မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုအခြေအနေကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NP News) - မေ ၅
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများကိုလျော့ချပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်နိုင်ဖို့ အဖွဲ့အစည်းများနဲ့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ တွေ့ဆုံဆွေးနွေးခဲ့တဲ့အဖွဲ့အစည်းများကို အတိကျပြောဆိုခြင်းမရှိပေမယ့်လည်း အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးမှု အကြိမ်(၆ဝ) လုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ၎င်းက "ဝန်ကြီးရက်နိုမာဆူဒီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ (NUG)အဖွဲ့ နဲ့ နစက အပါအဝင်အဖွဲ့အစည်းအားလုံးနီးပါးနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံရေးပြသာနာကိုဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးမှုတွေဖြစ်စေဖို့ ကြိုးပမ်းနေတယ်။ မြန်မာနိုင်ငံရေးအခက်အခဲနဲ့ သက်ဆိုင်သူများကြား ကွာဟချက်တွေကို လျှော့ချနိုင်ဖို့ ပေါင်းကူးဆက်ဆံရေးကိုဆက်လက်လုပ်ဆောင်သွားမှာပါ"လို့ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မေလ ၁ဝ ရက် နဲ့ ၁၁ ရက်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်ပြုလုပ်တဲ့ အင်တာဗျူးမှာအခုလိုမျိုး ပြောခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှားဟာ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ နစက တာဝန်ရှိသူများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တာဝန်ရှိသူများကတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေကို တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမရှိကြောင်းသိရပါတယ်။
ဒါပေမယ့် NUG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်အောင် အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့လမှာ အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာအာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂ဝ၂၁ ခုနှစ်ဧပြီလက အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ နစက ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ရယူခဲ့ပေမယ့် လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးတဲ့အတွက် ဝေဖန်မှုများလည်းရှိနေကြောင်းသိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့ဟာ မြန်မာနိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့ 'quiet diplomacy' နည်းလမ်းကိုအသုံးပြုလျက်ရှိနေကြောင်း ဆိုပါတယ်။
zawgyi version
ျမန္မာ့ႏိုင္ငံေရးအဖြဲ႕အစည္းမ်ားနဲ႔ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈအေျခအေနကို အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ေမ ၅
ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈမ်ားကိုေလ်ာ့ခ်ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား စတင္ႏိုင္ဖို႔ အဖြဲ႕အစည္းမ်ားနဲ႔ လွ်ိဳ႕ဝွက္ေတြ႕ဆုံေဆြးေႏြးေနေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။
အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီဟာ ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့အဖြဲ႕အစည္းမ်ားကို အတိက်ေျပာဆိုျခင္းမရွိေပမယ့္လည္း အဖြဲ႕အစည္းေတြနဲ႔ ေစ့စပ္ေဆြးေႏြးမႈ အႀကိမ္(၆ဝ) လုပ္ေဆာင္ထားတယ္လို႔ဆိုပါတယ္။ ၎က "ဝန္ႀကီးရက္ႏိုမာဆူဒီက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ (NUG)အဖြဲ႕ နဲ႔ နစက အပါအဝင္အဖြဲ႕အစည္းအားလုံးနီးပါးနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့တယ္။ ျမန္မာႏိုင္ငံေရးျပသာနာကိုေျဖရွင္းႏိုင္ဖို႔ အားလုံးပါဝင္တဲ့ ေတြ႕ ဆုံေဆြးေႏြးမႈေတြျဖစ္ေစဖို႔ ႀကိဳးပမ္းေနတယ္။ ျမန္မာႏိုင္ငံေရးအခက္အခဲနဲ႔ သက္ဆိုင္သူမ်ားၾကား ကြာဟခ်က္ေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ေပါင္းကူးဆက္ဆံေရးကိုဆက္လက္လုပ္ေဆာင္သြားမွာပါ"လို႔ေျပာပါတယ္။
အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဟာ ေမလ ၁ဝ ရက္ နဲ႔ ၁၁ ရက္မွာက်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမတိုင္ခင္ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာအခုလိုမ်ိဳး ေျပာခဲ့တာျဖစ္ပါတယ္။အင္ဒိုနီးရွားဟာ ၂ဝ၂၃ ခုႏွစ္မွာ အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ယူခဲ့ၿပီးေနာက္ ျမန္မာ့ႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းလ်က္ရွိေနပါတယ္။ နစက တာဝန္ရွိသူမ်ားနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ႏွစ္ဖြဲ႕တာဝန္ရွိသူမ်ားကေတာ့ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ေျပာဆိုခ်က္ေတြကို တစ္စုံတစ္ရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမရွိေၾကာင္းသိရပါတယ္။
ဒါေပမယ့္ NUG အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ အာဆီယံဥကၠ႒နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေျပာဆိုထားပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ ျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့လမွာ အိႏၵိယႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့တဲ့ ျမန္မာ့အေရးေတြ႕ဆုံေဆြးေႏြးပြဲကို တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံမွာအာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ၂ဝ၂၁ ခုႏွစ္ဧၿပီလက အာဆီယံအဖြဲ႕ေခါင္းေဆာင္ေတြဟာ နစက ေခါင္းေဆာင္နဲ႔ေတြ႕ဆုံေဆြးေႏြးၿပီး အာဆီယံသေဘာတူညီခ်က္ငါးခ်က္ရယူခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ တိုးတက္မႈမရွိေသးတဲ့အတြက္ ေဝဖန္မႈမ်ားလည္းရွိေနေၾကာင္းသိရပါတယ္။ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ၎တို႔ဟာ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကိုေျဖရွင္းႏိုင္ဖို႔ 'quiet diplomacy' နည္းလမ္းကိုအသုံးျပဳလ်က္ရွိေနေၾကာင္း ဆိုပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေလ(၂၃)ရက်တွင် စတင်ဆောင်ရွက်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ