လျှပ်စစ်ကားနှင့် အားသွင်းစက်များ ဝယ်ယူသုံးစွဲရာ၌ စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်ကြောင်း နစကကြေညာ
မျိုးကြီး (NP News) - ဧပြီ ၃ဝ
လျှပ်စစ်ကားနှင့် အားသွင်းစက်များ ဝယ်ယူသုံးစွဲရာ၌ စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်ကြောင်း နစက၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အသိပေး ကြေညာထားသည်။
စားသုံးသူရေးရာဦးစီးဌာနက ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
လျှပ်စစ်ကားများ(EV)နှင့် အားသွင်းစက် (Charger)များအား ဝယ်ယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ်(၁၅၃၅)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဦးစီးဌာနက ဆိုသည်။
ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်အပြည့်အဝရရှိစေရေး နှင့် နစ်နာဆုံးရှုံးမှုများအား ကုစားပေးရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC) ရုံးပေါင်း (၄၈)ရုံးကို စားသုံးသူရေးရာဦးစီးဌာနက ဖွင့်လှစ်ထားကြောင်း သိရသည်။
ထို့ပြင် ၎င်းကဲ့သို့ ဖွင့်လှစ်ထားသည့်အပြင် Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ ဆက်သွယ်ခေါ်ဆိုကာ စုံစမ်းမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းတို့ကိုလည်း လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များနှင့်ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးကာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ပြည်တွင်းကုမ္ပဏီများအနေဖြင့် ပြည်ပမှတစ်ဆင့် လျှပ်စစ်ကားများကို တင်သွင်းခွင့်ပြုထားပြီး လျှပ်စစ်ကားနှင့်ဆက်စပ်ပစ္စည်းများအပေါ်တွင် အခွန်ကင်းလွတ်ခွင့်များ ပေးထားကြောင်း သိရသည်။
zawgyi version
လွ်ပ္စစ္ကားႏွင့္ အားသြင္းစက္မ်ား ဝယ္ယူသုံးစြဲရာ၌ စိတ္ေက်နပ္မႈ မရွိပါက တိုင္ၾကားႏိုင္ေၾကာင္း နစကေၾကညာ
မ်ိဳးႀကီး (NP News) - ဧၿပီ ၃ဝ
လွ်ပ္စစ္ကားႏွင့္ အားသြင္းစက္မ်ား ဝယ္ယူသုံးစြဲရာ၌ စိတ္ေက်နပ္မႈ မရွိပါက တိုင္ၾကားႏိုင္ေၾကာင္း နစက၏ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးသူေရးရာဦးစီးဌာနက အသိေပး ေၾကညာထားသည္။
စားသုံးသူေရးရာဦးစီးဌာနက ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
လွ်ပ္စစ္ကားမ်ား(EV)ႏွင့္ အားသြင္းစက္ (Charger)မ်ားအား ဝယ္ယူသုံးစြဲရာတြင္ စိတ္ေက်နပ္မႈမရွိျခင္းႏွင့္ နစ္နာဆုံးရႈံးမႈမ်ားရွိပါက စားသုံးသူေရးရာဦးစီးဌာန၏ Consumer Call Center ဖုန္းနံပါတ္(၁၅၃၅)သို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း ဦးစီးဌာနက ဆိုသည္။
ဦးစီးဌာနအေနျဖင့္ စားသုံးသူျပည္သူမ်ားအတြက္ စားသုံးသူအခြင့္အေရးမ်ား အျပည့္အဝရရွိေစေရး၊ ေဘးအႏၲရာယ္ကင္းရွင္းေရး၊ စိတ္ေက်နပ္မႈရရွိေစေရး၊ အာမခံခ်က္အျပည့္အဝရရွိေစေရး ႏွင့္ နစ္နာဆုံးရႈံးမႈမ်ားအား ကုစားေပးေရးတို႔ကို ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။
ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္မ်ားတြင္ စားသုံးသူသတင္းျပန္ၾကားေရးႏွင့္ တိုင္ၾကားမႈလက္ခံေဆာင္႐ြက္ေရး စင္တာ(CICC) ႐ုံးေပါင္း (၄၈)႐ုံးကို စားသုံးသူေရးရာဦးစီးဌာနက ဖြင့္လွစ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ၎ကဲ့သို႔ ဖြင့္လွစ္ထားသည့္အျပင္ Consumer Call Center ဖုန္းနံပါတ္ ၁၅၃၅ သို႔ ဆက္သြယ္ေခၚဆိုကာ စုံစမ္းေမးျမန္းျခင္း၊ နစ္နာဆုံးရႈံးမႈမ်ားအတြက္ တိုင္ၾကားျခင္းတို႔ကိုလည္း လက္ခံေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။
လက္ရွိ နစကအစိုးရလက္ထက္တြင္ ျပည္တြင္း၌ လွ်ပ္စစ္သုံးယာဥ္မ်ားႏွင့္ဆက္စပ္ပစၥည္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဦးစားေပးကာ လုပ္ေဆာင္လ်က္ရွိသည္ကို ေတြ႕ရွိရသည္။
ျပည္တြင္းကုမၸဏီမ်ားအေနျဖင့္ ျပည္ပမွတစ္ဆင့္ လွ်ပ္စစ္ကားမ်ားကို တင္သြင္းခြင့္ျပဳထားၿပီး လွ်ပ္စစ္ကားႏွင့္ဆက္စပ္ပစၥည္းမ်ားအေပၚတြင္ အခြန္ကင္းလြတ္ခြင့္မ်ား ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုဒုံမြို့၊ အသောကာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော်မှ မာရဝိဇယစေတီတော်ကြီးအတွက် ကျောက်သံပတ္တမြား(၂၆)မျိုးကို လှူဒါန်း
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း