ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိ (၁၉)ဦးအား မြန်မာ့စီးပွားရေးဘဏ်၌ မန်နေဂျာ၊ လက်ထောက်မန်နေဂျာ ရာထူးများပေးကာ ခန့်အပ်
NP News - မေ ၂
ဗိုလ်မှူး နှင့် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိ (၁၉)ဦးအား မြန်မာ့စီးပွားရေးဘဏ်၌ မန်နေဂျာ၊ လက်ထောက်မန်နေဂျာ ရာထူးများပေးကာ အလုပ်ခန့်အပ်လိုက်ကြောင်း ၎င်းဘဏ်၏ ကြေညာစာများအရ သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသည့် တပ်မတော်အရာရှိ(၁၉)ဦးကို မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ စီမံခန့်ခွဲရေးဌာနခွဲ၌ ပြီးခဲ့သော မတ်လ ၁၅ ရက်မှစ၍ ရာထူးတာဝန်များပေးကာ စတင်ခန့်ထားလိုက်ခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ စီမံခန့်ခွဲရေးဌာနခွဲ၌ မန်နေဂျာ၊ လစာနှုန်း(၃ဝ၈ဝဝဝ- ၄ဝဝဝ-၃၂၈ဝဝဝ) ရာထူးဖြင့် ဗိုလ်မှူး ထွန်းလွင်အောင်၊ ဗိုလ်မှူး ရဲမင်းအောင်၊ ဗိုလ်မှူး ထွေးမင်းဝင်း၊ ဗိုလ်မှူး ဆန်းလင်းနိုင်နှင့် ဗိုလ်မှူး မင်းသိန်းတို့ကို ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။
အလားတူ ကာကွယ်ရေးဝန်ကြီးဌာနမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသည့် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိ(၁၄)ဦးကိုလည်း မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ စီမံခန့်ခွဲရေးဌာနခွဲ၌ လက်ထောက်မန်နေဂျာများအဖြစ် ခန့်ထားလိုက်ကြောင်း ထပ်မံကြေ ညာထားသည်။
၎င်းတို့အား လက်ထောက်မန်နေဂျာ၊ လစာနှုန်း (၂၇၅ဝဝဝ- ၄ဝဝဝ- ၂၉၅ဝဝဝ) ရာထူး၌တာ ဝန်ဝတ္တရားများ ပေးအပ်ကာ မတ်လ ၁၅ ရက်မှစ၍ စတင်ခန့်ထားလိုက်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ဆိုထားသည်။
ထိုသို့ လက်ထောက်မန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည့် တပ်မတော်အရာရှိ (၁၄)ဦးထဲတွင် ဗိုလ်ကြီး ကြည်ပိုင်စိုး၊ ဗိုလ်ကြီး ကျော်ထက်အောင်၊ ဗိုလ်ကြီး ပြည့်ဖြိုးပိုင်တို့လည်း ပါဝင်ကြောင်း သိရသည်။
zawgyi version
ဗိုလ္မႉးႏွင့္ ဗိုလ္ႀကီးအဆင့္ရွိ တပ္မေတာ္အရာရွိ (၁၉)ဦးအား ျမန္မာ့စီးပြားေရးဘဏ္၌ မန္ေနဂ်ာ၊ လက္ေထာက္မန္ေနဂ်ာ ရာထူးမ်ားေပးကာ ခန႔္အပ္
NP News - ေမ ၂
ဗိုလ္မႉး ႏွင့္ ဗိုလ္ႀကီးအဆင့္ရွိ တပ္မေတာ္အရာရွိ (၁၉)ဦးအား ျမန္မာ့စီးပြားေရးဘဏ္၌ မန္ေနဂ်ာ၊ လက္ေထာက္မန္ေနဂ်ာ ရာထူးမ်ားေပးကာ အလုပ္ခန႔္အပ္လိုက္ေၾကာင္း ၎ဘဏ္၏ ေၾကညာစာမ်ားအရ သိရသည္။
ကာကြယ္ေရးဝန္ႀကီးဌာနမွ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးသည့္ တပ္မေတာ္အရာရွိ(၁၉)ဦးကို ျမန္မာ့စီးပြားေရးဘဏ္(႐ုံးခ်ဳပ္)၊ စီမံခန႔္ခြဲေရးဌာနခြဲ၌ ၿပီးခဲ့ေသာ မတ္လ ၁၅ ရက္မွစ၍ ရာထူးတာဝန္မ်ားေပးကာ စတင္ခန႔္ထားလိုက္ျခင္းျဖစ္သည္။
ျမန္မာ့စီးပြားေရးဘဏ္(႐ုံးခ်ဳပ္)၊ စီမံခန႔္ခြဲေရးဌာနခြဲ၌ မန္ေနဂ်ာ၊ လစာႏႈန္း(၃ဝ၈ဝဝဝ- ၄ဝဝဝ-၃၂၈ဝဝဝ) ရာထူးျဖင့္ ဗိုလ္မႉး ထြန္းလြင္ေအာင္၊ ဗိုလ္မႉး ရဲမင္းေအာင္၊ ဗိုလ္မႉး ေထြးမင္းဝင္း၊ ဗိုလ္မႉး ဆန္းလင္းႏိုင္ႏွင့္ ဗိုလ္မႉး မင္းသိန္းတို႔ကို ခန႔္ထားခဲ့ျခင္းျဖစ္ေၾကာင္း ေၾကညာထားသည္။
အလားတူ ကာကြယ္ေရးဝန္ႀကီးဌာနမွ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးသည့္ ဗိုလ္ႀကီးအဆင့္ရွိ တပ္မေတာ္အရာရွိ(၁၄)ဦးကိုလည္း ျမန္မာ့စီးပြားေရးဘဏ္(႐ုံးခ်ဳပ္)၊ စီမံခန႔္ခြဲေရးဌာနခြဲ၌ လက္ေထာက္မန္ေနဂ်ာမ်ားအျဖစ္ ခန႔္ထားလိုက္ေၾကာင္း ထပ္မံေၾက ညာထားသည္။
၎တို႔အား လက္ေထာက္မန္ေနဂ်ာ၊ လစာႏႈန္း (၂၇၅ဝဝဝ- ၄ဝဝဝ- ၂၉၅ဝဝဝ) ရာထူး၌တာ ဝန္ဝတၱရားမ်ား ေပးအပ္ကာ မတ္လ ၁၅ ရက္မွစ၍ စတင္ခန႔္ထားလိုက္ေၾကာင္း ျမန္မာ့စီးပြားေရးဘဏ္က ဆိုထားသည္။
ထိုသို႔ လက္ေထာက္မန္ေနဂ်ာအျဖစ္ ခန႔္အပ္ခဲ့သည့္ တပ္မေတာ္အရာရွိ (၁၄)ဦးထဲတြင္ ဗိုလ္ႀကီး ၾကည္ပိုင္စိုး၊ ဗိုလ္ႀကီး ေက်ာ္ထက္ေအာင္၊ ဗိုလ္ႀကီး ျပည့္ၿဖိဳးပိုင္တို႔လည္း ပါဝင္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆရာတော်အား ဓားဖြင့်ခုတ်၍ ပိုက်ဆံနှင့် ဖုန်းလုယက်မှု ဂွမြို့တွင်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း