ပါကစ္စတန်နိုင်ငံက ရုရှားနိုင်ငံထွက်ရေနံများဝယ်ယူရာတွင် တရုတ်နိုင်ငံသုံးယွမ်ငွေကြေးဖြင့် ပေးချေဝယ်ယူဖွယ်ရှိနေ
Pika (NP News) - မေ ၇
ပါကစ္စတန်နိုင်ငံသည် ရုရှားနိုင်ငံထွက် ရေနံစိမ်းများဝယ်ယူရာတွင် တရုတ်နိုင်ငံသုံးငွေကြေးယွမ်ဖြင့် ပေးချေသွားနိုင်ဖွယ်ရှိကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကားပြီး ဒေသဆိုင်ရာမီဒီယာများကဖော်ပြခဲ့သည်။
ထို့ပြင် ရေနံစည်ပေါင်း(၇)သိန်းခွဲ တင်ဆောင်လာသော ပထမဆုံးရေနံတင်သင်္ဘောသည် ဇွန်လတွင် ပါကစ္စတန်နိုင်ငံဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။ ရေနံစိမ်း အရောင်းအ ဝယ်ကိစ္စများနှင့်ပတ်သက်ပြီး တရုတ်ဘဏ်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန် ကြီးဌာနက အမည်မဖော်လိုသူ အရာရှိတစ်ဦးက The News International သတင်းဌာနသို့ပြောကြားခဲ့သည်။
သို့သော်လည်း သတင်းရင်းမြစ်များသည် ပါကစ္စတန်က ရရှိမည့် လျှော့ဈေးနှင့် ငွေပေးချေမှုပုံစံ အ ကြောင်းကို အသေးစိတ်ဖော်ပြထားခြင်းမျိုးမရှိကြောင်းလည်းသိရသည်။ တာဝန်ရှိတစ်ဦးက" ရုရှားဟာ URAL ရေနံစိမ်းကို ထောက်ပံ့ပေးမှာဖြစ်တယ်။ ပါကစ္စတန်ရဲ့ရေနံချက်စက်ရုံ(PRL)ဟာ ရုရှားရေနံစိမ်းတွေကို သန့်စင်ပေးဖို့ တာဝန်ယူပါလိမ့်မယ်"ဟုပြောဆိုခဲ့သည်။
G7 အဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံထွက်ရေနံကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆ဝ)အောက် ဈေးနှုန်းဖြင့် ဝယ်ယူရန်သတ်မှတ်ထားကြောင်းသိရသည်။ သို့သော်လည်း ပါကစ္စတန်နိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅ဝ)မှ (၅၂)ဒေါ်လာအထိ ပေးချေရန် သဘောတူထားကြောင်း အချို့သတင်းရင်းမြစ်များကပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ၊ G7 အဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများသည် ရုရှားနိုင်ငံထွက်ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆ဝ)ဖြင့်သာတင်ပို့ရန် ဈေးနှုန်းသတ်မှတ်ခဲ့ကြကြောင်းသိရသည်။ G7 အဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံထွက် ရေနံထွက်ကုန်များ တင်သွင်းမှုအားလုံးနီးပါးကို ပိတ်ဆို့မှုအပြင် ဒီဇယ်နှင့် အခြားရေနံထွက်ကုန်များ၏ ဈေးနှုန်းကန့်သတ်ချက်များကိုလည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၅)ရက်က စတင်ခဲ့ကြောင်းသိရသည်။
zawgyi version
ပါကစၥတန္ႏိုင္ငံက ႐ုရွားႏိုင္ငံထြက္ေရနံမ်ားဝယ္ယူရာတြင္ တ႐ုတ္ႏိုင္ငံသုံးယြမ္ေငြေၾကးျဖင့္ ေပးေခ်ဝယ္ယူဖြယ္ရွိေန
Pika (NP News) - ေမ ၇
ပါကစၥတန္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံထြက္ ေရနံစိမ္းမ်ားဝယ္ယူရာတြင္ တ႐ုတ္ႏိုင္ငံသုံးေငြေၾကးယြမ္ျဖင့္ ေပးေခ်သြားႏိုင္ဖြယ္ရွိေၾကာင္း အစိုးရသတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး ေဒသဆိုင္ရာမီဒီယာမ်ားကေဖာ္ျပခဲ့သည္။
ထို႔ျပင္ ေရနံစည္ေပါင္း(၇)သိန္းခြဲ တင္ေဆာင္လာေသာ ပထမဆုံးေရနံတင္သေဘၤာသည္ ဇြန္လတြင္ ပါကစၥတန္ႏိုင္ငံဆိပ္ကမ္းသို႔ ဆိုက္ကပ္ႏိုင္ဖြယ္ရွိေနေၾကာင္းလည္းသိရသည္။ ေရနံစိမ္း အေရာင္းအ ဝယ္ကိစၥမ်ားႏွင့္ပတ္သက္ၿပီး တ႐ုတ္ဘဏ္မွ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း စြမ္းအင္ဝန္ ႀကီးဌာနက အမည္မေဖာ္လိုသူ အရာရွိတစ္ဦးက The News International သတင္းဌာနသို႔ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း သတင္းရင္းျမစ္မ်ားသည္ ပါကစၥတန္က ရရွိမည့္ ေလွ်ာ့ေဈးႏွင့္ ေငြေပးေခ်မႈပုံစံ အ ေၾကာင္းကို အေသးစိတ္ေဖာ္ျပထားျခင္းမ်ိဳးမရွိေၾကာင္းလည္းသိရသည္။ တာဝန္ရွိတစ္ဦးက" ႐ုရွားဟာ URAL ေရနံစိမ္းကို ေထာက္ပံ့ေပးမွာျဖစ္တယ္။ ပါကစၥတန္ရဲ႕ေရနံခ်က္စက္႐ုံ(PRL)ဟာ ႐ုရွားေရနံစိမ္းေတြကို သန႔္စင္ေပးဖို႔ တာဝန္ယူပါလိမ့္မယ္"ဟုေျပာဆိုခဲ့သည္။
G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ႐ုရွားႏိုင္ငံထြက္ေရနံကို တစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၆ဝ)ေအာက္ ေဈးႏႈန္းျဖင့္ ဝယ္ယူရန္သတ္မွတ္ထားေၾကာင္းသိရသည္။ သို႔ေသာ္လည္း ပါကစၥတန္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံမွ ေရနံကို တစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၅ဝ)မွ (၅၂)ေဒၚလာအထိ ေပးေခ်ရန္ သေဘာတူထားေၾကာင္း အခ်ိဳ႕သတင္းရင္းျမစ္မ်ားကေျပာၾကားခဲ့သည္။
ဥေရာပသမဂၢ၊ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ ၎တို႔၏ မဟာမိတ္ႏိုင္ငံမ်ားသည္ ႐ုရွားႏိုင္ငံထြက္ေရနံတစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၆ဝ)ျဖင့္သာတင္ပို႔ရန္ ေဈးႏႈန္းသတ္မွတ္ခဲ့ၾကေၾကာင္းသိရသည္။ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ႐ုရွားႏိုင္ငံထြက္ ေရနံထြက္ကုန္မ်ား တင္သြင္းမႈအားလုံးနီးပါးကို ပိတ္ဆို႔မႈအျပင္ ဒီဇယ္ႏွင့္ အျခားေရနံထြက္ကုန္မ်ား၏ ေဈးႏႈန္းကန႔္သတ္ခ်က္မ်ားကိုလည္း ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ(၅)ရက္က စတင္ခဲ့ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းတို့ပစ်ခတ်ခဲ့သော ဒုံးကျည်သုံးစင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ပစ်ချ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း