ကလေးအလုပ်သမားများကို ထိရောက်စွာ ကာကွယ်ပေးရန် ဆောင်ရွက်နေဟု နစကဥက္ကဋ္ဌပြော
ယွန်း (NP News) - မေ ၁
အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများကို သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(မေလ ၁ ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
ကလေးအလုပ်သမားများအဖြစ် ခိုင်းစေမှု အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရေးနှင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ် သမားများကို ထိရောက်စွာကာကွယ်ပေးရန် ဆောင်ရွက်နေကြာင်း နစကဥက္ကဋ္ဌမှ ဆိုသည်။
အလားတူ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများကိုလည်း သင့်တော်ကောင်းမွန်သည့် အလုပ်ရရှိရန် နှင့် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရန် လုပ်ငန်းစဥ်များ ချမှတ်ထားကြောင်း သိရသည်။
နိုင်ငံတော်အတွင်း လုပ်သားအခြေပြုဆောင်ရွက်ရသည့် အထည်ချုပ်လုပ်ငန်း အပါအဝင် စက်ရုံ၊ အလုပ်ရုံများ စဥ်ဆက်မပြတ်လုပ်ငန်းလည်ပတ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရှိ အလုပ်သမားများ အလုပ်အကိုင်ရရှိရေးအတွက်လည်း ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များကို ဆောင်ရွက်ခွင့်ပြုထားကြောင်း နစကဥက္ကဋ္ဌမှ ဆိုသည်။
အလားတူ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများကိုလည်း သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ ရရှိနိုင်ရန် မြန်မာအလုပ်သမားများ အများဆုံးသွားရောက် အလုပ်လုပ်သည့် ထိုင်း၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး အလုပ်သမားဆေးရုံကြီး(၃)ခု၊ လူမှုဖူလုံရေးဆေး ခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၈)ခန်း၊ တိုင်းရင်းသားဆေးခန်း (၁)ခန်း၊ ပုဂ္ဂလိက ဆေး ရုံဆေးခန်း (၃၆)ခန်း၊ ရွေ့လျားဆေးကုသယာဥ် (၂)စီး တို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
zawgyi version
ကေလးအလုပ္သမားမ်ားကို ထိေရာက္စြာ ကာကြယ္ေပးရန္ ေဆာင္႐ြက္ေနဟု နစကဥကၠ႒ေျပာ
ယြန္း (NP News) - ေမ ၁
အႏၲရာယ္ရွိသည့္ လုပ္ငန္းခြင္မ်ားတြင္ လုပ္ကိုင္ေနရသည့္ ကေလးအလုပ္သမားမ်ားကို သင့္ေတာ္ေကာင္းမြန္သည့္ အလုပ္အကိုင္ရရွိရန္ ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔(ေမလ ၁ ရက္)တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔ အခမ္းအနားသို႔ သဝဏ္လႊာေပးပို႔ရာတြင္ အထက္ပါကဲ့သို႔ ေျပာဆိုထားျခင္းျဖစ္သည္။
ကေလးအလုပ္သမားမ်ားအျဖစ္ ခိုင္းေစမႈ အထူးသျဖင့္ အဆိုး႐ြားဆုံးပုံစံျဖင့္ ခိုင္းေစမႈမ်ား ေလ်ာ့နည္းပေပ်ာက္ေစေရးႏွင့္ တရားဝင္ အလုပ္လုပ္ကိုင္ခြင့္ရွိသည့္ ကေလးအလုပ္ သမားမ်ားကို ထိေရာက္စြာကာကြယ္ေပးရန္ ေဆာင္႐ြက္ေနၾကာင္း နစကဥကၠ႒မွ ဆိုသည္။
အလားတူ အႏၲရာယ္ရွိသည့္ လုပ္ငန္းခြင္မ်ားတြင္ လုပ္ကိုင္ေနရသည့္ ကေလးအလုပ္သမားမ်ားကိုလည္း သင့္ေတာ္ေကာင္းမြန္သည့္ အလုပ္ရရွိရန္ ႏွင့္ သက္ေမြးပညာသင္တန္းမ်ား တက္ေရာက္ႏိုင္ရန္ လုပ္ငန္းစဥ္မ်ား ခ်မွတ္ထားေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အတြင္း လုပ္သားအေျချပဳေဆာင္႐ြက္ရသည့္ အထည္ခ်ဳပ္လုပ္ငန္း အပါအဝင္ စက္႐ုံ၊ အလုပ္႐ုံမ်ား စဥ္ဆက္မျပတ္လုပ္ငန္းလည္ပတ္ႏိုင္ေရးကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျပည္တြင္းရွိ အလုပ္သမားမ်ား အလုပ္အကိုင္ရရွိေရးအတြက္လည္း ကုန္ၾကမ္းယူ ကုန္ေခ်ာေပး လက္ခစားလုပ္ငန္းမ်ားကို ႏိုင္ငံျခားကုမၸဏီမ်ားႏွင့္ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားကို ေဆာင္႐ြက္ခြင့္ျပဳထားေၾကာင္း နစကဥကၠ႒မွ ဆိုသည္။
အလားတူ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္ သမားမ်ားကိုလည္း သက္ဆိုင္ရာႏိုင္ငံမ်ား၏ ဥပေဒႏွင့္အညီ ရပိုင္ခြင့္မ်ား ရရွိႏိုင္ရန္ ျမန္မာအလုပ္သမားမ်ား အမ်ားဆုံးသြားေရာက္ အလုပ္လုပ္သည့္ ထိုင္း၊ မေလးရွားႏွင့္ ကိုရီးယားႏိုင္ငံမ်ားတြင္ အလုပ္သမားသံအရာရွိမ်ား ခန႔္အပ္ထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံရွိ အလုပ္သမားမ်ား၏ လူမႈဘဝလုံၿခဳံေရးႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူျဖစ္ေစရန္ ရည္႐ြယ္ၿပီး အလုပ္သမားေဆး႐ုံႀကီး(၃)ခု၊ လူမႈဖူလုံေရးေဆး ခန္း (၉၆)ခန္း၊ ဌာနႀကီးေဆးခန္း (၅၈)ခန္း၊ တိုင္းရင္းသားေဆးခန္း (၁)ခန္း၊ ပုဂၢလိက ေဆး ႐ုံေဆးခန္း (၃၆)ခန္း၊ ေ႐ြ႕လ်ားေဆးကုသယာဥ္ (၂)စီး တို႔ျဖင့္ အာမခံအလုပ္သမားမ်ားအား ေဆးကုေပးျခင္းႏွင့္ ေငြေၾကးအက်ိဳးခံစားခြင့္မ်ား ထုတ္ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးလ်က္ရွိသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညောင်လေးပင်-မဒေါက်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း