ဧရာဝတီမြစ်အတွင်း ဦးခေါင်းပြတ်ကာ ပုပ်ပွနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
စော (NP News) - မေ ၂
မကွေးတိုင်း၊ မကွေးမြို့ ၊ ဧရာဝတီမြစ်အတွင်း ဦးခေါင်းပြတ်ကာ ပုပ်ပွနေသည့် အမျိုးသား အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါအလောင်းကို ယမန်နေ့ (မေလ ၁ ရက်)၊ ညနေ (၅)နာရီအချိန်တွင် မကွေးမြို့နယ်၊ မြင်းကင်းအုပ်စု သဘော်ဆိပ်ရွာရှိ ဧရာဝတီမြစ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်အဖွဲ့(မကွေး)မှ သိရသည်။
“အဲဒီနားက ရေဆင်းချိုးတဲ့ကလေးတွေက တွေ့တာပါ။ အလောင်းတစ်လောင်းတွေ့လို့ဆိုပြီး ဖုန်းဆက်အကြောင်းကြားလို့သွားဆယ်တာပါ။ ပေါင်မှာတော့ အနီကွက်ကြီးတစ်ကွက်တော့တွေ့တယ်။ အနည်းဆုံး ၇ရက်၊ ၈ရက်လောက်တော့ရှိပြီထင်တယ်” ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်အဖွဲ့(မကွေး)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားကို မကွေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
သေဆုံးသူနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ မည်သည့်အချက်အလက်များမှ မသိရှိရသေးကြောင်း အထက်ပါကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက်ပြောဆိုထားသည်။
zawgyi version
ဧရာဝတီျမစ္အတြင္း ဦးေခါင္းျပတ္ကာ ပုပ္ပြေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိ
ေစာ (NP News) - ေမ ၂
မေကြးတိုင္း၊ မေကြးၿမိဳ႕ ၊ ဧရာဝတီျမစ္အတြင္း ဦးေခါင္းျပတ္ကာ ပုပ္ပြေနသည့္ အမ်ိဳးသား အေလာင္းတစ္ေလာင္းအား ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။
အဆိုပါအေလာင္းကို ယမန္ေန႔ (ေမလ ၁ ရက္)၊ ညေန (၅)နာရီအခ်ိန္တြင္ မေကြးၿမိဳ႕နယ္၊ ျမင္းကင္းအုပ္စု သေဘာ္ဆိပ္႐ြာရွိ ဧရာဝတီျမစ္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ပရဟိတမင္းေခါင္ရွာေဖြကယ္ဆယ္အဖြဲ႕(မေကြး)မွ သိရသည္။
“အဲဒီနားက ေရဆင္းခ်ိဳးတဲ့ကေလးေတြက ေတြ႕တာပါ။ အေလာင္းတစ္ေလာင္းေတြ႕လို႔ဆိုၿပီး ဖုန္းဆက္အေၾကာင္းၾကားလို႔သြားဆယ္တာပါ။ ေပါင္မွာေတာ့ အနီကြက္ႀကီးတစ္ကြက္ေတာ့ေတြ႕တယ္။ အနည္းဆုံး ၇ရက္၊ ၈ရက္ေလာက္ေတာ့ရွိၿပီထင္တယ္” ဟု ပရဟိတမင္းေခါင္ရွာေဖြကယ္ဆယ္အဖြဲ႕(မေကြး)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားကို မေကြးျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
ေသဆုံးသူႏွင့္ပတ္သက္၍ လက္ရွိအခ်ိန္အထိ မည္သည့္အခ်က္အလက္မ်ားမွ မသိရွိရေသးေၾကာင္း အထက္ပါကယ္ဆယ္ေရးအဖြဲ႕မွ ဆက္လက္ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံက မြန်မာလုပ်သား(၇၅ဝ)နီးပါးကို ထပ်မံခေါ်ယူသွားမည်ဟု မြန်မာသံရုံးအသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း