ရပ်ကွက်ပဋ္ဌာန်းတရားပွဲ၌ လမ်းရှင်းပေးနေသည့် ရာအိမ်မှူးအားသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု လှိုင်သာယာမြို့နယ်၌ဖြစ်ပွား
NP News - မေ ၂
ရပ်ကွက်ပဋ္ဌာန်းတရားပွဲ၌ လမ်းရှင်းပေးနေသည့် ရာအိမ်မှူးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန့်နေ(မေလ ၁ ရက်)၊ ည ၈ နာရီအချိန်ခန့်တွင် လှိုင်သာယာအရှေ့ပိုင်းမြို့ နယ်၊ (၃)ရပ်ကွက်၊ နတ်သျှင်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်စဉ်အား သိရှိသော သတင်းအရင်းအမြစ်က NP News ကိုပြောသည်။
(၃)ရပ်ကွက်၊ ရာအိမ်မှူးများဖြစ်သူ ဦးသက်ပိုင်နှင့် ဦးအောင်ကြီးတို့ (၂)ဦးသည် ဗိုလ်ချုပ်လမ်း၌ ပြုလုပ်နေသည့် ရပ်ကွက်ပဋ္ဌာန်းပွဲအတွက် လမ်းရှင်းလင်းရေးအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေစဉ်အချိန် ရာအိမ်မှူးဖြစ်သူ ဦးသက်ပိုင်သည် လမ်းထောင့်သို့ သွား ရောက်ကာ အပေ့ါသွားစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ပစ်ခတ်ခံရခြင်းကြောင့် ဦးသက်ပိုင်၏ လည်ပင်းနှင့်ပခုံးတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ လာရောက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပစ်ခတ်သတ်ဖြတ်သူများကို ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
zawgyi version
ရပ္ကြက္ပ႒ာန္းတရားပြဲ၌ လမ္းရွင္းေပးေနသည့္ ရာအိမ္မႉးအားေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္မႈ လႈိင္သာယာၿမိဳ႕နယ္၌ျဖစ္ပြား
NP News - ေမ ၂
ရပ္ကြက္ပ႒ာန္းတရားပြဲ၌ လမ္းရွင္းေပးေနသည့္ ရာအိမ္မႉးအား ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္မႈ ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန႔္ေန(ေမလ ၁ ရက္)၊ ည ၈ နာရီအခ်ိန္ခန႔္တြင္ လႈိင္သာယာအေရွ႕ပိုင္းၿမိဳ႕ နယ္၊ (၃)ရပ္ကြက္၊ နတ္သွ်င္ေနာင္လမ္းႏွင့္ ဗိုလ္ခ်ဳပ္လမ္းေထာင့္တြင္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္စဥ္အား သိရွိေသာ သတင္းအရင္းအျမစ္က NP News ကိုေျပာသည္။
(၃)ရပ္ကြက္၊ ရာအိမ္မႉးမ်ားျဖစ္သူ ဦးသက္ပိုင္ႏွင့္ ဦးေအာင္ႀကီးတို႔ (၂)ဦးသည္ ဗိုလ္ခ်ဳပ္လမ္း၌ ျပဳလုပ္ေနသည့္ ရပ္ကြက္ပ႒ာန္းပြဲအတြက္ လမ္းရွင္းလင္းေရးအား ကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ေနစဥ္အခ်ိန္ ရာအိမ္မႉးျဖစ္သူ ဦးသက္ပိုင္သည္ လမ္းေထာင့္သို႔ သြား ေရာက္ကာ အေပ့ါသြားစဥ္ ဆိုင္ကယ္တစ္စီးျဖင့္ လူႏွစ္ဦး ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ေၾကာင္း သိရသည္။
၎ကဲ့သို႔ ပစ္ခတ္ခံရျခင္းေၾကာင့္ ဦးသက္ပိုင္၏ လည္ပင္းႏွင့္ပခုံးတို႔၌ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ကာ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါအခင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕မ်ားမွ လာေရာက္ကာ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ပစ္ခတ္သတ္ျဖတ္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ လိုက္လံရွာေဖြလ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများ၏ ဆိုလာစနစ်မှ ပိုလျှံဓာတ်အားများဝယ်ယူလိုကြောင်း ကြေညာပြီးနောက်တွင် လျှပ်စစ်ဓာတ်အားရောင်းချလိုသည့် ကုမ္ပဏီများရှိလာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ