ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ အကယ်ဒမီပေးပွဲအပြန်တွင် ရုတ်တရက်ကွယ်လွန်
စော (NP News)- မေ ၇
ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ အကယ်ဒမီပေးပွဲအပြန်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဦးအောင်သာသည် ယနေ့ (မေလ ၇ ရက်)၊ နံနက်(၈)နာရီ မိနစ်(၂ဝ)အချိန်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးအောင်သာသည် ယမန်နေ့ (မေလ ၆ ရက်)တွင် နေပြည်တော်၌ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကိုတက်ရောက်ပြီး ရန်ကုန်သို့ အပြန်ကားပေါ်တွင် ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက “နေပြည်တော်မှာပဲကျန်ခဲ့ပြီး ဆုံးသွားတာပါ။ ခန်မှန်းခြေမနက်(၈)နာရီခွဲလောက်ပဲ”ဟု NP News ကိုပြောသည်။
ဦးအောင်သာသည် ယမန်နေ့(မေလ ၆ ရက်)ညကတည်းက ဝမ်းသွားနေပြီး အစာအခံမရှိခြင်းကြောင့် ဆုံးသွားခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။
zawgyi version
ဇာတ္ပို႔သ႐ုပ္ေဆာင္ ဦးေအာင္သာ အကယ္ဒမီေပးပြဲအျပန္တြင္ ႐ုတ္တရက္ကြယ္လြန္
ေစာ (NP News)- ေမ ၇
ဇာတ္ပို႔သ႐ုပ္ေဆာင္ ဦးေအာင္သာ အကယ္ဒမီေပးပြဲအျပန္တြင္ ႐ုတ္တရက္ကြယ္လြန္သြားခဲ့ေၾကာင္း သတင္းရရွိသည္။
ဦးေအာင္သာသည္ ယေန႔ (ေမလ ၇ ရက္)၊ နံနက္(၈)နာရီ မိနစ္(၂ဝ)အခ်ိန္တြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးေအာင္သာသည္ ယမန္ေန႔ (ေမလ ၆ ရက္)တြင္ ေနျပည္ေတာ္၌က်င္းပခဲ့သည့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားကိုတက္ေရာက္ၿပီး ရန္ကုန္သို႔ အျပန္ကားေပၚတြင္ ႐ုတ္တရက္ ကြယ္လြန္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဒုဥကၠ႒ ဦးေအးၾကဴေလးက “ေနျပည္ေတာ္မွာပဲက်န္ခဲ့ၿပီး ဆုံးသြားတာပါ။ ခန္မွန္းေျခ မနက္(၈)နာရီခြဲေလာက္ပဲ”ဟု NP News ကိုေျပာသည္။
ဦးေအာင္သာသည္ ယမန္ေန႔(ေမလ ၆ ရက္)ညကတည္းက ဝမ္းသြားေနၿပီး အစာအခံမရွိျခင္းေၾကာင့္ ဆုံးသြားျခင္းျဖစ္ႏိုင္ေၾကာင္းလည္း ၎ႏွင့္နီးစပ္သည့္အသိုင္းအဝိုင္းက ေျပာသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“ဒုက္ခသုတ်ခနဲ့ ဖရိုဖရဲဖြစ်မှုတွေကိုသာ သယ်ဆောင်လာတဲ့ အမေရိကန်စစ်ရေးစွက်ဖက်မှုများ” (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ