ဆရာတော်အား ဓားဖြင့်ခုတ်၍ ပိုက်ဆံနှင့် ဖုန်းလုယက်မှု ဂွမြို့တွင်ဖြစ်ပွား
NP News - မေ ၂
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ဆရာတော်အား ဓားဖြင့်ခုတ်ကာ ပိုက်ဆံ နှင့် ဖုန်းလုယက်မှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ဂွမြို့၊ ရဟိုင်းကွင်းကျေးရွာ ရွှေနန်းခိုင်ဘုရားစေတီတွင် ယနေ့(မေလ ၂ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သက်တော်(၈၆)နှစ်အရွယ် ဆရာတော်တစ်ပါးသည် ကျောင်းတွင် တစ်ပါးတည်းသီတင်းသုံးနေစဥ် အမည်မသိသူများ ဝင်ရောက်လာကာ ဆရာတော်အား ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာတော်ထံမှ ပိုက်ဆံနှင့်ဖုန်းအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း အထက်ပါ ဒေသခံသတင်းအရင်းအမြစ်များမှ ဆိုသည်။
ဓားဖြင့် အခုတ်ခံရမှုကြောင့် ဆရာတော်တွင် ထိခိုက်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ခြင်းကြောင့် ဂွမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် သံတွဲမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ဆရာေတာ္အား ဓားျဖင့္ခုတ္၍ ပိုက္ဆံႏွင့္ ဖုန္းလုယက္မႈ ဂြၿမိဳ႕တြင္ျဖစ္ပြား
NP News - ေမ ၂
ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕တြင္ ဆရာေတာ္အား ဓားျဖင့္ခုတ္ကာ ပိုက္ဆံ ႏွင့္ ဖုန္းလုယက္မႈျဖစ္ ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဂြၿမိဳ႕၊ ရဟိုင္းကြင္းေက်း႐ြာ ေ႐ႊနန္းခိုင္ဘုရားေစတီတြင္ ယေန႔(ေမလ ၂ ရက္) နံနက္ပိုင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
သက္ေတာ္(၈၆)ႏွစ္အ႐ြယ္ ဆရာေတာ္တစ္ပါးသည္ ေက်ာင္းတြင္ တစ္ပါးတည္းသီတင္းသုံးေနစဥ္ အမည္မသိသူမ်ား ဝင္ေရာက္လာကာ ဆရာေတာ္အား ဓားျဖင့္ခုတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆရာေတာ္ထံမွ ပိုက္ဆံႏွင့္ဖုန္းအား လုယက္ယူေဆာင္ထြက္ေျပးသြားခဲ့ေၾကာင္း အထက္ပါ ေဒသခံသတင္းအရင္းအျမစ္မ်ားမွ ဆိုသည္။
ဓားျဖင့္ အခုတ္ခံရမႈေၾကာင့္ ဆရာေတာ္တြင္ ထိခိုက္ဒဏ္ရာမ်ားျပင္းထန္စြာရရွိခဲ့ျခင္းေၾကာင့္ ဂြၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ထိုမွတစ္ဆင့္ သံတြဲၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ လႊဲေျပာင္းပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက အရှေ့တီမောကို (၁)ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း