မော်တော်ယာဥ်တစ်စီး စလစ်ဖြစ်ကာ သစ်ပင်အားဝင်တိုက်မှုကြောင့် (၁)ဦးသေဆုံးကာ (၆)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NP News) - မေ ၁
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် မော်တော်ယာဥ်တစ်စီး စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့ (မေလ ၁ ရက်) ၊ နံနက် (၉)နာရီခွဲအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းလားလမ်း၊ နောင်ငင်းကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
အဆိုပါ မော်တော်ယာဥ်သည် မိုင်းလားမြို့မှ ပျော်ဘွယ်မြို့သို့ ယာဥ်မောင်း အပါအဝင် ခရီး သည် (၇)ဦးတင်ကာ မောင်းနှင်လာခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
“မိုင်းလားကနေ ရမည်းသင်း ပျော်ဘွယ်ကိုပြန်လာတာ ယာဉ်မောင်းအပါ ယောကျ်ားလေး (၅)ဦး မိန်းကလေး(၂)ဦးပါတယ်။ အမျိုးသားတစ်ဦးက သေဆုံးသွားပါတယ်။ ကျန်တဲ့(၆)ဦးကတော့ ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်။ သေဆုံးသူက ခရီးသည်ပါ”ဟု အထက်ပါသတင်းအရင်းအမြစ်က NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ဦးအေးအောင် (၃၆)နှစ်ဖြစ်ပြီး သွေးထွက်ဒဏ်ရာများဖြင့် အခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆိုသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း တိုင်းနေနာရေးကူညီမှုယာဉ်ဖြင့် ကျိုင်းတုံဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ေမာ္ေတာ္ယာဥ္တစ္စီး စလစ္ျဖစ္ကာ သစ္ပင္အားဝင္တိုက္မႈေၾကာင့္ (၁)ဦးေသဆုံးကာ (၆)ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ေမ ၁
ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး စလစ္ျဖစ္ၿပီး အရွိန္မထိန္းႏိုင္ဘဲ သစ္ပင္အားဝင္တိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၁ ရက္) ၊ နံနက္ (၉)နာရီခြဲအခ်ိန္တြင္ က်ိဳင္းတုံၿမိဳ႕နယ္၊ က်ိဳင္းတုံ-မိုင္းလားလမ္း၊ ေနာင္ငင္းေက်း႐ြာအနီး၌ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။
အဆိုပါ ေမာ္ေတာ္ယာဥ္သည္ မိုင္းလားၿမိဳ႕မွ ေပ်ာ္ဘြယ္ၿမိဳ႕သို႔ ယာဥ္ေမာင္း အပါအဝင္ ခရီး သည္ (၇)ဦးတင္ကာ ေမာင္းႏွင္လာျခင္းျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
“မိုင္းလားကေန ရမည္းသင္း ေပ်ာ္ဘြယ္ကိုျပန္လာတာ ယာဥ္ေမာင္းအပါ ေယာက်္ားေလး (၅)ဦး မိန္းကေလး(၂)ဦးပါတယ္။ အမ်ိဳးသားတစ္ဦးက ေသဆုံးသြားပါတယ္။ က်န္တဲ့(၆)ဦးကေတာ့ ေဆး႐ုံမွာေဆးကုသမႈခံယူေနပါတယ္။ ေသဆုံးသူက ခရီးသည္ပါ”ဟု အထက္ပါသတင္းအရင္းအျမစ္က NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားသည္ ဦးေအးေအာင္ (၃၆)ႏွစ္ျဖစ္ၿပီး ေသြးထြက္ဒဏ္ရာမ်ားျဖင့္ အခင္း ျဖစ္ပြားရာေနရာတြင္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ၎မွဆိုသည္။
ထို႔ျပင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကိုလည္း တိုင္းေနနာေရးကူညီမႈယာဥ္ျဖင့္ က်ိဳင္းတုံေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်မှုဇုန်တွင်းနှင့် ဇုန်ပြင်ပလုပ်ငန်းများမှ Google Sheet သုံး၍ စက်သုံးဆီဝယ်ယူရန် လျှောက်ထားမှုမှာ အဆင်ပြေနေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း