ဖောင်းကြွနံပါတ်ပြားသစ်ပြောင်းလဲတပ်ဆင်ခြင်းမရှိသည့် မော်တော်ယာဉ်များ စိစစ်တွေ့ရှိပါက Wheel Tax သိမ်းယူမည်
စော (NP News) - မေ ၃
ဖောင်းကြွနံပါတ်ပြားသစ်ပြောင်းလဲတပ်ဆင်ခြင်းမရှိသည့် မော်တော်ယာဉ်များ စိစစ်တွေ့ရှိပါက Wheel Tax ကို သိမ်းယူမည်ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ရန်ကျန်ရှိသည့် မော်တော်ယာဉ်များကို မေလ(၁)ရက်မှ စတင်၍ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။
သို့သော် ကျန်ရှိသည့် မော်တော်ယာဉ်များအနေဖြင့် မေလ(၁)ရက်မှ မေလ(၇)ရက်အတွင်း ဖောင်းကြွ နံပါတ်ပြား အပြီးတပ်ဆင်ရန် ထပ်မံခွင့်ပြုပေးထားပြီးဖြစ်သည်။
ထို့ကြောင့် မေလ (၈)ရက်မှ မေလ (၁၄)ရက်အတွင်း ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲ တပ်ဆင်ခြင်းမရှိသေးသည့် မော်တော်ယာဉ်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် နံပါတ်ပြားယူထားသည့် အထောက်အထားပြေစာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ယာဉ်များ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေအဖြစ် ငွေကျပ် (၅ဝဝဝ) ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မေလ တတိယပတ် (မေလ ၁၅ ရက်)မှစတင်ပြီး ဖောင်းကြွနံပါတ်ပြားတပ်ဆင်ရန်ကျန်ရှိသည့် မော်တော်ယာဉ်များ အပါအဝင် နံပါတ်ပြားယူထားကြောင်း အထောက်အထားမပြနိုင်သည့် မော်တော် ယာဉ်များအား မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (Wheel Tax) ကို သိမ်းယူသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (Wheel Tax)ကို နံပါတ်ပြားအသစ်တပ်ဆင်ပြီး ဖြစ်ကြောင်း ပြသနိုင်သည့်အချိန်မှသာလျှင် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား (၃၈)ဦးကို သေဒဏ်ပြစ်ဒဏ်မှ နစက လွတ်ငြိမ်းခွင့်ပေး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း