၂ဝ၂၃ ခုနှစ် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက အရှေ့တီမောကို (၁)ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိ
ရဲပြည့် (NP News) - မေ ၂
ကမ္ဘောဒီယာနိုင်ငံတွင်ကျင်းပနေသည့် ၂ဝ၂၃ ခုနှစ် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက အရှေ့တီမောကို (၁)ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်သည် ယနေ့ (မေလ ၂ရက်) ညနေ ၃နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်သုံးမှတ်ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၇၃)မိနစ်တွင် မြန်မာအသင်းကစားသမား သက်ဟိန်းစိုးက အနိုင်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ပထမပိုင်နှင့်ဒုတိယပိုင်းအစတွင် ခြေစွမ်းပိုင်တည်ငြိမ်နေသော် လည်း ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက်ပိုင်း တစ်ဖက်အသင်း၏ ဖိအားပေးမှုကို တောက်လျှောက်ခံခဲ့ရပြီး ကံကောင်း၍သာ ချေပဂိုးမပေးခဲ့ရခြင်းဖြစ်သည်။
ကစားသမားများအနေဖြင့် ကစားကွက်နှင့် ခြေစွမ်းပိုင်းတွင်ပါ လိုအပ်ချက်များရှိနေသေးသည်ကိုတွေ့ရပြီး တီမောအသင်း၏ အသင်းလိုက်ကစားပုံကောင်းမွန်မှုကြောင့်ဟုလည်း ပြောနိုင်သည်။
သို့သော်လည်း လိုချင်သည့်ရလဒ်ဖြစ်သည့် အနိုင်(၃)မှတ်ကို ပွဲပြီးသည်အထိ ရယူသွားနိုင်ပြီး နောက်ထပ်ပွဲစဉ်တွင် ယခုထက်ပိုပြီး ခြေစွမ်းပိုင်းကောင်မွန်ရန်လိုအပ်နေသေးသည်။
မြန်မာယူ-၂၂ အသင်းသည် နောက်ထပ်ပွဲစဉ်အနေဖြင့် မေလ ၄ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
zawgyi version
၂ဝ၂၃ ခုႏွစ္ ဆီးဂိမ္းအမ်ိဳးသားေဘာလုံးၿပိဳင္ပြဲတြင္ ျမန္မာအသင္းက အေရွ႕တီေမာကို (၁)ဂိုး၊ ဂိုးမရွိျဖင့္အႏိုင္ရရွိ
ရဲျပည့္ (NP News) - ေမ ၂
ကေမာၻဒီယာႏိုင္ငံတြင္က်င္းပေနသည့္ ၂ဝ၂၃ ခုႏွစ္ ဆီးဂိမ္း အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲတြင္ ျမန္မာအသင္းက အေရွ႕တီေမာကို (၁)ဂိုး၊ ဂိုးမရွိျဖင့္အႏိုင္ရရွိခဲ့သည္။
အဆိုပါပြဲစဥ္သည္ ယေန႔ (ေမလ ၂ရက္) ညေန ၃နာရီခြဲအခ်ိန္တြင္ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။
ျမန္မာ ယူ-၂၂ အသင္းအေနျဖင့္ အုပ္စုအဖြင့္ပြဲစဥ္တြင္ အႏိုင္သုံးမွတ္ရရွိခဲ့ျခင္းျဖစ္ၿပီး ပြဲခ်ိန္ (၇၃)မိနစ္တြင္ ျမန္မာအသင္းကစားသမား သက္ဟိန္းစိုးက အႏိုင္ဂိုးသြင္းယူေပးခဲ့ျခင္းျဖစ္သည္။
ျမန္မာအသင္းအေနျဖင့္ ပထမပိုင္ႏွင့္ဒုတိယပိုင္းအစတြင္ ေျခစြမ္းပိုင္တည္ၿငိမ္ေနေသာ္ လည္း ဦးေဆာင္ဂိုးရရွိခဲ့ၿပီးေနာက္ပိုင္း တစ္ဖက္အသင္း၏ ဖိအားေပးမႈကို ေတာက္ေလွ်ာက္ခံခဲ့ရၿပီး ကံေကာင္း၍သာ ေခ်ပဂိုးမေပးခဲ့ရျခင္းျဖစ္သည္။
ကစားသမားမ်ားအေနျဖင့္ ကစားကြက္ႏွင့္ ေျခစြမ္းပိုင္းတြင္ပါ လိုအပ္ခ်က္မ်ားရွိေနေသးသည္ကိုေတြ႕ရၿပီး တီေမာအသင္း၏ အသင္းလိုက္ကစားပုံေကာင္းမြန္မႈေၾကာင့္ဟုလည္း ေျပာႏိုင္သည္။
သို႔ေသာ္လည္း လိုခ်င္သည့္ရလဒ္ျဖစ္သည့္ အႏိုင္(၃)မွတ္ကို ပြဲၿပီးသည္အထိ ရယူသြားႏိုင္ၿပီး ေနာက္ထပ္ပြဲစဥ္တြင္ ယခုထက္ပိုၿပီး ေျခစြမ္းပိုင္းေကာင္မြန္ရန္လိုအပ္ေနေသးသည္။
ျမန္မာယူ-၂၂ အသင္းသည္ ေနာက္ထပ္ပြဲစဥ္အေနျဖင့္ ေမလ ၄ ရက္တြင္ အင္ဒိုနီးရွားအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး KNU ဥက္ကဋ္ဌအဖြစ်မှအနားယူခဲ့ပြီး ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း