တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သမိုင်းတစ်လျှောက်အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်မယ်
ဂျန်ဇက် (NP News) - မေ ၆
မြောက်ကိုရီးယားနဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မဟာမိတ်အဖြစ်တည်ထောင်မှု နှစ် ၇ဝ ပြည့်အထိမ်းအမှတ်အဖြစ် ကျည်အစစ်တွေနဲ့ ပြုလုပ်မယ့်အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အမေရိကန် နဲ့ တောင်ကိုရီးယားစစ်ဘက်တို့ဟာ Pocheon ဒေသရှိ Seungjin Fire Training ကျောင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို မေလ ၂၅ ရက်ကနေ ဇွန်လ ၁၅ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ တောင်ကိုရီးယားစစ်တပ် ဖွဲ့စည်းတည် ထောင်မှု ၇၅ နှစ်ပြည့် နဲ့ တောင်ကိုရီးယားနဲ့အမေရိကန်ကြား မဟာမိတ်အဖြစ် ပူးပေါင်းမှု နှစ် ၇ဝ ပြည့်အထိမ်းမှတ်အဖြစ် ကျည်အစစ်တွေနဲ့ပစ်ခတ်လေ့ကျင့်မယ့် အကြီးမားဆုံးစစ်ရေးလေ့ကျင့်ရေးခန်းတွေကိုလုပ်ဆောင်မှာဖြစ်ပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များအတွင်း F-35A အမျိုးစားကိုယ်ပျောက်တိုက် လေယာဉ်၊ AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ K2 အမျိုးအစားတင့်ကားများ၊Chunmoo ဒုံးကျည်လောင်ချာများအသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် နှစ်ဦးပိုင်းကတည်းက ဒုံးကျည်များဆက်တိုက်စမ်းသပ်လာခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာခဲ့ရာ အမေရိကန် နဲ့တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကိုတုံ့ပြန်ဖို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။
အမေရိကန် နဲ့ တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ရန်စမှုတွေကိုတားဆီးဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့်မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ဝေဖန်ပြစ်တင်ထားပြီး ရန်စမှုများအဖြစ် ရှုမြင်သုံးသပ်ထားပါတယ်။ တောင်ကိုရီးယားနဲ့အမေရိကန်တို့ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းဟာ မြောက်ကိုရီးယားနိုင်ငံ နဲ့ တင်းမာမှုအခြေအ နေတွေ ပိုမိုမြင့်တက်လာဖွယ်ရှိနေတယ်လို့ သတင်းများလည်းထွက်ပေါ်နေပါတယ်။
zawgyi version
ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ သမိုင္းတစ္ေလွ်ာက္အႀကီးမားဆုံး စစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္မယ္
ဂ်န္ဇက္ (NP News) - ေမ ၆
ေျမာက္ကိုရီးယားနဲ႔တင္းမာမႈေတြရွိေနခ်ိန္မွာပဲ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ဟာ မဟာမိတ္အျဖစ္တည္ေထာင္မႈ ႏွစ္ ၇ဝ ျပည့္အထိမ္းအမွတ္အျဖစ္ က်ည္အစစ္ေတြနဲ႔ ျပဳလုပ္မယ့္အႀကီးမားဆုံးစစ္ေရးေလ့က်င့္ခန္းကို လုပ္ေဆာင္ဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။
အေမရိကန္ နဲ႔ ေတာင္ကိုရီးယားစစ္ဘက္တို႔ဟာ Pocheon ေဒသရွိ Seungjin Fire Training ေက်ာင္းမွာ ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြကို ေမလ ၂၅ ရက္ကေန ဇြန္လ ၁၅ ရက္အထိ က်င္းပသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ေတာင္ကိုရီးယားစစ္တပ္ ဖြဲ႕စည္းတည္ ေထာင္မႈ ၇၅ ႏွစ္ျပည့္ နဲ႔ ေတာင္ကိုရီးယားနဲ႔အေမရိကန္ၾကား မဟာမိတ္အျဖစ္ ပူးေပါင္းမႈ ႏွစ္ ၇ဝ ျပည့္အထိမ္းမွတ္အျဖစ္ က်ည္အစစ္ေတြနဲ႔ပစ္ခတ္ေလ့က်င့္မယ့္ အႀကီးမားဆုံးစစ္ေရးေလ့က်င့္ေရးခန္းေတြကိုလုပ္ေဆာင္မွာျဖစ္ပါတယ္။
အဆိုပါစစ္ေရးေလ့က်င့္ခန္းအစီအစဥ္မ်ားအတြင္း F-35A အမ်ိဳးစားကိုယ္ေပ်ာက္တိုက္ ေလယာဥ္၊ AH-64 Apache တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ား၊ K2 အမ်ိဳးအစားတင့္ကားမ်ား၊Chunmoo ဒုံးက်ည္ေလာင္ခ်ာမ်ားအသုံးျပဳသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္ ႏွစ္ဦးပိုင္းကတည္းက ဒုံးက်ည္မ်ားဆက္တိုက္စမ္းသပ္လာခဲ့ၿပီးေနာက္ ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာခဲ့ရာ အေမရိကန္ နဲ႔ေတာင္ကိုရီးယားတို႔ဟာ ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈကိုတုံ႔ျပန္ဖို႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြ ပိုမိုလုပ္ေဆာင္လာခဲ့ပါတယ္။
အေမရိကန္ နဲ႔ ေတာင္ကိုရီးယားတို႔က ပူးတြဲစစ္ေရးေလ့က်င့္မႈေတြဟာ ေျမာက္ကိုရီးယားရဲ႕ရန္စမႈေတြကိုတားဆီးဖို႔ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ေျမာက္ကိုရီးယားကေတာ့ ေတာင္ကိုရီးယားနဲ႔အေမရိကန္တို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားကို ေဝဖန္ျပစ္တင္ထားၿပီး ရန္စမႈမ်ားအျဖစ္ ရႈျမင္သုံးသပ္ထားပါတယ္။ ေတာင္ကိုရီးယားနဲ႔အေမရိကန္တို႔ ျပဳလုပ္မယ့္ စစ္ေရးေလ့က်င့္ခန္းဟာ ေျမာက္ကိုရီးယားႏိုင္ငံ နဲ႔ တင္းမာမႈအေျခအ ေနေတြ ပိုမိုျမင့္တက္လာဖြယ္ရွိေနတယ္လို႔ သတင္းမ်ားလည္းထြက္ေပၚေနပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်ဘုရင်နန်းတက်ပွဲအခမ်းအနားမတိုင်မီ စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်သိမ်းဖို့ ပြည်သူများဆန္ဒပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ