ရေနစ်နေသည့် သားဖြစ်သူနှင့် တူဖြစ်သူကို ဆင်းကယ်သည့် ဖခင်ဖြစ်သူရေနစ်သေဆုံး
စော (NP News) - မေ ၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်တွင် ရေနစ်နေသည့် သားဖြစ်သူနှင့် တူဖြစ်သူကို ဆင်းကယ်သည့် ဖခင်ဖြစ်သူရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအမျိုးသားသည် ယမန်နေ့ (မေလ ၆ ရက်)၊ မွန်းလွဲ (၁)နာရီအချိန် ဘားအံ-ထုံးအိုင်လမ်းမကြီး သံလွင်မြစ်အတွင်း၌ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ် ဆယ်အဖွဲ့ (ဘားအံ)မှ သိရသည်။
“ကမ်းစပ်မှာ ရေဆင်းကူးရင်း ကလေးနှစ်ယောက် ရေနစ်လို့ဆင်းဆယ်ရင်း လက်ပမ်းကျပြီး နစ်သွားတာ။ ကလေးတွေကတော့လွတ်သွားတယ်။ ကလေးနှစ်ယောက်က အသက်ရှင်တယ်။ သူ့သား နဲ့ သူ့တူလို့ပြောတယ်။ ပြန်ရှာတွေ့ပြီ။ ဖြစ်စဉ်က (၁)နာရီလောက်ကဖြစ်တာ ။အဲဒီနေ့ ညနေ (၄)နာရီ (၄ဝ)မိနစ်လောက်မှ ပြန်တွေ့တယ်။ အဲဒီရပ်ကွက်မှာပဲနေတာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်အဖွဲ့ (ဘားအံ)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ဦးသက်ထွန်း၊ အသက်(၄၅)နှစ်ဖြစ်ပြီး အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်အဖွဲ့ (ဘားအံ)မှဆိုသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ဘားအံဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ေရနစ္ေနသည့္ သားျဖစ္သူႏွင့္ တူျဖစ္သူကို ဆင္းကယ္သည့္ ဖခင္ျဖစ္သူေရနစ္ေသဆုံး
ေစာ (NP News) - ေမ ၇
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ သံလြင္ျမစ္တြင္ ေရနစ္ေနသည့္ သားျဖစ္သူႏွင့္ တူျဖစ္သူကို ဆင္းကယ္သည့္ ဖခင္ျဖစ္သူေရနစ္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါအမ်ိဳးသားသည္ ယမန္ေန႔ (ေမလ ၆ ရက္)၊ မြန္းလြဲ (၁)နာရီအခ်ိန္ ဘားအံ-ထုံးအိုင္လမ္းမႀကီး သံလြင္ျမစ္အတြင္း၌ ေရနစ္ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ ဆယ္အဖြဲ႕ (ဘားအံ)မွ သိရသည္။
“ကမ္းစပ္မွာ ေရဆင္းကူးရင္း ကေလးႏွစ္ေယာက္ ေရနစ္လို႔ဆင္းဆယ္ရင္း လက္ပမ္းက်ၿပီး နစ္သြားတာ။ ကေလးေတြကေတာ့လြတ္သြားတယ္။ ကေလးႏွစ္ေယာက္က အသက္ရွင္တယ္။ သူ႔သား နဲ႔ သူ႔တူလို႔ေျပာတယ္။ ျပန္ရွာေတြ႕ၿပီ။ ျဖစ္စဥ္က (၁)နာရီေလာက္ကျဖစ္တာ ။အဲဒီေန႔ ညေန (၄)နာရီ (၄ဝ)မိနစ္ေလာက္မွ ျပန္ေတြ႕တယ္။ အဲဒီရပ္ကြက္မွာပဲေနတာပါ” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္အဖြဲ႕ (ဘားအံ)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားသည္ ဦးသက္ထြန္း၊ အသက္(၄၅)ႏွစ္ျဖစ္ၿပီး အမွတ္(၄)ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္အဖြဲ႕ (ဘားအံ)မွဆိုသည္။
လက္ရွိတြင္ ၎၏႐ုပ္အေလာင္းအား ဘားအံေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အဖြေရယူနိုင်ရေးအစိတ်အပိုင်းအဖြစ်သာပါဝင်လိုပြီး ပြဿနာရဲ့အစိတ်အပိုင်းအဖြစ်မပါဝင်လိုကြောင်း အာဆီယံအဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း