ဂျပန်နိုင်ငံက မြန်မာလုပ်သား(၇၅ဝ)နီးပါးကို ထပ်မံခေါ်ယူသွားမည်ဟု မြန်မာသံရုံးအသိပေး
စော (NP News) - မေ ၂
ဂျပန်နိုင်ငံရှိ စက်ရုံနှင့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၇၄၉) ဦးကို ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ၊တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယနေ့ (မေလ ၂ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာသံရုံးမှ ဧပြီလ(၁၉)ရက်မှ (၂၈)ရက်အထိစစ်ဆေးပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၃၄)ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
သံရုံးအနေဖြင့် အထက်ပါအလုပ်ခေါ်ယူသည့် စက်ရုံ နှင့်ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်းရှိ /မရှိကို စာရွက်စာတန်း အထောက်အထားများဖြင့် စစ်ဆေးခဲ့ကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။
ထို့သို့ စစ်ဆေးပြီးနောက် တွေ့ရှိရသည့် သဘောထားသတ်မှတ်ချက်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပိုခဲ့ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဆိုထားသည်။
အဆိုပါကမ်းလှမ်းစာ (၂၃၄)ခုအရ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန်အတွက် မြန်မာလုပ်သား (၇၄၉)ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ သံရုံးမှ ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
ဂ်ပန္ႏိုင္ငံက ျမန္မာလုပ္သား(၇၅ဝ)နီးပါးကို ထပ္မံေခၚယူသြားမည္ဟု ျမန္မာသံ႐ုံးအသိ ေပး
ေစာ (NP News) - ေမ ၂
ဂ်ပန္ႏိုင္ငံရွိ စက္႐ုံႏွင့္ ကုမၸဏီမ်ားတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာလုပ္သား (၇၄၉) ဦးကို ထပ္မံေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံ ၊တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔ (ေမလ ၂ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာသံ႐ုံးမွ ဧၿပီလ(၁၉)ရက္မွ (၂၈)ရက္အထိစစ္ေဆးၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔ခဲ့သည့္ အလုပ္ကမ္းလွမ္းစာ (၂၃၄)ရွိေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။
သံ႐ုံးအေနျဖင့္ အထက္ပါအလုပ္ေခၚယူသည့္ စက္႐ုံ ႏွင့္ကုမၸဏီမ်ားသည္ ဂ်ပန္ႏိုင္ငံတြင္ တရားဝင္တည္ေထာင္ထားျခင္းရွိ /မရွိကို စာ႐ြက္စာတန္း အေထာက္အထားမ်ားျဖင့္ စစ္ေဆးခဲ့ေၾကာင္း သံ႐ုံးမွ ထုတ္ျပန္ထားသည္။
ထို႔သို႔ စစ္ေဆးၿပီးေနာက္ ေတြ႕ရွိရသည့္ သေဘာထားသတ္မွတ္ခ်က္မ်ားကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပိုခဲ့ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ဆိုထားသည္။
အဆိုပါကမ္းလွမ္းစာ (၂၃၄)ခုအရ ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ရန္အတြက္ ျမန္မာလုပ္သား (၇၄၉)ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ သံ႐ုံးမွ ထုတ္ျပန္ခ်က္အရသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိ (၁၉)ဦးအား မြန်မာ့စီးပွားရေးဘဏ်၌ မန်နေဂျာ၊ လက်ထောက်မန်နေဂျာ ရာထူးများပေးကာ ခန့်အပ်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း