ဧပြီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်(၉ဝဝဝဝ)နီးပါး တင်ပို့နိုင်ခဲ့
ယွန်း (NP News) - မေ ၇
ပြည်ပနိုင်ငံများသို့ ၂ဝ၂၃ ခုနှစ် ဧပြီလအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန်(၈၇၆၄၂) တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းအချက်အလက်များအရ သိရသည်။
အဆိုပါ တင်ပို့မှုတွင် ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန်(၄၇၈၈၈)တန် တင်ပို့နိုင်ခဲ့ပြီး ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၃၉၇၆ဝ)တန်ဖြစ် ကြောင်း သိရသည်။
၎င်းတို့အနက်မှ မက်ထရစ်တန်ချိန် (၈၅၃၆ဝ)တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးမှတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၂၂၈၈)တန်ဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။
အဆိုပါကာလတွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံသည် မလေးရှားနိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်၊ စပိန်၊ တူရကီ နှင့် အီတလီနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၂၅)နိုင်ငံအား တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဆန်ကွဲတင်ပို့မှုတွင် ဘယ်လ်ဂျီယံသို့ အများဆုံးတင်ပို့နိုင်ခဲ့ပြီး တရုတ်၊ ပြင်သစ်၊ အီတလီနှင့် ချက်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် (၁၁)နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ စပါးဈေနှုန်းများမြင့်တက်ခြင်းနှင့်အတူ ဆန်း ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်ကို ဈေးကွက်သတင်းများအရသိရ သည်။
zawgyi version
ဧၿပီလအတြင္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္(၉ဝဝဝဝ)နီးပါး တင္ပို႔ႏိုင္ခဲ့
ယြန္း (NP News) - ေမ ၇
ျပည္ပႏိုင္ငံမ်ားသို႔ ၂ဝ၂၃ ခုႏွစ္ ဧၿပီလအတြင္း ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္(၈၇၆၄၂) တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ စာရင္းအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ တင္ပို႔မႈတြင္ ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္(၄၇၈၈၈)တန္ တင္ပို႔ႏိုင္ခဲ့ၿပီး ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၃၉၇၆ဝ)တန္ျဖစ္ ေၾကာင္း သိရသည္။
၎တို႔အနက္မွ မက္ထရစ္တန္ခ်ိန္ (၈၅၃၆ဝ)တန္ကို ပင္လယ္ေရေၾကာင္းမွ တင္ပို႔ခဲ့ျခင္းျဖစ္ၿပီး နယ္စပ္ကုန္သြယ္ေရးမွတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၂၂၈၈)တန္ျဖစ္ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါကာလတြင္ ဆန္တင္ပို႔မႈ အမ်ားဆုံးႏိုင္ငံသည္ မေလးရွားႏိုင္ငံျဖစ္ၿပီး ဖိလစ္ပိုင္၊ စပိန္၊ တူရကီ ႏွင့္ အီတလီႏိုင္ငံမ်ား အပါအဝင္ ႏိုင္ငံေပါင္း (၂၅)ႏိုင္ငံအား တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ဆန္ကြဲတင္ပို႔မႈတြင္ ဘယ္လ္ဂ်ီယံသို႔ အမ်ားဆုံးတင္ပို႔ႏိုင္ခဲ့ၿပီး တ႐ုတ္၊ ျပင္သစ္၊ အီတလီႏွင့္ ခ်က္ျပည္သူ႔သမၼတႏိုင္ငံ အပါအဝင္ (၁၁)ႏိုင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိအခ်ိန္တြင္ ျပည္တြင္း၌ စပါးေဈႏႈန္းမ်ားျမင့္တက္ျခင္းႏွင့္အတူ ဆန္း ေဈးႏႈန္းမ်ားလည္း ျမင့္တက္လ်က္ရွိသည္ကို ေဈးကြက္သတင္းမ်ားအရသိရ သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုဗစ်(၁၉)ရောဂါကို အပြီးသတ် ရပ်တန့်အောင် ဖယ်ရှားရှင်းလင်းဖို့ မဖြစ်နိုင်ကြောင်း WHO အဖွဲ့အကြီးအကဲဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း