မြန်မာနှင့်ဟောင်ကောင်ကြား အလုပ်သမားခေါ်ယူမှုနှင့်ပတ်သက်၍ သဘောတူညီချက်မရှိသည့်အတွက် မြန်မာလုပ်သားများ သွားရောက်လုပ်ကိုင်ရန် အခက်အခဲရှိနိုင်
စော (NP News) - မေ ၃
မြန်မာ နှင့် ဟောင်ကောင်ကြား အလုပ်သမားခေါ်ယူမှုနှင့်ပတ်သက်၍ သဘောတူညီချက်မရှိသည့်အတွက် မြန်မာလုပ်သားများ သွားရောက်လုပ်ကိုင်ရန် အခက်အခဲရှိနိုင်ကြောင်း သိရသည်။
ဟောင်ကောင်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အထက်ပါကဲ့သို့အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဟောင်ကောင်မြို့ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများအတွက် အလုပ်သမားစေလွှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းအချို့မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အလုပ်အကိုင်ကြော်ငြာစာများ ထုတ်ပြန်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ဟောင်ကောင်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှဆိုသည်။
ဟောင်ကောင်အနေဖြင့် ၎င်းတို့ဒေသတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ပြည်ပနိုင်ငံများမှ အလုပ်သမားများခေါ်ယူသွားရန် အစီအစဉ်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့သို့အစီအစဉ်ရှိသော်လည်း မြန်မာနှင့် ဟောင်ကောင်အစိုးရတို့ကြား အလုပ်သမားခေါ်ယူခန့်ထားရေးအတွက် သဘောတူညီချက် တစ်စုံတစ်ရာလက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများအနေဖြင့် ဟောင်ကောင်ဒေသသို့ လာရောက်ပြီး ကာလရှည်အလုပ်လုပ်ကိုင်ရန် အခက်အခဲရှိကြောင်း ဟောင်ကောင်မြို့ရှိ မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ျမန္မာႏွင့္ေဟာင္ေကာင္ၾကား အလုပ္သမားေခၚယူမႈႏွင့္ပတ္သက္၍ သေဘာတူညီခ်က္မရွိသည့္အတြက္ ျမန္မာလုပ္သားမ်ား သြားေရာက္လုပ္ကိုင္ရန္ အခက္အခဲရွိႏိုင္
ေစာ (NP News) - ေမ ၃
ျမန္မာ ႏွင့္ ေဟာင္ေကာင္ၾကား အလုပ္သမားေခၚယူမႈႏွင့္ပတ္သက္၍ သေဘာတူညီခ်က္မရွိသည့္အတြက္ ျမန္မာလုပ္သားမ်ား သြားေရာက္လုပ္ကိုင္ရန္ အခက္အခဲရွိႏိုင္ေၾကာင္း သိရသည္။
ေဟာင္ေကာင္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက အထက္ပါကဲ့သို႔အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။
ေဟာင္ေကာင္ၿမိဳ႕ရွိ သက္ႀကီး႐ြယ္အိုေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားအတြက္ အလုပ္သမားေစလႊတ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရွိ အလုပ္အကိုင္ရွာေဖြေရးလုပ္ငန္းအခ်ိဳ႕မွ ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ အလုပ္အကိုင္ေၾကာ္ျငာစာမ်ား ထုတ္ျပန္လ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း ေဟာင္ေကာင္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွဆိုသည္။
ေဟာင္ေကာင္အေနျဖင့္ ၎တို႔ေဒသတြင္ သက္ႀကီး႐ြယ္အိုေစာင့္ေရွာက္ေရးအတြက္ ျပည္ပႏိုင္ငံမ်ားမွ အလုပ္သမားမ်ားေခၚယူသြားရန္ အစီအစဥ္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔သို႔အစီအစဥ္ရွိေသာ္လည္း ျမန္မာႏွင့္ ေဟာင္ေကာင္အစိုးရတို႔ၾကား အလုပ္သမားေခၚယူခန႔္ထားေရးအတြက္ သေဘာတူညီခ်က္ တစ္စုံတစ္ရာလက္မွတ္ေရးထိုးထားျခင္းမရွိေၾကာင္း ေဟာင္ေကာင္ၿမိဳ႕ရွိ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ ဆိုသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံမွ အလုပ္သမားမ်ားအေနျဖင့္ ေဟာင္ေကာင္ေဒသသို႔ လာေရာက္ၿပီး ကာလရွည္အလုပ္လုပ္ကိုင္ရန္ အခက္အခဲရွိေၾကာင္း ေဟာင္ေကာင္ၿမိဳ႕ရွိ ျမန္မာေကာင္ စစ္ဝန္ခ်ဳပ္႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နစကဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်၌ ဆွေးနွေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း