Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နာပိုလီအသင်းရဲ့ချန်ပီယံဖြစ်မှုအောင်ပွဲခံချိန်အတွင်း မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ လုပ်ကြံသတ်ဖြတ်ခဲ့ရဟုဆို

ဂျန်ဇက် (NP News) - မေ ၇

မားဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားတစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အီတလီနိုင်ငံ နေပယ်မြို့မှာ ချန်ပီယံဖြစ်မှုအတွက် အောင်ပွဲခံချိန်အတွင်း လုပ်ကြံသတ်ဖြတ်ခံရကြောင်းသိရပါတယ်။

နာပိုလီအသင်းဟာ ပြည်တွင်း စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆုကို နှစ်ပေါင်း ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် နေပယ်မြို့သားထောင်ချီဟာ မြို့အတွင်း အောင်ပွဲခံပွဲများလုပ် ဆောင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါအောင်ပွဲခံချိန်အတွင်း မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူဟာ သေနတ်နဲ့လုပ်ကြံခံရခြင်းဖြစ်ပြီး အခြားသုံးဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရပါတယ်။ 

မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ Vincenzo Costanzo ဟာ သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး ဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံတင်ပို့ချိန်မှာသေဆုံးသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါလုပ်ကြံမှုအတွင်း အသက် ၂၆ နှစ်အရွယ်ရှိ Vincenzo Costanzo ရဲ့ချစ်သူ နဲ့အခြားသူငယ်ချင်းနှစ်ဦးလည်း သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ်။ ၎င်းဟာ ရာဇာဝတ်မှုမှတ်တမ်းများရှိခဲ့ဖူးသူဖြစ်ပြီး နေပယ်မြို့ရှိ မားဖီးယားဂိုဏ်းခေါင်းဆောင်ဖြစ်သူ Maurizio Costanzo ရဲ့သားဖြစ် ကြောင်း အီတလီမီဒီယာတွေကဖော်ပြပါတယ်။

ရာဇာဝတ်ဂိုဏ်းများကြားဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခများနဲ့ဆက်နွယ်ပြီး လုပ်ကြံခံရခြင်းမျိုးဖြစ်ကြောင်း အီတလီမီဒီယာတွေကဖော်ပြပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေပွဲစဉ် ၃၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၈ဝ ရရှိခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် လာဇီယိုအသင်းကို ၁၆ မှတ်ဖြတ်ထားနိုင်တဲ့အ တွက် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လာဇီယိုအသင်းဟာ စီးရီးအေပွဲစဉ် ၃၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၆၄ မှတ်သာရရှိထားပြီး လက်ကျန်ပွဲစဉ် ၅ ပွဲစလုံးအနိုင်ရမယ်ဆိုရင်လည်း နာပိုလီအသင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိတဲ့အခြေနေမျိုးရှိနေခဲ့ကြောင်းသိရပါတယ်။

နေပယ်မြို့တော်ဝန် Gaetano Manfredi က အဆိုပါပစ်ခတ်လုပ်ကြံမှုဟာ ဘောလုံးချန်ပီယံဖြစ်တဲ့အတွက် ပြုလုပ်ခဲ့တဲ့အောင်ပွဲခံအခမ်းအနားနဲ့တိုက်ရိုက်ဆက်နွယ်ခြင်းမရှိကြောင်း၊ အောင်ပွဲခံအခမ်းအနားကျင်းပမှုတွေကို အခွင့်ကောင်းယူပြီး လုပ်ကြံခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ၁၉၉ဝ ခုနှစ်ကနောက်ဆုံး အကြိမ်ရယူနိုင်ခဲ့ပြီးနှစ်ပေါင်း ၃၃ နှစ်အကြာမှာ ချန်ပီယံဆုကိုတစ်ကျော့ပြန်ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မေ ၇






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေနစ်နေသည့် သားဖြစ်သူနှင့် တူဖြစ်သူကို ဆင်းကယ်သည့် ဖခင်ဖြစ်သူရေနစ်သေဆုံး

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved