နိုင်ငံတစ်ဝန်းလုံးတွင် ရထားဘူတာရုံပေါင်း (၁ဝဝဝ)နီးပါးရှိပြီး လူစီးရထား(၇၇)စီးအထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့
ယွန်း (NP News) – မေ ၂
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရထားဘူတာရုံပေါင်း (၁ဝဝဝ)နီးပါးရှိပြီး လူစီးရထား(၇၇)စီးအထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မေလ(၁)ရက်၌ မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီးတွင် ကျင်းပခဲ့သော မြန်မာ့မီးရထား၏နှစ်ပတ်လည်အထိမ်းအမှတ်တွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ (၁၈၇၇) ခုနှစ်၊ မေလ(၁)ရက်တွင် ရန်ကုန်- ပြည် ရထားလမ်းပိုင်း(၁၆၁)မိုင်ခရီးကို စတင်ဖောက်လုပ်ပြေးဆွဲခဲ့ရာမှ ရထားပို့ဆောင်ရေးလုပ်ငန်းပေါ်လာရခြင်းဖြစ် ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဆိုသည်။
ရထားလမ်းပိုင်းအနေဖြင့် နိုင်ငံတော်တွင် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် (၁၉၄၂)မိုင်ခန့် နှင့် ဘူတာရုံပေါင်း(၄၇၆)ခု တည်ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်တိုးချဲ့တည်ဆောက်ခဲ့ရာ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း (၃၈ဝဝ)ကျော်နှင့် ဘူတာရုံပေါင်း (၉၆ဝ) ရှိပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် ရန်ကုန်- မန္တလေး၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ပြည်- ပုဂံ၊ မန္တလေး- ပြင်ဦးလွင်၊ နေပြည်တော်- ကျောက်ပန်းတောင်း- ပုဂံ၊ သာစည်- ရွှေညောင်၊ ပုသိမ်- ကြံခင်းနှင့် တောင်ကြီး- ဆိုက်ခေါင် လမ်းပိုင်များတွင် စုစုပေါင်းရထား(၄၂)စင်း ပြေးဆွဲနေကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းများတွင် အမြန်ရထား(၁၈)စင်း အပါအဝင် စာပို့ရထား(၁ဝ)စင်း၊ လူစီးကုန်တင်ရထား (၁၄)စင်း စုစုပေါင်း(၄၂)စင်းနှင့် ရန်ကုန်မြို့ပတ်တွင် နေ့စဥ်(၃၅)စင်းဖြင့် စုစုပေါင်း လူစီးရထားပေါင်း(၇၇)စင်းအထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။
ရထားသည် ကားနှင့် နှိုင်းယှဥ်လျှင် တူညီသော ကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီသုံးစွဲနှုန်း (၄)ပုံ (၁)ပုံ မှ (၆)ပုံ (၁)ပုံသာရှိသဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို လျော့နည်းစေနိုင်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဆို သည်။
ထို့ပြင် ခရီးသည်အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သဖြင့် မော်တော်ယာဥ်ကျပ်တည်းမှုဖြစ်ပေါ်နေသော မြို့ကြီးများတွင် မဖြစ်မနေ သုံးသင့်သော ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။
zawgyi version
ႏိုင္ငံတစ္ဝန္းလုံးတြင္ ရထားဘူတာ႐ုံေပါင္း (၁ဝဝဝ)နီးပါးရွိၿပီး လူစီးရထား(၇၇)စီးအထိ တိုးခ်ဲ႕ေျပးဆြဲႏိုင္ခဲ့
ယြန္း (NP News) – ေမ ၂
ျမန္မာႏိုင္ငံတစ္ဝန္းလုံးတြင္ ရထားဘူတာ႐ုံေပါင္း (၁ဝဝဝ)နီးပါးရွိၿပီး လူစီးရထား(၇၇)စီးအထိ တိုးခ်ဲ႕ေျပးဆြဲႏိုင္ခဲ့ေၾကာင္း သိရသည္။
ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေမလ(၁)ရက္၌ ျမန္မာ့မီးရထား႐ုံးခ်ဳပ္ ေနျပည္ေတာ္ဘူတာႀကီးတြင္ က်င္းပခဲ့ေသာ ျမန္မာ့မီးရထား၏ႏွစ္ပတ္လည္အထိမ္းအမွတ္တြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၌ (၁၈၇၇) ခုႏွစ္၊ ေမလ(၁)ရက္တြင္ ရန္ကုန္- ျပည္ ရထားလမ္းပိုင္း(၁၆၁)မိုင္ခရီးကို စတင္ေဖာက္လုပ္ေျပးဆြဲခဲ့ရာမွ ရထားပို႔ေဆာင္ေရးလုပ္ငန္းေပၚလာရျခင္းျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းမွ ဆိုသည္။
ရထားလမ္းပိုင္းအေနျဖင့္ ႏိုင္ငံေတာ္တြင္ ၁၈၇၇ ခုႏွစ္မွ လြတ္လပ္ေရးမရမီ ၁၉၄၈ ခုႏွစ္အထိ ရထားလမ္းခရီးမိုင္ (၁၉၄၂)မိုင္ခန႔္ ႏွင့္ ဘူတာ႐ုံေပါင္း(၄၇၆)ခု တည္ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆက္လက္တိုးခ်ဲ႕တည္ေဆာက္ခဲ့ရာ လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း ရထားလမ္းခရီးမိုင္ စုစုေပါင္း (၃၈ဝဝ)ေက်ာ္ႏွင့္ ဘူတာ႐ုံေပါင္း (၉၆ဝ) ရွိၿပီျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းမွ ဆက္လက္ေျပာဆိုထားသည္။
ထို႔ျပင္ ရန္ကုန္- မႏၲေလး၊ ရန္ကုန္- ေမာ္လၿမိဳင္၊ ရန္ကုန္- ျပည္- ပုဂံ၊ မႏၲေလး- ျပင္ဦးလြင္၊ ေနျပည္ေတာ္- ေက်ာက္ပန္းေတာင္း- ပုဂံ၊ သာစည္- ေ႐ႊေညာင္၊ ပုသိမ္- ႀကံခင္းႏွင့္ ေတာင္ႀကီး- ဆိုက္ေခါင္ လမ္းပိုင္မ်ားတြင္ စုစုေပါင္းရထား(၄၂)စင္း ေျပးဆြဲေနေၾကာင္း သိရသည္။
အဆိုပါ လမ္းပိုင္းမ်ားတြင္ အျမန္ရထား(၁၈)စင္း အပါအဝင္ စာပို႔ရထား(၁ဝ)စင္း၊ လူစီးကုန္တင္ရထား (၁၄)စင္း စုစုေပါင္း(၄၂)စင္းႏွင့္ ရန္ကုန္ၿမိဳ႕ပတ္တြင္ ေန႔စဥ္(၃၅)စင္းျဖင့္ စုစုေပါင္း လူစီးရထားေပါင္း(၇၇)စင္းအထိ တိုးခ်ဲ႕ေျပးဆြဲႏိုင္ခဲ့ေၾကာင္း သိရသည္။
ရထားသည္ ကားႏွင့္ ႏႈိင္းယွဥ္လွ်င္ တူညီေသာ ကုန္စည္ပမာဏႏွင့္ အကြာအေဝးအတြက္ ေလာင္စာဆီသုံးစြဲႏႈန္း (၄)ပုံ (၁)ပုံ မွ (၆)ပုံ (၁)ပုံသာရွိသျဖင့္ ေလထုညစ္ညမ္းမႈႏွင့္ သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈကို ေလ်ာ့နည္းေစႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းမွ ဆို သည္။
ထို႔ျပင္ ခရီးသည္အေျမာက္အျမား သယ္ယူပို႔ေဆာင္ႏိုင္သျဖင့္ ေမာ္ေတာ္ယာဥ္က်ပ္တည္းမႈျဖစ္ေပၚေနေသာ ၿမိဳ႕ႀကီးမ်ားတြင္ မျဖစ္မေန သုံးသင့္ေသာ ပို႔ေဆာင္ေရးစနစ္ျဖစ္ေၾကာင္း ၎မွဆက္လက္ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကျပ် (၇)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်လာသည့်ကားကို ဖမ်းဆီးထိန်းသိမ်း
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း