ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံ၌ ပိတ်မိနေသော မြန်မာနိုင်ငံသားအမျိုးသမီးကို မြန်မာသံရုံးကယ်တင်
စော (NP News) - မေ ၁
ဆူဒန်နိုင်ငံ၊ ခါတွန်မြို့တွင် စစ်ပွဲကြောင့် ပိတ်မိသွားသော မြန်မာနိုင်ငံသားအမျိုးသမီးကို ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးမှ ကယ်တင်လိုက်ကြောင်း သိရသည်။
ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့ (ဧပြီလ ၃ဝ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသူ မလယ်မယ်မီးသည် ၎င်း၏အိမ်ရှင်နှင့်အတူ ဆူဒန်နိုင်ငံ ၊ ခါတွန်မြို့သို့ အားလပ်ရက်ခရီးထွက်လာခဲ့ကြောင်း သိရသည်။
ထို့သို့ ရောက်ရှိနေစဉ် မြန်မာနိုင်ငံသူ မလယ်မယ်မီးသည် စစ်မက်ဘေးနှင့် ကြုံတွေ့ကာ Port Sudan မြို့တွင် ပိတ်မိခဲ့ကြောင်းကို သံရုံးမှ ဧပြီလ (၂၆)ရက် ညပိုင်းတွင် သိရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် သံရုံးအနေဖြင့် ၎င်းအား ကယ်ဆယ်နိုင်ရေးအတွက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဆူဒန်နိုင်ငံရှိ စစ်ဘေးအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးအတွက် ဆော်ဒီနိုင်ငံမှ ဖွဲ့စည်းထားသည့် Emergency Crisis Management Team တို့ကို ဆက်သွယ်ကာ သူမအား ကယ်ဆယ်ရေးသင်္ဘောဖြင့် လိုက်ပါခွင့်ရရှိရေးအတွက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သံရုံးက ဆိုသည်။
ထို့ကြောင့် မလယ်မယ်မီးသည် ဆူဒန်နိုင်ငံ Port Sudan မြို့မှ ဂျက်ဒါမြို့သို့ ဧပြီလ(၂၉) ရက် ညပိုင်းတွင်ရောက်ရှိလာခဲ့ပြီး ၎င်းမှတစ်ဆင့် သူမ၏လုပ်ငန်းခွင်ရှိရာ ဒူဘိုင်းမြို့သို့ ခရီးဆက်လက်ထွက်ခွာနိုင်ရေးအတွက် ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ရီရတ်ဒ်မြို့ ၊ မြန်မာသံရုံးအနေဖြင့် နိုင်ငံသားများအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား အခက်အခဲများကြုံတွေ့ရပါက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
zawgyi version
ျပည္တြင္းစစ္ျဖစ္ပြားေနသည့္ ဆူဒန္ႏိုင္ငံ၌ ပိတ္မိေနေသာ ျမန္မာႏိုင္ငံသားအမ်ိဳးသမီးကို ျမန္မာသံ႐ုံးကယ္တင္
ေစာ (NP News) - ေမ ၁
ဆူဒန္ႏိုင္ငံ၊ ခါတြန္ၿမိဳ႕တြင္ စစ္ပြဲေၾကာင့္ ပိတ္မိသြားေသာ ျမန္မာႏိုင္ငံသားအမ်ိဳးသမီးကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံ၊ ရီရတ္ဒ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ကယ္တင္လိုက္ေၾကာင္း သိရသည္။
ရီရတ္ဒ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယမန္ေန႔ (ဧၿပီလ ၃ဝ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ယူေအအီးႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသူ မလယ္မယ္မီးသည္ ၎၏အိမ္ရွင္ႏွင့္အတူ ဆူဒန္ႏိုင္ငံ ၊ ခါတြန္ၿမိဳ႕သို႔ အားလပ္ရက္ခရီးထြက္လာခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ေရာက္ရွိေနစဥ္ ျမန္မာႏိုင္ငံသူ မလယ္မယ္မီးသည္ စစ္မက္ေဘးႏွင့္ ႀကဳံေတြ႕ကာ Port Sudan ၿမိဳ႕တြင္ ပိတ္မိခဲ့ေၾကာင္းကို သံ႐ုံးမွ ဧၿပီလ (၂၆)ရက္ ညပိုင္းတြင္ သိရွိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေနာက္ သံ႐ုံးအေနျဖင့္ ၎အား ကယ္ဆယ္ႏိုင္ေရးအတြက္ ေဆာ္ဒီႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ဆက္သြယ္ခဲ့ေၾကာင္း သိရသည္။
ဆက္လက္ၿပီး ဆူဒန္ႏိုင္ငံရွိ စစ္ေဘးအတြင္း ပိတ္မိေနသူမ်ားအား ကယ္ဆယ္ေရးအတြက္ ေဆာ္ဒီႏိုင္ငံမွ ဖြဲ႕စည္းထားသည့္ Emergency Crisis Management Team တို႔ကို ဆက္သြယ္ကာ သူမအား ကယ္ဆယ္ေရးသေဘၤာျဖင့္ လိုက္ပါခြင့္ရရွိေရးအတြက္ ညႇိႏႈိင္းႏိုင္ခဲ့ေၾကာင္း သံ႐ုံးက ဆိုသည္။
ထို႔ေၾကာင့္ မလယ္မယ္မီးသည္ ဆူဒန္ႏိုင္ငံ Port Sudan ၿမိဳ႕မွ ဂ်က္ဒါၿမိဳ႕သို႔ ဧၿပီလ(၂၉) ရက္ ညပိုင္းတြင္ေရာက္ရွိလာခဲ့ၿပီး ၎မွတစ္ဆင့္ သူမ၏လုပ္ငန္းခြင္ရွိရာ ဒူဘိုင္းၿမိဳ႕သို႔ ခရီးဆက္လက္ထြက္ခြာႏိုင္ေရးအတြက္ ရီရတ္ဒ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ စီစဥ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ရီရတ္ဒ္ၿမိဳ႕ ၊ ျမန္မာသံ႐ုံးအေနျဖင့္ ႏိုင္ငံသားမ်ားအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ရန္ တာဝန္ရွိၿပီး အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ား၌ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားအား အခက္အခဲမ်ားႀကဳံေတြ႕ရပါက ကူညီေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးအလုပ်သမားများကို ထိရောက်စွာ ကာကွယ်ပေးရန် ဆောင်ရွက်နေဟု နစကဥက္ကဋ္ဌပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း