည္။
ျမန္မာႏိုင္ငံ၏ ပုဂၢလိက စီးပြားေရးက႑တြင္ MSME လုပ္ငန္းမ်ားသည္ အမ်ားဆုံးပါဝင္ၿပီး အဆိုပါလုပ္ငန္းမ်ားသည္ ႏိုင္ငံ၏စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးႀကီးေသာေမာင္းႏွင္အားျဖစ္ ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ထို႔ေၾကာင့္ ကုန္သည္စက္မႈအသင္းခ်ဳပ္အေနျဖင့္ ဦးစားေပးေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားထဲတြင္ MSME လုပ္ငန္းမ်ားအပါအဝင္ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားကို ႏိုင္ငံတကာအဆင့္မီ ယွဥ္ၿပိဳင္ႏိုင္စြမ္းျမင့္မားေရးအတြက္ စြမ္းေဆာင္ရည္ျမႇင့္တင္ေပးျခင္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထို႔ျပင္ စီးပြားေရးလုပ္ငန္းမ်ားအား သင့္ေလ်ာ္ေသာ အကာအကြယ္မ်ားေပးျခင္း ႏွင့္ ဘက္စုံစီးပြားေရးတိုးတက္မႈအတြက္ အရင္းအျမစ္ဗဟိုဌာနအေနျဖင့္ ေဆာင္႐ြက္ေရးကို ဦးစားေပးလုပ္ငန္းစဥ္မ်ားတြင္ ထည့္သြင္းထားေၾကာင္း ၎မွဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံက ရုရှားနိုင်ငံထွက်ရေနံများဝယ်ယူရာတွင် တရုတ်နိုင်ငံသုံးယွမ်ငွေကြေးဖြင့် ပေးချေဝယ်ယူဖွယ်ရှိနေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း