မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နစကဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်၌ ဆွေးနွေး
မျိုးကြီး (NP News) - မေ ၃
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာချင်ကန်းသည် မေလ ၂ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာ၌ မစ္စတာချင်ကန်းက ယခု မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်မှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြ နေခြင်းသာမက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက် နှာစာ၌ မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကို ပြသခြင်းပင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် မစ္စတာချင်ကန်းတို့အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှဆိုထား သည်။
ဆက်လက်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှုများ မြှင့်တင်ရေး၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းသည် နစက၏နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ခရီးစဉ်သည် မေလ ၂ ရက်မှ ၄ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (မေလ ၂ ရက်)တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မစ္စတာချင်ကန်းတို့က မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြန်မာ-တရုတ်နှစ်နိုင်ငံဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြားဆောင်ရွက်နေသည့် စီမံ ကိန်းများ၊ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ နစကဥကၠ႒ ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ ေနျပည္ေတာ္၌ ေဆြးေႏြး
မ်ိဳးႀကီး (NP News) - ေမ ၃
ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာခ်င္ကန္းတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။
တ႐ုတ္ႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ မစၥတာခ်င္ကန္းသည္ ေမလ ၂ ရက္တြင္ ျမန္မာႏိုင္ငံသို႔ေရာက္ရွိလာခဲ့ၿပီးေနာက္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေနျပည္ေတာ္တြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံရာ၌ မစၥတာခ်င္ကန္းက ယခု ျမန္မာႏိုင္ငံသို႔ လာေရာက္သည့္ခရီးစဥ္မွာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကို ေဖာ္ျပ ေနျခင္းသာမက တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာမ်က္ ႏွာစာ၌ ျမန္မာႏိုင္ငံဘက္မွ ရပ္တည္ေနမႈကို ျပသျခင္းပင္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနမ်ား၊ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ မစၥတာခ်င္ကန္းတို႔အၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစကမွဆိုထား သည္။
ဆက္လက္ၿပီး ႏွစ္ႏိုင္ငံ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ နယ္စပ္ကုန္သြယ္မႈမ်ား ျမႇင့္တင္ေရး၊ စြမ္းအင္ႏွင့္လွ်ပ္စစ္က႑ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကိုလည္း ႏွစ္ဖက္အၾကား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံ၌ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကိုလည္း ဆက္လက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာခ်င္ကန္းသည္ နစက၏ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြ၏ ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ျခင္းျဖစ္ၿပီး ၎၏ခရီးစဥ္သည္ ေမလ ၂ ရက္မွ ၄ ရက္အထိ ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။
ယမန္ေန႔ (ေမလ ၂ ရက္)တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြႏွင့္ မစၥတာခ်င္ကန္းတို႔က ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ေဆြးေႏြးပြဲကို က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံေဆြးေႏြးပြဲအတြင္း ႏွစ္ႏိုင္ငံအၾကားေဆာင္႐ြက္ေနသည့္ စီမံ ကိန္းမ်ား၊ ျမန္မာ-တ႐ုတ္စီးပြားေရးစႀကႍႏွင့္ ရပ္ဝန္းႏွင့္ပိုးလမ္းမစီမံကိန္းေအာက္မွ ပူးေပါင္းေဆာင္႐ြက္ေနသည့္ စီမံကိန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္သြားေရးတို႔ကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိုမီခရွန်မျိုးကွဲ(Arcturus)သည် စိုးရိမ်ဖွယ်ရာမရှိသော်လည်း မပေါ့ဆရန် ဒုတပ်ချုပ် တိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ