ငွေကျပ် (၇)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်လာသည့်ကားကို ဖမ်းဆီးထိန်းသိမ်း
စော (NP News) - မေ ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် (၇ ဒသမ ၁) ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်လာသည့် ကားကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ယမန်နေ့ (မေလ ၁ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၈ ရက်၊ နံနက်(၉)နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် နမ့်စန်မှတာချီလိတ်သို့ စောရွှေမောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထို့သို့ရှာဖွေစဉ်ယာဉ်ပေါ်တွင် ကုန်မျိုးစုံဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူဘ လောက်တုံး ၁၃၅၈ တုံး၊ အလေးချိန် (၄၇၅ ဒသမ ၃)ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူဘလောက်တုံးများကို သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကိုအောင်စိုးအား တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်တွင် နံနက်(၁၁)နာရီခွဲအချိန်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ တာချီလိတ်မြို့၊ ဝမ်းမိုင်ကျေးရွာရှိ စိုင်းနွံ၏နေအိမ်တွင် အက်တက်စီဆေးပြား(၂၃၅)ပြားနှင့် Happy Water (၃၁၅)ဂရမ်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် စုစုပေါင်း ငွေကျပ် (၇ ဒသမ ၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ဥပဒေအရအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ပြင် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ေငြက်ပ္ (၇)ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တုံးမ်ား သယ္ေဆာင္လာသည့္ကားကို ဖမ္းဆီးထိန္းသိမ္း
ေစာ (NP News) - ေမ ၂
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၇ ဒသမ ၁) ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တုံးမ်ား သယ္ေဆာင္လာသည့္ ကားကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ ယမန္ေန႔ (ေမလ ၁ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ဧၿပီလ ၂၈ ရက္၊ နံနက္(၉)နာရီခြဲအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ယန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ နမ့္စန္မွတာခ်ီလိတ္သို႔ ေစာေ႐ႊေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္ကို စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ရွာေဖြစဥ္ယာဥ္ေပၚတြင္ ကုန္မ်ိဳးစုံျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ ဘိန္းျဖဴဘ ေလာက္တုံး ၁၃၅၈ တုံး၊ အေလးခ်ိန္ (၄၇၅ ဒသမ ၃)ကီလိုကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဘိန္းျဖဴဘေလာက္တုံးမ်ားကို သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ ကိုေအာင္စိုးအား တာခ်ီလိတ္ၿမိဳ႕၊ ပါဆပ္ရပ္ကြက္တြင္ နံနက္(၁၁)နာရီခြဲအခ်ိန္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္းမိုင္ေက်း႐ြာရွိ စိုင္းႏြံ၏ေနအိမ္တြင္ အက္တက္စီေဆးျပား(၂၃၅)ျပားႏွင့္ Happy Water (၃၁၅)ဂရမ္ကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ စုစုေပါင္း ေငြက်ပ္ (၇ ဒသမ ၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ၿပီး ၎တို႔ကို ဥပေဒအရအေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ထို႔ျပင္ ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္းႏွင့္ ဥပေဒအရ ဆက္လက္အေရးယူသြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရပ်ကွက်ပဋ္ဌာန်းတရားပွဲ၌ လမ်းရှင်းပေးနေသည့် ရာအိမ်မှူးအားသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု လှိုင်သာယာမြို့နယ်၌ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း