သီရိမန္တလာကားဝန်းရှိ ကမ္မရာဇာခရီးသည်တင်ယာဉ်ပေါ်၌ အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိ
Pearl (NP News) - မေ ၁
မန္တလေးမြို့၊ သီရိမန္တလာကားဝန်းတွင် ကမ္မရာဇာခရီးသည်တင်ယာဉ်ပေါ်၌ အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိကြောင်း မဏိစလ လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
အဆိုပါအလောင်းအား ယနေ့ (မေလ ၁ ရက်)၊ နံနက် (၂)နာရီခွဲအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းရှိ သီရိမန္တလာကားဝန်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားဝန်းရှိ ကမ္မရာဇာခရီးသည်တင်ယာဉ်ပေါ်၌ အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အဆိုပါလူမှုကူညီရေးအသင်းမှ ဆိုသည် ။
"ဒီနေ့ မနက်က ဖြစ်တာပါ။ သူက ဘာအလုပ်လုပ်လဲတော့ ကျွန်တော်လဲ သေချာမသိဘူး။ Dead Body ကိုတော့ မန္တလေးဆေးရုံ ရင်ခွဲကိုပို့ပေးထားတယ်" ဟု မဏိစလ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
အဆိုပါ သေဆုံးသူအမျိုးသားသည် ကိုကိုဦး (၃၂)နှစ်ဖြစ်ပြီး လက်ရှိတွင် ၎င်း၏ရုပ်အ လောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
Pearl (NP News) - မေ ၁
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံ၌ ပိတ်မိနေသော မြန်မာနိုင်ငံသားအမျိုးသမီးကို မြန်မာသံရုံးကယ်တင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း