ကျောက်တော်မြို့နယ်တွင် တစ်နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၄)လုံး ပျက်စီးဆုံးရှုံး
စော (NP News) - မေ ၅
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တစ်နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၄)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၅ ရက်)၊ နံနက် (၉)နာရီခွဲအချိန်တွင် ကျောက်တော်မြို့နယ်၊ ၊ ခေါင်းတုတ်(မူ)ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါမီးလောင်မှုသည် ထမင်းချက်ဖိုမှ မီးစလောင်ခြင်းဖြစ်ကြောင်း ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှဆိုသည်။
“ပေါ့ဆမီးလို့တော့ပြောတယ်။ ထမင်းချက်ဖိုကလောင်တယ်ပြောတယ်။ နေအိမ်က (၄)လုံးမီးလောင်ကျွမ်းသွားတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာမရှိဘူး”ဟု ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းငြှိမ်းသက်မှုကြောင့် မွန်းလွဲ(၁၁)နာရီဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ပူပြင်းသောရာသီဥတုတွင် အချိန်မရွေး မီးလောင်နိုင်သောကြောင့် လျှပ်စစ်နှင့်မီးသုံးစွဲသည့်အခါ မပေါ့ဆပဲ သတိထားသုံးစွဲကြရန်လိုကြောင်း ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ သတိပေးပြောဆိုထားသည်။
zawgyi version
ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ တစ္နာရီေက်ာ္ၾကာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ေနအိမ္(၄)လုံး ပ်က္စီးဆုံးရႈံး
ေစာ (NP News) - ေမ ၅
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ တစ္နာရီေက်ာ္ၾကာ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္(၄)လုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၅ ရက္)၊ နံနက္ (၉)နာရီခြဲအခ်ိန္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ၊ ေခါင္းတုတ္(မူ)ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္းမွ သိရသည္။
အဆိုပါမီးေလာင္မႈသည္ ထမင္းခ်က္ဖိုမွ မီးစေလာင္ျခင္းျဖစ္ေၾကာင္း ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္းမွဆိုသည္။
“ေပါ့ဆမီးလို႔ေတာ့ေျပာတယ္။ ထမင္းခ်က္ဖိုကေလာင္တယ္ေျပာတယ္။ ေနအိမ္က (၄)လုံးမီးေလာင္ကြၽမ္းသြားတယ္။ လူေတြကေတာ့ ထိခိုက္ဒဏ္ရာမရွိဘူး”ဟု ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
မီးေလာင္မႈအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕တို႔ ပူးေပါင္းျငႇိမ္းသက္မႈေၾကာင့္ မြန္းလြဲ(၁၁)နာရီဝန္းက်င္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။
အဆိုပါမီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမရွိေသာ္လည္း ေနအိမ္(၄)လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
ပူျပင္းေသာရာသီဥတုတြင္ အခ်ိန္မေ႐ြး မီးေလာင္ႏိုင္ေသာေၾကာင့္ လွ်ပ္စစ္ႏွင့္မီးသုံးစြဲသည့္အခါ မေပါ့ဆပဲ သတိထားသုံးစြဲၾကရန္လိုေၾကာင္း ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္းမွ သတိေပးေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုအခြေအနေကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း