ရန်ကုန် - မန္တလေးကားလမ်းပေါ်တွင် တွဲကားနှစ်စီးတိုက်မိ၍ ယာဉ်မောင်းတစ်ဦးထိခိုက် ဒဏ်ရာရရှိ
စော (NP News) - မေ ၂
မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် တွဲကားနှစ်စီး တိုက်မိ၍ ယာဉ်မောင်းတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၂ ရက်)၊ နံနက်(၅)နာရီခွဲအချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မီးသတ်ဒုဦးစီးမှူး ဦးကျော်မျိုးထွန်းထံမှ သိရသည်။
“မန္တလေး -ရန်ကုန်မောင်းလာတာပါ။ မောင်းလာတဲ့နောက်ကကားသမားက အိပ်ငိုက်ပြီးတော့ သူ့ရှေ့ကကားကို ဝင်တိုက်တာပါ။ တိုက်တဲ့ကားက ယာဉ်မောင်းက ညပ်နေတာပါ။ ဒူးကစပြီး ခြေသလုံးထိတော့ အသားတွေက ကြေသွားပါတယ်။ အခြားထိခိုက်တဲ့လူတော့မရှိပါဘူး"ဟုကျောက်ဆည်မီးသတ်ဒုဦးစီးမှူး ဦးကျော်မျိုးထွန်းမှ NP News ကိုပြောသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားကို မုဒိတာ လူမှုကူညီရေးအသင်းကားဖြင့် ကျောက်ဆည်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ (မေလ ၁ ရက်)တွင် မြဝတီ - ကော့ကရိတ်တောင်ပေါ်လမ်းတွင်လည်း ပြောင်းဖူးတင်လာသည့် ကုန်တင်ကားနှင့် ခရီးသည်ယာဉ်နှင့်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ပြီး ခရီးသည် (၅)ဦးလည်း ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။
ထို့သို့ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တွဲကားမောင်းနှင်လာသည့် ယာဉ်မောင်းအမျိုးသားသည် ယာဉ်အားထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
zawgyi version
ရန္ကုန္ - မႏၲေလးကားလမ္းေပၚတြင္ တြဲကားႏွစ္စီးတိုက္မိ၍ ယာဥ္ေမာင္းတစ္ဦးထိခိုက္ ဒဏ္ရာရရွိ
ေစာ (NP News) - ေမ ၂
မႏၲေလးတိုင္း ၊ ေက်ာက္ဆည္ၿမိဳ႕ ၊ ရန္ကုန္-မႏၲေလးကားလမ္းေပၚတြင္ တြဲကားႏွစ္စီး တိုက္မိ၍ ယာဥ္ေမာင္းတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၂ ရက္)၊ နံနက္(၅)နာရီခြဲအခ်ိန္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေက်ာက္ဆည္မီးသတ္ဒုဦးစီးမႉး ဦးေက်ာ္မ်ိဳးထြန္းထံမွ သိရသည္။
“မႏၲေလး -ရန္ကုန္ေမာင္းလာတာပါ။ ေမာင္းလာတဲ့ေနာက္ကကားသမားက အိပ္ငိုက္ၿပီးေတာ့ သူ႔ေရွ႕ကကားကို ဝင္တိုက္တာပါ။ တိုက္တဲ့ကားက ယာဥ္ေမာင္းက ညပ္ေနတာပါ။ ဒူးကစၿပီး ေျခသလုံးထိေတာ့ အသားေတြက ေၾကသြားပါတယ္။ အျခားထိခိုက္တဲ့လူေတာ့မရွိပါဘူး"ဟုေက်ာက္ဆည္မီးသတ္ဒုဦးစီးမႉး ဦးေက်ာ္မ်ိဳးထြန္းမွ NP News ကိုေျပာသည္။
အဆိုပါထိခိုက္ဒဏ္ရာရရွိသည့္ အမ်ိဳးသားကို မုဒိတာ လူမႈကူညီေရးအသင္းကားျဖင့္ ေက်ာက္ဆည္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔ (ေမလ ၁ ရက္)တြင္ ျမဝတီ - ေကာ့ကရိတ္ေတာင္ေပၚလမ္းတြင္လည္း ေျပာင္းဖူးတင္လာသည့္ ကုန္တင္ကားႏွင့္ ခရီးသည္ယာဥ္ႏွင့္တိုက္မိ၍ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္အတြင္း ခရီးသည္တင္ယာဥ္မွ ယာဥ္ေနာက္လိုက္တစ္ဦး ေသဆုံးခဲ့ၿပီး ခရီးသည္ (၅)ဦးလည္း ထိခိုက္ဒဏ္ရာမ်ားရရွိသြားခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္ တြဲကားေမာင္းႏွင္လာသည့္ ယာဥ္ေမာင္းအမ်ိဳးသားသည္ ယာဥ္အားထားကာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧရာဝတီမြစ်အတွင်း ဦးခေါင်းပြတ်ကာ ပုပ်ပွနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း