ညောင်ဦးမြို့တွင် မီးရထားစက်ခေါင်းနှင့် မော်တော်ယာဉ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး(၃)ဦးအပါအဝင် (၅)ဦး ထိခိုက်ဒဏ်ရာရရှိ
NP News - ဒီဇင်ဘာ ၂၇
မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် မီးရထားစက်ခေါင်းနှင့် မော်တော်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂၆ရက်)၊ ည(၆)နာရီခွဲအချိန်ခန့်တွင် ညောင်ဦးမြို့နယ်ရှိ လက်ဝဲကျေးရွာသို့သွားသော လက်ဝဲကျေးရွာ လမ်းခွဲတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမှ ပုဂံသို့ မောင်းနှင်လာသော မီးရထားစက်ခေါင်းနှင့် တောင်ကြီးမှ လက်ဝဲရွာသို့ သွားရန် မောင်းလာသည့် HIAce အမျိုးအစား (အဖြူရောင်)ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနမှ ဆိုထားသည်။
အဆိုပါယာဉ်တိုက်မှုအား ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည(၈)နာရီအချိန်ခန့်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်(၁၁)ဦးအနက် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာနမှ ဆိုထားသည်။
ထို့ကြောင့် ၎င်းတို့အား ဆေးကုသနိုင်ရန် ညောင်ဦးခရိုင် အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
zawgyi version
ေညာင္ဦးၿမိဳ႕တြင္ မီးရထားစက္ေခါင္းႏွင့္ ေမာ္ေတာ္ယာဥ္တို႔ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ရာ အမ်ိဳးသမီး(၃)ဦးအပါအဝင္ (၅)ဦး ထိခိုက္ဒဏ္ရာရရွိ
NP News - ဒီဇင္ဘာ ၂၇
မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕တြင္ မီးရထားစက္ေခါင္းႏွင့္ ေမာ္ေတာ္ယာဥ္တို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၂၆ရက္)၊ ည(၆)နာရီခြဲအခ်ိန္ခန႔္တြင္ ေညာင္ဦးၿမိဳ႕နယ္ရွိ လက္ဝဲေက်း႐ြာသို႔သြားေသာ လက္ဝဲေက်း႐ြာ လမ္းခြဲတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေတာင္တြင္းႀကီးမွ ပုဂံသို႔ ေမာင္းႏွင္လာေသာ မီးရထားစက္ေခါင္းႏွင့္ ေတာင္ႀကီးမွ လက္ဝဲ႐ြာသို႔ သြားရန္ ေမာင္းလာသည့္ HIAce အမ်ိဳးအစား (အျဖဴေရာင္)ယာဥ္တို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း မီးသတ္ဌာနမွ ဆိုထားသည္။ အဆိုပါယာဥ္တိုက္မႈအား ေညာင္ဦးခ႐ိုင္မီးသတ္စခန္းႏွင့္ ေညာင္ဦးၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ယာဥ္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ ည(၈)နာရီအခ်ိန္ခန႔္တြင္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ၿပီးစီးခဲ့ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈေၾကာင့္ ကားေပၚတြင္ လိုက္ပါလာေသာ ခရီးသည္(၁၁)ဦးအနက္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦး စုစုေပါင္း(၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း မီးသတ္ဌာနမွ ဆိုထားသည္။
ထို႔ေၾကာင့္ ၎တို႔အား ေဆးကုသႏိုင္ရန္ ေညာင္ဦးခ႐ိုင္ အမွတ္(၅) အရန္မီးသတ္တပ္ဖြဲ႕ပိုင္ လူနာတင္ယာဥ္ျဖင့္ ေညာင္ဦးခ႐ိုင္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Light Truck ကားတစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျရာ ကားပေါ်တွင် လိုက်ပါလာသူ (၆)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း