Wagner အကြီးအကဲက ယူကရိန်းရဲ့ တန်ပြန်တိုက်ခိုက်မှုဟာ ရုရှားအတွက် ကြေကွဲစရာဖြစ်လာနိုင်ကြောင်း သတိပေး
ရောင်နီ (NP News) - မေ ၁
ရုရှား ကြေးစားစစ်တပ် Wagner ရဲ့ အကြီးအကဲ ရဗ်ဂဲနီ ပရီဂေါ်ချင်က ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ဟာ ရုရှားအတွက် “ကြေကွဲစရာ”အဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း တနင်္ဂနွေနေ့ (ဧပြီလ ၃ဝ ရက်)က သတိပေးခဲ့ပြီး ၎င်းရဲ့တိုက်ခိုက်ရေးသမားများမှာ ခဲယမ်းမီးကျောက်များ ချို့တဲ့နေခြင်းအတွက် အပြစ်တင်ခဲ့ပါတယ်။
Wagner စစ်တပ်ဟာ တိုက်ပွဲရဲ့ ဗဟိုချက်ဖြစ်တဲ့ ယူကရိန်းအရှေ့ဘက် ဘက်ခ်မက်မှာ ရုရှားရဲ့တိုက်ခိုက်မှုကို လအတော်ကြာအောင် ဦးဆောင်ခဲ့ပါတယ်။ ပရီဂေါ်ချင်ဟာ သမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်ဖြစ်သော်လည်း ပုဂ္ဂလိက စစ်ဘက်အဖွဲ့ ခေါင်းဆောင်အဖြစ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ အာဏာလွန်ဆွဲပွဲများမှာ ပါဝင်ခဲ့ပါတယ်။
"ကျွန်ုပ်တို့ (Wagner) မှာ ကျည်ဆန်ပမာဏဟာ လိုအပ်နေတဲ့ ပမာဏရဲ့ ၁ဝ - ၁၅ ရာခိုင်နှုန်းသာ ရှိတယ်" လို့ ရုရှားစစ်တပ်ခေါင်းဆောင်မှုကို အပြစ်တင်ကာ ၎င်းက ပြောကြားခဲ့ပါတယ်။
ဒါဟာ ရုရှား ကရင်မလင်ကို ထောက်ခံတဲ့ စစ်သတင်းထောက် ဆမ်ရွန်ပီဂေါ့ဗ် နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပရီဂေါ်ချင်က လာမယ့် မေလလယ်မှာ ယူကရိန်းဘက်မှ တန်ပြန်တိုက်ခိုက်မှု ပြုလုပ်လာမယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပြီး "ဒီထိုးစစ်က ကျွန်တော်တို့နိုင်ငံအတွက် ကြေကွဲစရာတစ်ခု ဖြစ်လာနိုင်တယ်” လို့ ၎င်းက ဆိုပါတယ်။ ယူကရိန်းကလည်း ကာလကြာရှည် မျှော်လင့်ထားတဲ့ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်မှုများ အပြီးသတ်လုပ်ဆောင်နေတယ်လို့ မကြာသေးမီက ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရုရှားနိုင်ငံအနောက်ပိုင်း ဘရန်နက်ခ်ဒေသ အုပ်ချုပ်ရေးမှူးက ယူကရိန်းနယ်စပ်ရှိ ရွာတစ်ရွာကို ပစ်ခတ်ခဲ့ရာ လူလေးဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့ကပဲ မော်စကို သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားက လောင်စာဆီ သိုလှောင်ရုံကို သံသယရှိတဲ့ ဒရုန်းတစ်စီး ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။
zawgyi version
Wagner အႀကီးအကဲက ယူကရိန္းရဲ႕ တန္ျပန္တိုက္ခိုက္မႈဟာ ႐ုရွားအတြက္ ေၾကကြဲစရာျဖစ္လာႏိုင္ေၾကာင္း သတိေပး
ေရာင္နီ (NP News) - ေမ ၁
႐ုရွား ေၾကးစားစစ္တပ္ Wagner ရဲ႕ အႀကီးအကဲ ရဗ္ဂဲနီ ပရီေဂၚခ်င္က ယူကရိန္းရဲ႕ တန္ျပန္ ထိုးစစ္ဟာ ႐ုရွားအတြက္ “ေၾကကြဲစရာ”အျဖစ္သို႔ ေျပာင္းလဲသြားႏိုင္ေၾကာင္း တနဂၤေႏြေန႔ (ဧၿပီလ ၃ဝ ရက္)က သတိေပးခဲ့ၿပီး ၎ရဲ႕တိုက္ခိုက္ေရးသမားမ်ားမွာ ခဲယမ္းမီးေက်ာက္မ်ား ခ်ိဳ႕တဲ့ေနျခင္းအတြက္ အျပစ္တင္ခဲ့ပါတယ္။
Wagner စစ္တပ္ဟာ တိုက္ပြဲရဲ႕ ဗဟိုခ်က္ျဖစ္တဲ့ ယူကရိန္းအေရွ႕ဘက္ ဘက္ခ္မက္မွာ ႐ုရွားရဲ႕တိုက္ခိုက္မႈကို လအေတာ္ၾကာေအာင္ ဦးေဆာင္ခဲ့ပါတယ္။ ပရီေဂၚခ်င္ဟာ သမၼတ ဗလာဒီမာပူတင္ရဲ႕ မဟာမိတ္ျဖစ္ေသာ္လည္း ပုဂၢလိက စစ္ဘက္အဖြဲ႕ ေခါင္းေဆာင္အျဖစ္ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ အာဏာလြန္ဆြဲပြဲမ်ားမွာ ပါဝင္ခဲ့ပါတယ္။
"ကြၽႏ္ုပ္တို႔ (Wagner) မွာ က်ည္ဆန္ပမာဏဟာ လိုအပ္ေနတဲ့ ပမာဏရဲ႕ ၁ဝ - ၁၅ ရာခိုင္ႏႈန္းသာ ရွိတယ္" လို႔ ႐ုရွားစစ္တပ္ေခါင္းေဆာင္မႈကို အျပစ္တင္ကာ ၎က ေျပာၾကားခဲ့ပါတယ္။
ဒါဟာ ႐ုရွား ကရင္မလင္ကို ေထာက္ခံတဲ့ စစ္သတင္းေထာက္ ဆမ္႐ြန္ပီေဂါ့ဗ္ နဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ သူေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ပရီေဂၚခ်င္က လာမယ့္ ေမလလယ္မွာ ယူကရိန္းဘက္မွ တန္ျပန္တိုက္ခိုက္မႈ ျပဳလုပ္လာမယ္လို႔ ခန္႔မွန္းထားေၾကာင္း ေျပာၾကားခဲ့ၿပီး "ဒီထိုးစစ္က ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ ေၾကကြဲစရာတစ္ခု ျဖစ္လာႏိုင္တယ္” လို႔ ၎က ဆိုပါတယ္။ ယူကရိန္းကလည္း ကာလၾကာရွည္ ေမွ်ာ္လင့္ထားတဲ့ တန္ျပန္ထိုးစစ္အတြက္ ျပင္ဆင္မႈမ်ား အၿပီးသတ္လုပ္ေဆာင္ေနတယ္လို႔ မၾကာေသးမီက ေျပာၾကားခဲ့ပါတယ္။
တနဂၤေႏြေန႔က ႐ုရွားႏိုင္ငံအေနာက္ပိုင္း ဘရန္နက္ခ္ေဒသ အုပ္ခ်ဳပ္ေရးမႉးက ယူကရိန္းနယ္စပ္ရွိ ႐ြာတစ္႐ြာကို ပစ္ခတ္ခဲ့ရာ လူေလးဦး ေသဆုံးၿပီး အျခားႏွစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ တနဂၤေႏြေန႔ကပဲ ေမာ္စကို သိမ္းပိုက္ထားတဲ့ ခ႐ိုင္းမီးယားက ေလာင္စာဆီ သိုေလွာင္႐ုံကို သံသယရွိတဲ့ ဒ႐ုန္းတစ္စီး ဝင္တိုက္ခဲ့တယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချပ်သင်းစခန်းအား PDF ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် အိမ်ခြေနှင့် အဆောက်အဦးပေါင်း (၁ဝဝ)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ