စက်မှုဇုန်တွင်းနှင့် ဇုန်ပြင်ပလုပ်ငန်းများမှ Google Sheet သုံး၍ စက်သုံးဆီဝယ်ယူရန် လျှောက်ထားမှုမှာ အဆင်ပြေနေဟုဆို
ယွန်း (NP News) - မေ ၁
Google Sheet သုံး၍ စက်သုံးဆီဝယ်ယူရန် လျှောက်ထားမှုမှာ အဆင်ပြေနေကြောင်း သိရသည်။
မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြီးခဲ့သည့် ဧပြီလ(၂၉)ရက်တွင် UMFCCI ၌ကျင်းပခဲ့သည့် စက်သုံးဆီဝယ်ယူရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုလုပ်ငန်းများ စက်သုံးဆီလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စက်မှုဇုန်အတွင်းနှင့် စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံများမှ စက်သုံးဆီလျှောက်ထားမှုကို Google Sheet သုံး၍ ဆောင်ရွက်ရန် ပြီးခဲ့သည့် ရက်ပိုင်းက ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် (၂)ပတ်တာကာလအတွင်း Google Sheet အသုံးပြု၍ စက်သုံးဆီဝယ်ယူမှု လျှောက်ထားရန် သတ်မှတ်မှုသည် စက်မှုဇုန်တွင်းနှင့် ဇုန်ပြင်ပ လုပ်ငန်းများတွင် ပိုမိုအဆင်ပြေလာကြောင်း ဒေါ်ခိုင်ခိုင်နွယ်မှ ဆိုထားသည်။
ထို့ပြင် စက်မှုဇုန်ပြင်ပမှ လျှောက်ထားမည့် စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း သက် ဆိုင်ရာအသင်းအဖွဲ့၏ ထောက်ခံချက်ရယူပြီး မြန်မာနိုင်ငံစက်မှုကုန်ထုတ်သူများအသင်း (MIA) တွင် လျှောက်ထားကာ ကုန်သည်စက်မှုအသင်းချုပ်မှ အချက်အလက်များ စုစည်း တင်ပြခြင်းဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် ကြုံတွေ့နေရသော စက်သုံးဆီဈေးနှုန်း ကွာဟချက်များကြောင့် စက်မှုဇုန်များတွင် နစ်နာမှုများရှိခဲ့ပြီး အဆိုပါ နစ်နာမှုများကို လျှော့ချနိုင်ရန် Google Sheet ကို တိကျမှန်ကန်စွာ လျှောက်ထားရန်လိုကြောင်း သိရသည်။
zawgyi version
စက္မႈဇုန္တြင္းႏွင့္ ဇုန္ျပင္ပလုပ္ငန္းမ်ားမွ Google Sheet သုံး၍ စက္သုံးဆီဝယ္ယူရန္ ေလွ်ာက္ထားမႈမွာ အဆင္ေျပေနဟုဆို
ယြန္း (NP News) - ေမ ၁
Google Sheet သုံး၍ စက္သုံးဆီဝယ္ယူရန္ ေလွ်ာက္ထားမႈမွာ အဆင္ေျပေနေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ေဒၚခိုင္ခိုင္ႏြယ္က ၿပီးခဲ့သည့္ ဧၿပီလ(၂၉)ရက္တြင္ UMFCCI ၌က်င္းပခဲ့သည့္ စက္သုံးဆီဝယ္ယူေရးဆိုင္ရာ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ကုန္ထုတ္လုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္လုပ္မႈ အေထာက္အကူျပဳလုပ္ငန္းမ်ား စက္သုံးဆီလြယ္ကူစြာ ဝယ္ယူရရွိႏိုင္ေရးအတြက္ စက္မႈဇုန္အတြင္းႏွင့္ စက္မႈဇုန္ျပင္ပရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ စက္သုံးဆီေလွ်ာက္ထားမႈကို Google Sheet သုံး၍ ေဆာင္႐ြက္ရန္ ၿပီးခဲ့သည့္ ရက္ပိုင္းက ေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ (၂)ပတ္တာကာလအတြင္း Google Sheet အသုံးျပဳ၍ စက္သုံးဆီဝယ္ယူမႈ ေလွ်ာက္ထားရန္ သတ္မွတ္မႈသည္ စက္မႈဇုန္တြင္းႏွင့္ ဇုန္ျပင္ပ လုပ္ငန္းမ်ားတြင္ ပိုမိုအဆင္ေျပလာေၾကာင္း ေဒၚခိုင္ခိုင္ႏြယ္မွ ဆိုထားသည္။
ထို႔ျပင္ စက္မႈဇုန္ျပင္ပမွ ေလွ်ာက္ထားမည့္ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္လည္း သက္ ဆိုင္ရာအသင္းအဖြဲ႕၏ ေထာက္ခံခ်က္ရယူၿပီး ျမန္မာႏိုင္ငံစက္မႈကုန္ထုတ္သူမ်ားအသင္း (MIA) တြင္ ေလွ်ာက္ထားကာ ကုန္သည္စက္မႈအသင္းခ်ဳပ္မွ အခ်က္အလက္မ်ား စုစည္း တင္ျပျခင္းျဖင့္ ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။
လက္ရွိတြင္ ႀကဳံေတြ႕ေနရေသာ စက္သုံးဆီေဈးႏႈန္း ကြာဟခ်က္မ်ားေၾကာင့္ စက္မႈဇုန္မ်ားတြင္ နစ္နာမႈမ်ားရွိခဲ့ၿပီး အဆိုပါ နစ္နာမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္ Google Sheet ကို တိက်မွန္ကန္စြာ ေလွ်ာက္ထားရန္လိုေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇင်းကျိုက်ဘူတာ နှင့် ပေါင်ဘူတာကြားတွင် အဆန်အထူးရထားတွဲမှ နွားတစ်ကောင်အား တိုက်မိပြီး ဘီးချော်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း