Light Truck ကားတစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျရာ ကားပေါ်တွင် လိုက်ပါလာသူ (၆)ဦး ထိခိုက်ဒဏ်ရာရရှိ
NP News - ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့တွင် Light Truck ကားတစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျရာ ကားပေါ်တွင် လိုက်ပါလာသူ (၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၇ ရက်)၊ နံနက်(၈)နာရီခွဲအချိန်ခန့်တွင် ဟိုပုံးမြို့ရှိ မိုင်တိုင်အမှတ်(၁၃၆/၆)နှင့် (၁၃၆/၇)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ မိုင်တိုင်အမှတ် (၁၃၆/၆)နှင့် (၁၃၆/၇)တွင် Light Truck(အဖြူရောင်) ယာဉ်သည် ဘရိတ်ပေါက်၍ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ ဆိုသည်။
ဖြစ်စဉ်အား ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၁)ဦးအနက် အမျိုး သား(၂)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဟိုပုံးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
zawgyi version
NP News - ဒီဇင်ဘာ ၂၇
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"ကမ္ဘာ့အရပ်အပုဆုံးအဖြစ် စံချိန်သစ် ချိုးလိုက်တဲ့ အီရန်နိုင်ငံသား " (ထူးခြားသုတဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း