အကြိမ်(၅ဝ)မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း(၅ဝဝဝ)နီးပါး ရရှိထား
ယွန်း (NP News) - ဧပြီ ၃ဝ
အကြိမ်(၅ဝ)မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း(၅ဝဝဝ)နီးပါး ရရှိထားကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့(ဧပြီလ ၃ဝ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
မနက်ဖြန် (မေလ ၁ ရက်)တွင် ကျင်းပမည့် အကြိမ်(၅ဝ)မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာ မှ အစဥ်လိုက် “ဆ”အက္ခရာအထိ စုစုပေါင်းအက္ခရာ(၇)လုံးတွင် ထီစာအုပ်(၄၇၈၂ဝ၅) အုပ်ရောင်းချထားခဲ့ကြောင်း သိရသည်။
ထီလက်မှတ်ရောင်းချရငွေသည် ကျပ်သန်း(၄၇၈၂ ဒသမ ဝ၅ဝ)ရရှိထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထီလက်မှတ်ရောင်းရငွေများထဲမှ (၇ဝ) ရာခိုင်နှုန်းကို ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်သည့်အတွက် ထီဆုငွေသည် ငွေကျပ်သန်း(၃၃၄၇ ဒသမ ၄၃၅)ဖြစ်ကြောင်း သိရသည်။
အကြိမ်(၅ဝ)မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်ချီးမြှင့်မည့် အထူး ဆုသည် ငွေကျပ်သိန်း(၅ဝဝဝ)တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုသာဖြစ်ကြောင်း သိရသည်။
အဆိုပါ ထီဖွင့်ပွဲကို မနက်ဖြန်(မေလ ၁ ရက်) ၊ နံနက်(၈)နာရီအချိန်တွင် အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။
zawgyi version
အႀကိမ္(၅ဝ)ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲအတြက္ ထီလက္မွတ္ေရာင္းရေငြ က်ပ္သန္း(၅ဝဝဝ)နီးပါး ရရွိထား
ယြန္း (NP News) - ဧၿပီ ၃ဝ
အႀကိမ္(၅ဝ)ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲအတြက္ ထီလက္မွတ္ေရာင္းရေငြ က်ပ္သန္း(၅ဝဝဝ)နီးပါး ရရွိထားေၾကာင္း သိရသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ယေန႔(ဧၿပီလ ၃ဝ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
မနက္ျဖန္ (ေမလ ၁ ရက္)တြင္ က်င္းပမည့္ အႀကိမ္(၅ဝ)ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲအတြက္ ထီလက္မွတ္မ်ားကို “က” အကၡရာ မွ အစဥ္လိုက္ “ဆ”အကၡရာအထိ စုစုေပါင္းအကၡရာ(၇)လုံးတြင္ ထီစာအုပ္(၄၇၈၂ဝ၅) အုပ္ေရာင္းခ်ထားခဲ့ေၾကာင္း သိရသည္။
ထီလက္မွတ္ေရာင္းခ်ရေငြသည္ က်ပ္သန္း(၄၇၈၂ ဒသမ ဝ၅ဝ)ရရွိထားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ထီလက္မွတ္ေရာင္းရေငြမ်ားထဲမွ (၇ဝ) ရာခိုင္ႏႈန္းကို ခြဲေဝခ်ီးျမႇင့္ေပးသြားမည္ျဖစ္သည့္အတြက္ ထီဆုေငြသည္ ေငြက်ပ္သန္း(၃၃၄၇ ဒသမ ၄၃၅)ျဖစ္ေၾကာင္း သိရသည္။
အႀကိမ္(၅ဝ)ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ အျမင့္ဆုံးေပးအပ္ခ်ီးျမႇင့္မည့္ အထူး ဆုသည္ ေငြက်ပ္သိန္း(၅ဝဝဝ)တစ္ဆုႏွင့္ က်ပ္သိန္း(၁ဝဝဝ)တစ္ဆုသာျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ထီဖြင့္ပြဲကို မနက္ျဖန္(ေမလ ၁ ရက္) ၊ နံနက္(၈)နာရီအခ်ိန္တြင္ အမွတ္(၃၈၄)၊ မဟာဗႏၶဳလလမ္းႏွင့္ (၃၇)လမ္းေထာင့္၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ေအာင္ဘာေလသိန္းဆုဌာနခြဲ၊ ထီဖြင့္ပြဲခန္းမတြင္ က်င္းပသြားမည္ျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ကားနှင့် အားသွင်းစက်များ ဝယ်ယူသုံးစွဲရာ၌ စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်ကြောင်း နစကကြေညာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း